ချင်းပြည်နယ်၊ ဟားခါးမြို့အခြေဆိုက် စကစ ၂၆၆ တပ်ရင်းမှ တပ်သား ၃ဦးနှင့် ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးတို့သည် လက်နက်နဲ့ စစ်အသုံးဆောင်ပစ္စည်းများနှင့် CDF-Zophei ထံသို့ အလင်း၀င်ခဲ့ကြကြောင်း သတင်းရရှိသည်။
စကစ ၂၆၆ တပ်ရင်းမှ တပ်သား ဇင်ကိုထက်၊ အောင်ဖြိုးမင်းနှင့် သက်နိုင်ထွန်းတို့သည် ယခုနှစ် စက်တင်ဘာလတွင် သေနက် ၂လက်၊ လက်ပစ်ဗုံး ၃ခုနှင့် ကျည်ဆံ ၇၀၀ကျော်ယူဆောင်ကာ CDF-Zophei ထံသို့ ခိုလှုံခဲ့ကြသည်။
ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား အောင်ထန်း လည်း G3 သေနက်တစ်လက်၊ ကျည်ဆံ ၁၃၀ ကျော်၊ ကြည်ကာတစ်စုံနှင့် အခြားရဲအသုံးအဆောင်ပစ္စည်းများနှင့် ယခုနှစ် နို၀င်ဘာလ ၁၅ရက်နေ့တွင် CDF-Zophei ထံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
CDM ပြုလုပ်ပြီး ပြည်သူနှင့်ပူးပေါင်းလာကြသည့် စကစ ၂၆၆ တပ်ရင်းမှ ရဲဘော် ၃ဦးအား ကျပ်သိန်း ၁၅၀ ဂုဏ်ပြုချီးမြှင့်ပြီး ရဲတပ်သား အောင်ထန်းကိုလည်း ကျပ်သိန်း ၈၀ ချီးမြှင့်ကာ ၎င်းတို့အားလုံးကို လုံခြုံသည့်နေရာသို့ ကောင်းမွန်စွာပို့ဆောင်ခဲ့ကြောင်း CDF-Zophei ပြန်ကြားရေးစင်တာမှ သိရပါတယ်။