စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန် လူနေအိမ် ၃လုံး မီးလောင်

ယနေ့ ဇန်နဝါရီ ၅ရက်၊ ညနေ့ပိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့တွင်း လူနေအိမ် ၃လုံး မီးလောင်သွားခဲ့ပါတယ်။

ညနေပိုင်း ၃နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စင်းဖြင့် ထန်တလန်မြို့၊ ကျောင်းရပ်ကွက် (Sianginn Sang) လူနေအိမ်များအပေါ်သို့ ၂ကြိမ် ဗုံးကြဲတိုက်မှုပြုလုပ်ခဲ့ပြီး ထန်တလန်မြို့အနီးက Vuichip တောင်ကိုလည်း တစ်ကြီမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယနေ့စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း CNA နှင့် CDF ပူးပေါင်းတပ်ဖက်က ထိခိုက်ကျဆုံးမှုမရှိဘူးလို့သိရပါတယ်။

နှစ်သစ်ကူး ပထမပတ်အတွင်း စစ်ကောင်စီတပ်က ထန်တလန်မြို့ရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်များကို လေကြောင်းနဲ့ နှစ်ကြီမ် ဗုံးကြဲတိုက်ခဲ့ပြီဖြစ်သည်။

ဇန်နဝါရီ ၁ရက်နေ့ ညပိုင်း ၁၀နာရီခန့်ကလည်း စစ်ကောင်စီတပ်က ထန်တလန်အနီးရှိ Vuichip တောင်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။