CDF-Hakha ဗဟိုကောင်စီရဲ့ ဒုတိယအကြီမ် လူထုညီလာခံကို စက်တင်ဘာလ ၂၁ရက်နေ့မှ ၂၂ရက်နေ့အထိကျင်းပခဲ့ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်တိုက်ပွဲ၀င်ရန် မူ၀ါဒနှင့် လမ်းစဉ်များချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
CDF-Hakha ဗဟိုကောင်စီရဲ့ ပထမအကြီမ် လူထုညီလာခံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၉ရက်နေ့၊ ၂၀၂၂ ခုနှစ်ကကျင်းပခဲ့ပြီး ယခုနှစ်ကျင်းပတဲ့ ဒုတိယအကြီမ် လူထုညီလာခံတွင် အရင် CDF-Hakha ကောင်စီ နာမည်ကို CDF-Hakha ဗဟိုကောင်စီဟု ပြောင်းလဲကာ ဗဟိုကောင်စီခေါင်းဆောင်များကို ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CDF-Hakha ဗဟိုကောင်စီရဲ့ ဒုတိယအကြီမ် လူထုညီလာခံတွင် ကိုယ်စားလှယ် ၃၅၈ဦး တက်ရောက်နိုင်ခဲ့ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းပတ်သက်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်လို့ ညီလာခံက ထုတ်ပြန်လိုက်ပါတယ်။
CDF-Hakha ဗဟိုကောင်စီရဲ့နယ်မြေများဖြစ်သော ဟားခါးမြို့နယ်အတွင်း ဇိုခွါဒေသ၊ ဆဲန်ထန်းဒေသ၊ မီဧဒေသနှင့် ဟားခါးမြို့ပေါ်တွင် အခြားသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သိုမဟုတ် လက်နက်ကိုင်အဖွဲ့များအား လက်မခံကြောင်းနှင့် ရည်မှန်းချက်တူသော ချင်းအမျိုးသားတပ်ဦး/တပ်မတော် (CNF/A)၊ CJDC၊ Chinland Council၊ NUG နှင့် အခြားသော တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်ပြီး တိုက်ပွဲ၀င်နေကြောင်း CDF-Hakha ဗဟိုကောင်စီက ထုတ်ပြန်ထားပါတယ်။
နွေဦးတော်လှန်ရေးတွင် အသတ်ပေးခဲ့ကြသော အာဇာနည်သူရဲကောင်းများနှင့် တော်လှန်ရေးတွင်ပေးဆပ်သူအားလုံးကို လေးစားဂုဏ်ပြုရင်း ပြည်သူတွေအားလုံးကလည်း မိမိတက်နိုင်သည့်ဖက်က နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါ၀◌င်ကြရန် CDF-Hakha ဗဟိုကောင်စီရဲ့က ဖိတ်ခေါ်လိုပ်ပါတယ်။