ချင်းပြည်နယ်၊ တွန်းဇံမြို့ အထက ကျောင်း၌ တပ်ဆွဲသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ ဇူလိုင် ၁၃ရက်နေ့ မနက်ပိုင်း ၁၀နာရီခန့်တွင် CDF-Tonzang တော်လှန်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စကစတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားချိန်ဟာ ကလေးတွေကျောင်းတက်နေချိန်ဖြစ်ပြီး ကလေးတွေထိခိုက်မှုမရှိအောင် အတက်နိုင်ဆုံးကြိုးစားတယ်လို့ CDF-Tonzang အတွင်းရေးမှူးက ပြောပါတယ်။
“စကစဖွင့်တဲ့ကျောင်းမှာ မတက်ကြဖို့ ကျနော်တို့ အကြီမ်ကြီမ် သတိပေးခဲ့ပါတယ်။ အခု ကျောင်းက စကစတွေကို ကျနော်တို့ သွားတိုက်တဲ့အချိန်မှာလည်း ကလေးတွေ ထိခိုက်မှုမရှိအောင် အတက်နိုင်ဆုံး ကြိုးစားတယ်။ ဘုရားရဲ့ကျေးဇူးတော်ကြောင့် ကလေးတစ်ယောက်မှ ထိခိုက်မှုမရှိဘူး။ ကျနော်တို့ တပ်ဖွဲ့၀င်တွေလည်း အထိအခိုက်မရှိ တပ်ဆုတ်နိုင်ခဲ့တယ် ” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲတွင် စကစတပ်သား တစ်ဦး သေဆုံးပြီး မောင်းပြန်သေနတ် တစ်လက်နဲ့ ၆၀မမ မော်တာတစ်လက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ CDF-Tongzang က ထုတ်ပြန်ပါတယ်။