ယနေ့ ဇန်နဝါရီ ၅ရက်၊ ညနေပိုင်း ၃နာရီခန့်တွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ထန်တလန်မြို့ကို ၃ကြီမ် ဗုံးကြဲတိုက်ခိုက်သွားကြောင်း သတင်းရရှိသည်။
“ထန်တလန်မြို့ထဲကို ၂ကြီမ် ဗုံးကြဲပြီးတော့ ထန်တလန်မြို့အနီးက Vuichip တောင်ကို နောက်တစ်တစ်ကြီမ် ကြဲသွားတယ်” လို့ အနီးနားရွာဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတိုက်လေယာဉ် တိုက်ခိုက်မှုအတွင်း CDF နှင့် CNA ပူးပေါင်းတပ်ဖွဲ့ဖက်က ထိခိုက်ကျဆုံးမှု ရှိမရှိ မသိရှိရသေးပေ။
ထန်တလန်မြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့ကစပြီး ယခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
ဇန်နဝါရီ ၁ရက်နေ့က ထန်တလန်မြို့တွင်း စစ်ကောင်စီတပ် အခြေဆိုက်သည့် နေရာတစ်ခုကို CDF နှင့် CNA ပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ည ၁၀နာရီခွဲခန့်တွင် ထန်တလန်မြို့အနီးရှိ Vuichip တောင်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ၂ကြီမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။