လက်နက်ကြီးကြောင့် သေဆုံးသွားသော ဘွန်လုံးရွာ ကလေးငယ် ၂ယောက်အား သင်္ဂြိုဟ်

အောက်တိုဘာ ၁၉ရက်နေ့က ဖြစ်ပွားသော ဟားခါးမြို့နယ်၊ ဆဲန်ထန်နယ်၊ ဘွန်လုံးကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသော သူငယ်တန်း ကလေးငယ် ၂ယောက်အား မနေ့ အောက်တိုဘာ ၂၀ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် ညနေပိုင်းကျောင်းဆင်းလာကြသော သူငယ်တန်းကျောင်းသား James Siang Za Uk နှင့် Henry Bawi Za Lian သေဆုံးခဲ့ပြီး ၎င်းတို့နဲ့အတူပြန်လာတဲ့ အတန်းတူ Nancy Ca Len Par လည်း နောက်ကြောတွင်ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူလျှက်ရှိသည်။

ရွာအတွင်းလက်နက်ကြီးကျရောက် ပေါက်ကွဲမှုမဖြစ်ခင် အရင်ရက်များတွင် ဘွန်လုံး‌ကျေးရွာအပေါ်သို့ စကစထောက်လှမ်းရေးဒရုန်း ပျံဝဲ‌ နေသည်ကို ရွာသားတွေက ၃ကြိမ်မကမြင်တွေ့ခဲ့ရကြောင်း ချင်းဂျာနယ်သို့ ပြောကြပါတယ်။

ဆဲန်ထန်နယ်ကို ကာကွယ်‌နေသော CDF-Hakha Battalion-2 (ဆဲန်ထန်တပ်ရင်း) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က “စစ်ကောင်စီတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဘွန်လုံးရွာ ကလေး နှစ်‌ယောက် သေဆုံးခြင်းဖြစ်ကြောင်း” ထုတ်ပြန်ကြသည်။

ကလေး နှစ်ယောက်သေဆုံးမှုကို လက်စားချေသည့်အနေဖြင့် ယနေ့ အောက်တိုဘာ ၂၁ရက်၊ မနက်ပိုင်း ၈နာရီခန့်တွင် CDF-Hakha Battalion-2 (ဆဲန်ထန်တပ်ရင်း) မှ ဟားခါးမြို့ ကျော်ဘုတ်စစ်‌ဆေးရေးဂိတ်ရှိ စကစတပ်သားများအား နာရီ၀က်ကြာ တိုက်ခိုက်ခဲ့ရာ စကစတပ်သား ၅ဦး ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။