ယနေ့ နံနက်ပိုင်း ၂နာရီခန့်တွင် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ လုံခြုံရေးတင်းကြပ်ထားသည့်စုပေါင်းရုံးအဆောက်အအုံ မီးလောင်သွားကြောင်း သတင်းရရှိသည်။
စုပေါင်းရုံးသည် မြို့နယ် လ၀က၊ မြို့နယ်ပညာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျေးလက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး စသည့် ဟားခါးမြို့နယ်ရုံးများ တစ်နေရာတည်းတွင် စုပေါင်းရုံးထိုင်သည့်နေရာဖြစ်ပြီး နံနက်ပိုင်း ၂နာရီခန့်က သေနက်ပစ်ခတ်သံတွေ ထွက်ပေါ်ပြီးနောက် မီးလောင်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“နံနက်ပိုင်း ၁နာရီနှင့် ၂နာရီကြားမှာ သေနက်ပစ်ခတ်သံနဲ့ ဗုံးပေါက်ကွဲသံတွေ ကျနော်တို့ကြားရတယ်။ ဒါပေမယ့် မြူတအားဆိုင်းလို့ ဘာမှမမြင်ရဘူး။ စုပေါင်းရုံးလောင်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စုပေါင်းရုံး၀န်ထမ်းတွေနဲ့ နီးစပ်သည့် ဟားခါးဒေသခံ တစ်ဦးက “မြို့နယ်ထွေအုပ်ရုံးခန်းနှင့် မြို့နည်စည်ပင်ရုံးခန်းလောင်သွားတယ်” လို့ ချင်းဂျာနယ်သို့ ပြောပါတယ်။
အခုမီးလောင်သွားသည့် စုပေါင်းရုံးသည် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားသည့် နေရာဖြစ်သည်။