အောက်တိုဘာ ၁၅ရက် နံနက်ပိုင်း ၄နာရီခန့်က ဟားခါးမြို့ ဟားခါးထာရ်ရပ်ကွက်ရှိ စစ်ကောင်စီတပ်သားများ တပ်ဆွဲထားသည့် ဟားခါးခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကား ၂စီး မီးလောင်သွားကြောင်းသ်ရပါတယ်။
သေနက်ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက် မီးသတ်ကားနှစ်စီး မီးလောင်ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူရှိမရှိမသိရပေ။
အခုရက်ပိုင်းအတွင်း ဟားခါးမြို့တွင်းနှင့် ဟားခါး-ထန်တလန်အကြားတွင် တိုက်ပွဲငယ်များ နေ့စဉ်ဆိုသလိုဖြစ်ပွားသည်။
မနေ့ အောက်တိုဘာ ၁၆ရက် နံနက်ပိုင်း ၅နာရီခန့်တွင် ဟားခါးမြို့ ၀န်ကြီးအိမ်ယာဖက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်က လက်နက်ကြီးများဖြင့် ၂၆၆ တပ်စခန်းကနေ ပစ်ကူပေးသလို စစ်ကားနှစ်စီးအပြည့် စစ်ကူများလည်း စေလွှတ်ခဲ့သည်။
အဆိုပါတိုက်ပွဲသည် ၄၅မီနစ်ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ယနေ့ အောက်တိုဘာ ၁၇ရက် နံနက်ပိုင်းတွင်လည်း ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်ဘက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။