ဟားခါး-ထန်တလန်ကြား စကစစစ်သား ၂၅ဦး ထက်မနည်း သေဆုံးဟု CNF ထုတ်ပြန်

အောက်တိုဘာ ၁၃ရက်မှ ၁၈ရက်နေ့အထိ ဟားခါး-ထန်တလန်အကြားတိုက်ပွဲတွင် စကစစစ်သား ၂၅ဦးထက်မနည်း သေဆုံးပြီး CNAနှင့် CDF ဖက်တွင် ၄‌ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ကထုတ်ပြန်သည်။

ဟားခါးမြို့မှ သီမစ်ချောင်းဖက်သို စစ်ကြောင်းထိုးလာသော စကစတပ်အား CNA, CDF-Hakha, CDF-Thantlang, CDF-Lautu, CDF-Mara နှင့် CDF-Zophei တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ထန်တလန်ဖက်ကနေ လာတဲ့ စကစစစ်ကူအင်အား ၄၀ခန့်ကိုလည်း ချင်းပူးပေါင်းတပ်က ကြားညှပ်တိုက်ခိုက်ရာ စကစမှ လေကြောင်းအကူအညီနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အောက်တိုဘာ ၁၃ရက် မှ ၁၈ရက်အတွင်းတိုက်ပွဲတွင် CNA ရဲဘော် ၃ဦးနှင့် CDF-Hakha ရဲဘော် ၁ဦး ကျဆုံးသွားကြပါတယ်။