၂၀၂၂ ခုနှစ်အတွင်း ချင်းဂျာနယ်သတင်းမှာ ဖော်ပြခဲ့တဲ့ ချင်းပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သော အပြစ်မဲ့ပြည်သူသေဆုံးမှု၊ နေအိမ်နဲ့ ဘုရားကျောင်းမီးရှိုဖျက်ဆီးခံရမှု၊ စစ်ဘေးရှောင်နှင့် စစ်ဘေးဒုက္ခသည်တွေနယ်စပ်ဖြက်ကျော်ထွက်ပြေးခဲ့ရသည့်သတင်းနှင့် အခြားမှတ်သားဖွယ်ရာသတင်းများကို စုစည်းတင်ပြထားတာဖြစ်ပါတယ်။
ချင်းဂျာနယ်မှာ တင်ဆက်ထာတဲ့သတင်းတွေသာ တင်ပြထားတာဖြစ်သည့်အတွက် ချင်းပြည်နယ်အတွင်းအခြားမြို့နယ်များက အဖြစ်ပျက်တွေကို လက်လှမ်းမမှီတာတွေလည်း ရှိနိုင်ပါတယ်။
အထူးသဖြင့် လစဉ်တိုက်ပွဲဖြစ်ပွားသည့်မြို့နယ်အပိုင်းမှာ မဖော်ပြမိတာတွေလည်း ရှိနိုင်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ၂၀၂၂ ခုနှစ်အတွင်း ချင်းပြည်သူတွေ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်များကို လစဉ်အလိုက် တင်ပြပေးပါတယ်။
ဇန်န၀ါရီ
ဇန်န၀ါရီ ၃ရက်နေ့မှာ ထန်တလန်မြို့တွင်း လူနေအိမ်တွေ ထပ်မံမီးရှို့ခံခဲ့ရပါတယ်။
ဇန်န၀ါရီ ၇ရက်နေ့တွင် မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက သတင်းထောက် ဉီးသွီးဒီမ် (၅၅)နှစ်နှင့် ၁၃နှစ်အရွယ် ကလေးတစ်ယောက် အပါအ၀င် စစ်ဘေးရှောင် ၁၀ဉီးကို လမ်းပြအဖြစ်ခေါ်ဆောင်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြပါတယ်။
ဇန်န၀ါရီ ၂၉ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် ဟိုင်မွာလ်ရွာသစ်နဲ့ တီယိုရွာအကြားတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တီယိုကျေးရွာဒေသခံတွေ မီဇိုရမ်ဖက်ခြမ်းကို ထွက်ပြေးကြပါတယ်။
ဇန်န၀ါရီလအတွင်းမှာ ကလေး-ချင်းတောင်လမ်း၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစန်းအနီးမှာ တိုက်ပွဲများပြင်းထန် ခဲ့ပါတယ်။
ဖေဖော်၀ါရီ
ကလေးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဖေဖော်၀ါရီ ၇ရက်နေ့ကစပြီး စစ်ဘေးရှောင်ပြည်သူတွေ ဟားခါးမြို့ကို စတင်ရောက်ရှိလာကြပါတယ်။
ဟားခါး-ဖလမ်းအကြား ဆိုင်ကယ်နဲ့ခရီးသွားတဲ့ ဆလိုင်တွာန်နိုက်ဆူမ် (၂၃) ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က လုံပီးကျေးရွာတွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။
ဖေဖော်၀ါရီလအတွင်း ချင်း-မကွေးနယ်စပ်မှာ PDF-SAW, CDF Kanpetlet, CNA ပူပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့သလို ဖေဖော်၀ါရီလကုန်ပိုင်းမှာ ဟားခါး-ဖလမ်းအကြားတွင်လည်း ချင်းပြည်နယ်အတွင်း အပြင်းထန်ဆုံးတိုက်ပွဲတွေ စတင်ခဲ့ပါတယ်။
မတ်လ
မတ်လအတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၂ရက်နေ့မှာ ဟားခါး-ဖလမ်းအကြား ဒိုထက်ကျေးရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့ရာ ရွာသားတွေတောတောင်ထဲကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။
မတ်လ ၄ရက်နေ့မှာ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာသား ဦးရွန်ဟူး (၄၉)နှစ်အား စစ်ကောင်စီတပ်သားများက ရွာအတွင်း၌ ပစ်သတ်ခဲ့ကြပြီး လူနေအိမ် ၁၀၀ ကျော်ကို ဖောက်ထွင်းကာ ပစ္စည်းအများအပြားခိုးယူသွားခဲ့ကြပါတယ်။
မတ်လ ၆ရက်နေ့တွင် ဟားခါးစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဟားခါးမြို့အနီး နှာရီယာလောန်ထာရ်ကျေးရွာတွင် လူနေအိမ် ၂လုံးမီးလောင်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
မတ်လ ၁၆ရက်နေ့မှာ စစ်ကောင်စီလက်ကြီပစ်ခတ်မှုကြောင့် ကန်ပက်လက်မြို့နယ်မှာ အသက် ၅၀ ကျော် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။
မတ် ၁၇ ရက်နေ့ကစပြီး ဟားခါး-ဂန့်ဂေါ်လမ်းမှာ တိုက်ပွဲတွေဖြစ်ပွားလို့ ကျေးရွာ ၆ရွာမှပြည်သူများ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
မတ်လ ၂၈ရက်နေ့တွင် သီနမ်ရွာ လူနေအိမ် ၉လုံးအား စစ်ကောင်စီတပ်သားတွေက မီးရှို့သွားခဲ့သည့်အပြင် ရွာဗန်ကျေးရွာလူနေအိမ်မျာအား ဖောက်ထွင်းခိုးယူခဲ့ကြပါတယ်။
မတ်လအတွင်း ဟားခါးမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်-မတူပီအကြား၊ အိန္ဒိယ-မြန်မာနယ်စပ် ရိစ်ခေါ်ဒါရ်နှင့် ပလက်၀မြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဧပြီလ
ဧပြီလအတွင်းမှာ ထန်တလန်မြို့နှင့် ဟားခါးမြို့နယ်မှာ တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။
မေလ
မေလ ၄ရက်တွင် ဟားခါး-ဖလမ်းအကြား ရမ်ထလိုကျေးရွာ နေအိမ် ၁၀လုံးနှင့် မေလ၅ရက်နေ့တွင် တလန်ဇာရ်ကျေးရွာ နေအိမ် ၉လုံးခန့်အား စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့ကြပါတယ်။ ရွာသားအားလုံး တောတောင်ထဲ ထွက်ပြေးခဲ့ကြပါတယ်။
မေလအတွင်းမှာ ဟားခါး-ဖလမ်းအကြားမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ထန်တလန်မြို့တွင်လည်း တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားခဲ့သည်။
ဇွန်လ
ဇွန်လ ၉ရက်နေ့မှာ ထန်တလန်မြို့ရဲ့ သက်တမ်းအရင့်ဆုံး ဘုရားကျောင်းဖြစ်သည့် ထန်တလန်နှစ်ခြင်းဘုရားကျောင်း (Thantlang Baptist Church-TBC) မီးလောင်ပြာကျသွားခဲ့ပါတယ်။
ဇွန်လ ၂၉ရက်နေ့မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် မင်းတပ်မြို့နယ်၊ မဒန်ကျေးရွာမှာ အသက် ၁၄နှစ် အရွယ် ယောင်္ကျားလေးတစ်ယောက်သေဆုံးခဲ့သည်။
ဇွန်လအတွင်း ကန်ပက်လက်၊ မင်းတပ်နှင့် ထန်တလန်မြို့ တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင်
ဇူလိုင်လ ၂ရက်နေ့မှာ စစ်ကောင်စီက မင်းတပ်မြို့နယ် ချပ်ရွာကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လူ ၃ဦး သေဆုံးခဲ့ကြပါတယ်။
ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့သည့် အသက်(၅၀)ကျော်အရွယ်ရှိ ဆွံ့အနားမကြား အမျိုးသမီးတစ်ဦးနှင့် ခန္ဓာကိုယ်အောက်ပိုင်းချိုတဲ့သော အမျိူးသားတစ်ဦးတို့ရဲ့ ရုပ်အလောင်းအား ဇူလိုင်လ ၂ရက်နှင့် ၃ရက်နေ့မှာ ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။
ဖလမ်းမြို့နယ် လုံရာန်ကျေးရွာလူနေအိမ်များအာ စစ်ကောင်စီတပ်သားတွေက ဇူလိုင်လ ၈ရက်နေ့မှာ ဖောက်ထွင်းခိုးယူခဲ့ကြပါတယ်။
ဖလမ်းမြို့နယ် တာလ်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဇူလိုင်လ ၉ရက်နေ့မှာ ဒုတိယအကြီမ် တစ်ရွာလုံးမီးရှို့ခဲ့ကြပါတယ်။
ဇူလိုင်လ ၁၀ရက်နေ့မှာ ဟားခါး-ဖလမ်းအကြား တလန်ဇာရ်ကျေးရွာနေအိမ် ၆လုံးအား စစ်ကောင်စီတပ်တွေ မီးဆက်ရှို့ခဲ့ပါတယ်။
ဇူလိုင်လ ၁၅ရက်နေ့တွင် ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ လူနေအိမ် ၁၄လုံးအား စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျတ်ဆီးသွားခဲ့သည်။ ချွန်ကျုံးတစ်ရွာလုံးထွက်ပြေးခဲ့ကြပါတယ်။
ဇူလိုင်လ ၂၅ရက်နေ့တွင် ဟားခါးမြို့နယ်၊ နှီယာလောန်ကျေးရွာတွင် မူကြိုကျောင်းကလေးတွေ ကယ်ထုတ်ဖို့သွားရောက်တဲ့ ဆလိုင်းမန်လျန်ဆန် (၂၂)နှစ်အား စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ကြပါတယ်။
နှီယာလောန်ကျေးရွာလူနေအိမ် ၁၀၀ နီးပါးကို ဟားခါးမြို့ အခြေဆိုက် စစ်ကောင်စီတပ်သားတွေက ဖောက်ထွင်းခိုးယူခဲ့ကြပါတယ်။
ဇူလိုင်လ ၁၈ရက်နေ့တွင် ဂန့်ဂေါ်မြို့ကနေ ချင်း-မကွေးနယ်စပ်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် ဟားခါးမြို့နယ်၊ သီလာခ့်ကျေးရွာသားများထွက်ပြေးခဲ့ကြပါတယ်။
ဇူလိုင်လ ၄ရက်နေ့မှ ၁၇ရက်နေ့အထိ ဟားခါး-ဖလမ်းအကြားမှာ ချင်းပြည်နယ်အတွင်း အပြင်းထန်ဆုံးတိုက်ပွဲများဖြစ်ပွားခဲ့သလို မတူပီမှာလည်း တိုက်ပွဲဆက်ဖြစ်ခဲ့ပါတယ်။ ဇူလိုင်လကုန်ပိုင်းကစပြီး သီမစ်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်သို့ရောက်ရှိသော ချင်းစစ်ဘေးဒုက္ခသည် လူဦးရေလည်း ဇူလိုင်လအတွင်းမှာ ၃သောင်းကျော်ခဲ့ပါတယ်။
ဩဂုတ်လ
ဩဂုတ်လ ၆ရက်နေ့တွင် မတူပီမြို့နယ်၊ ဇိုတုန်နယ်တွင် စစ်ကောင်စီတပ်ရောက်ရှိခဲ့ပြီး ကျေးရွာနေပြည်သူ ၂၅၀၀ ခန့်က အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။
ဩဂုတ် ၁၀ရက်နေ့တွင် ဟားခါးစစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီး နှီယာလောန်ကျေးရွာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေါ်ချာနှဲမ် (၅၅)နှစ် သေဆုံးသွားခဲ့သည်။
ဩဂုတ် ၁၂ ရက်နေ့တွင် ဟားခါးမှ ဂန့်ဂေါ်ဖက်သို့ထွက်ခွာသော ပါဂျေရိုအိမ်စီးကားတစ်စီး ဟားခါးမြို့နှင့် ၄မိုင်ခန့်အကွာတွင် ပစ်ခက်ခံရလို့ ကလေးတစ်ယောက်မိခင် ဒေါ် ရှန်နှဲမ်ကျဲရ် (၂၂) နှစ် သေဆုံးခဲ့သည်။
ဩဂုတ် ၁၄ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် တီးတိန်မြို့နယ်အတွင်း ဟိုင်မွာလ်ကျေးရွာ လူနေအိမ် ၁၅လုံးအား စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့ပြီး အသက်မပြည့်သေးတဲ့ မောင်နှစ်မ Lal Nun Puii (၁၇)နှစ် နှင့် Lal Ruat Mawia (၁၅) နှစ်ဦးအား စစ်ကောင်စီတပ်သားတွေကဖမ်းဆီးကာ ရွာအနီးတွင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြသည်။
ဩဂုတ် ၃၀ရက်နေ့တွင် ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်ရှိ လူနေအိမ်တစ်လုံးပေါ်၌ စစ်ကောင်စီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနှင့် အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြသည်။
ဩဂုတ်လ တစ်လလုံး ဟားခါး-ထန်တလန်အကြား သီမစ်တွင် တိုင်ပွဲပြင်းထန်ခဲ့သလို ဟားခါးမြို့တွင်း၊ ဟားခါး-ဂန့်ဂေါ်လမ်း၊ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ နှင့် တီးတိန်မြို့နယ်တို့မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာ
စက်တင်ဘာ ၁ရက်နေ့တွင် ပလက်၀မြို့နယ်မှာ စစ်ကောင်စီက ရက္ခိုင့်တပ်မတော်အား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပလက်၀မြို့နယ် ဒေသခံ ၆၀၀ နီးပါး မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခဲ့ကြပါတယ်။
စက်တင်ဘာလအတွင်း ဟားခါး-ထန်တလန်အကြား သီမစ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
အောက်တိုဘာ
အောက်တိုဘာ ၃ရက်နေ့တွင် ဟားခါးမြို့နယ်၊ လုံကြွယ်ကျေးရွာမှ ကလေး-ဂန့်ဂေါ်နယ်စပ်သို့ ကြက်၀ယ်ယူရန် သွားရောက်ကြသော ဦးဇော်နီ (၄၇)နှစ်နှင့် ဦးဘွေခမ် (၆၄)နှစ်တို့ နှစ်ဦးအား စစ်ကောင်စီနောက်လိုက် ဗျူစောထီးအုပ်စုက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည်။
အောက်တိုဘာ ၁၉ရက်နေ့တွင် ဟားခါးမြို့နယ်၊ ဘွန်လုံးကျေးရွာ၌ စစ်ကောင်စီတပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် James Siang Za Uk (၆)နှစ် နှင့် Henry Bawi Za Lian (၇)နှစ် သေဆုံးခဲ့ကြပြီး ၆နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဟားခါး-ထန်တလန်အကြားမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်းခဲ့ကာ စစ်ကောင်စီတပ်က လေကြောင်းအကူအညီနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ကန်ပက်လက်မြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နို၀င်ဘာလ
နို၀င်ဘာ ၇ရက် ညပိုင်းတွင် ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်လို့ အသက် ၆၀နှစ် ဒေါ်ဖာရ်ကြန် ကျည်ထိဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။
နို၀င်ဘာ ၁၅ရက် ညပိုင်းတွင် ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၁၄နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက်သေဆုံးပြီး အမျိုးသား ၂ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။
စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ချင်းပြည်နယ်မှာ အချုပ်/အကျဉ်းသား တစ်ယောက်မှ လွတ်မြောက်သူမရှိပေ။
နို၀င်ဘာလအတွင်း ဖလမ်းမြို့နယ်မှာ တိုက်ပွဲ ၅ရက်ကြာဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က ချင်းပြည်နယ်အတွင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ဟားခါး-ထန်တလန်အကြားမှာလည်း တိုက်ပွဲဆက်လက်ဖြစ်ခဲ့သလို မင်းတပ်မြို့နယ်မှာလည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဒီဇင်ဘာလ
ဒီဇင်ဘာ ၁၁ရက်ညပိုင်းမှာ ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေက လူနေအိမ်တစ်လုံးကို အကြောင်းမဲ့ မီးရှို့ဖျတ်ဆီးခဲ့ကြသည်။
ဒီဇင်ဘာ ၁၅ရက် ညနေပိုင်းမှာ မတူပီမြို့နယ်မှ ဂန့်ဂေါ်မြို့သို့ အလည်သွားရောက်သော ဆလိုင်းရွှေဘိလျန်အား အမှတ် (၁) ဂန့်ဂေါ်စစ်ဆေးရေးဂိတ်တွင် စကစတပ်သားတွေက ပစ်သတ်ခဲ့ပြီး စစ်ကောင်စီအာဘော် သတင်းချာနယ်များတွင် PDF ဟုသတင်းတုလွှင့်ခဲ့ကြသည်။
ချင်းပြည်နယ်အတွင်း မြို့ကြီးတွေမှာ ခရစ္စမတ်ပွဲတော်ကို အာဏာသိမ်းမှုမဖြစ်ခင် အရင်နှစ်များလို မကျင်းပနိုင်တော့ဘဲ ပုံမှန်၀တ်ပြုအစည်းအေ၀◌းနဲ့သာ ကျင်းပခဲ့ကြပါတယ်။