က‌လေးမြို့ တာဟန်းရပ်ကွက်မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

ယနေ့ နေ့လယ်ပိုင်း ၁၁နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဆိုင်ကယ်နဲ့ အမျိုးသားတစ်ဦး ပစ်ခတ်ရလို့ ၎င်းဆိုင်ကယ်နှင့်အတူ လဲကျသွားပြီး သေဆုံးခြင်းရှိမရှိ မသိရှိရသေးကြောင်း ဒေသခံတွေက ပြေပါတယ်။

ဝီစလီဆေးရုံလမ်းခွဲမှာ ကင်းထိုင်တဲ့ စစ်ကောင်စီတပ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် တာဟန်း၌ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့အကြားပစ်ခတ်မှုမရှိကြောင်း ဒေသံတစ်ဦးကပြောပါတယ်။

ယနေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ကလေးမြို့၊ တာဟန်းမီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်သားများအား CDF-KKG တော်လှန်ရေးတပ်ဖွဲ့မှ ၀င်ရောက်စီနင်းခဲ့ကြောင်း CDF-KKG မှ ထုတ်ပြန်ချက်အရ သိရသည်။

မီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်သားများက CDF-KKG တပ်ဖွဲ့၀င်များချဉ်းကပ်လာသည်ကို မြင်တွေ့ခဲ့ပြီး သေနက်ထားခဲ့ကာ ထွက်ပြေးကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တာဟန်းမီးပ္ပိုင့်စီးနင်းမှုတွင် CDF-KKG တပ်ဖွဲ့က စစ်ကောင်စီတပ်သေနက် ၁လက်၊ ကျည်ဘောက် ၁ခုနှင့် ကျည်ဆံ ၆၀ ခန့်သိမ်းဆည်းရရှိသည်။

တာဟန်းမီးပ္ပိုင့်စီးနင်းခံမှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်က အင်အား ၃၀ခန့်ဖြင့် ပြန်လည်ထိုးစစ်ဆင်လာကြကြောင်း၊ စစ်ကောင်စီတပ်ရဲ့ သေနက်ရမ်သမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ချို့ထိခိုက်ဒဏ်ရာရှိမှုနှင့် လူတစ်ဦး အသတ်သေဆုံးမှုရှိကြောင်း CDF-KKG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။