ဂန့်ဂေါ်တွင် သာမန်ချင်းအမျိုးသားတစ်ဦးပစ်သတ်ခံရ၊ PDF ဟုသတင်းတုလွှင့်

မနေ့ ဒီဇင်ဘာ ၁၅ရက်၊ ညနေပိုင်း ၃နာရီခန့်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ဂန့်ဂေါ်မြို့သို့ အလည်သွားရောက်သော ဆလိုင်းရွှေဘိလျန်အား အမှတ် (၁) ဂန့်ဂေါ်စစ်ဆေးရေးဂိတ်တွင် စကစတပ်သားတွေက ပစ်သတ်ပြီး စကစအာဘော် သတင်းချာနယ်များတွင် PDF ဟုသတင်းတုလွှင့်ခဲ့ကြသည်။

ဆလိုင်းရွှေဘီလျန်သည် မတူပီမြို့နယ်၊ ဇိုတုန်နယ်အတွင်းရှိ တိန်ဆီးကျေးရွာတွင် နေထိုင်သောသာမန်ပြည်သူတစ်ဦးဖြစ်ပြီး ဂန့်ဂေါမြို့ပေါ်တွင်နေထိုင်သည့် အဒေါ်ဖြစ်သူထံသို့ အလည်လာရောက်သူဖြစ်သည်။

“KPK ဆီဆိုင်သို့ ဆိုင်ကယ်ဆီထည့်ရန်သွားနေစဉ် ဆိုင်ကယ်မရပ်ဘဲမောင်းမိရာက စခများက ပစ်ခတ်ခဲ့သဖြင့် ချင်းအမျိုးသားတစ်ဦးဖြစ်သူ ရွှေဘိလျန်သည် ယင်းအမှတ် (၁) ဂိတ်အနီးတွင်ပင် ဆုံးသွားကြောင်းသိရသည်” ဟု ဒေသတွင်း သတင်းချာနယ်တစ်ခုဖြစ်သည့် ယောအလင်းတန်းက ဖော်ပြထားပါတယ်။

ဆလိုင်းရွှေဘိလျန် ပစ်သတ်ခံရသည့်ကိစ္စနဲ့ပတ်သက်ပြီး CDF-Zotung က ၀မ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်။

“အပြစ်မဲပြည်သူတစ်ဦးဖြစ်သည့် ဆလိုင်းရွှေဘိလျန်သည် ၁၅၊ ၂၁၊ ၂၀၂၂ တွင် ဂန့်ဂေါ်မြို့တစ်နေရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ ဖမ်းဆီးပစ်သတ်ခြင် ခံခဲ့ရသည်။ ဤကဲသို့ အကြမ်းဖက်မှုကျူးလွန်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ လုပ်ရပ်ကိုပြင်းထန်စွာကန့်ကွက်ရှုပ်ချပြီး ရွှေဘိလျန်၏ မိသားစုများနှင့်အတူထပ်တူထပ်မျှ ၀မ်းနည်းကြောင်း” CDF-Zotung က ထုတ်ပြန်ထားပါတယ်။

“အလောင်းကိုလည်းသယ်ခွင့်မပေးဘူး။ စကစဖက်က မေးမြန်းမှုပြုလုပ်ခြင်းမပြုဘဲဒီအတိုင်းပစ်သတ်လိုက်ကြတယ်” လို့ CDF-Zotung တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။