တာဟန်းတွင် စကစတပ်သားတွေ ပစ်ခတ်လို့ ချင်းအမျိုးသားတစ်ဦး သေဆုံး

ယနေ့ ဒီဇင်ဘာ ၂၄ရက် နေ့လယ်ပိုင်း ၁၁နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက် ၀ယ်စလီဆေးရုံလမ်းခွဲတွင် ဆိုင်ကယ်စီးလာကြတဲ့ ချင်းအမျိုးသား ၂ဦးအား စကစတပ်သားများက သေနက်နဲ့ ပစ်ခတ်လို့ ဦးသရန်ဇေထန်း (၃၅)နှစ် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဦးသရန်ဇေထန်းနှင့် အတူလိုက်ပါတဲ့ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က ကလေးမြို့နယ် ပျဉ်းခုံကြီးရွာက သာမန်ပြည်သူတွေပါ။ ဦးသရန်ဇေထန်းက ရင်အုံမှာထိပြီး နေရာမှာပဲ သေသွားတယ်။ သူနဲ့လိုက်ပါတဲ့ တစ်ယောက်လည်း ဒဏ်ရာရရှိတယ်။ ဦးသရန်ဇေထန်း အလောင်းကိုတော့ ရွာဖက်ကို သယ်သွားကြပြီလို့ သိရတယ်” လို့ ပြောပါတယ်။

မနက်ပိုင်း ၁၀နာရီခွဲခန့်တွင် တာဟန်းမီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်ဖွဲ့အား CDF-KKG တပ်ဖွဲ့ ၀င်များက သွားရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ သေနက်တစ်လက်သိမ်းဆည်းခဲ့သည်။

CDF-KKG တပ်ဖွဲ့ ၀င်များရဲ့ တိုက်ခိုက်ခြင်း ခံရမှုအပြီး နေ့လယ် ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်လို့ ပြည်သူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိကြပြီး လူတစ်ဉီးသေဆုံးကြောင်း CDF-KKG က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည်။