မင်းတပ်မြို့နယ် ဘုန်ကြီးကျောင်းနဲ့ အိမ်များ စကစက လေယာဉ်နဲ့ ဗုံးကြဲ

By Van Bawi Lian | ယနေ့ ဇန်နဝါရီ ၂၃ ရက် နေ့လယ်ပိုင်း ၁၁နာရီခန့်တွင် မင်းတပ်မြို့နယ်၊ ပလိပ်ထွီကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချခဲ့ပြီး ဘုန်ကြီးကျောင်းအပါအ၀င် ပြည်သူနေအိမ်များပျက်ဆီးသွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

“မနက် ၁၁နာရီခွဲလောက်က ဖြစ်မယ်၊ တိုက်လေယာဉ် ၂ စီးနဲ့ဆက်တိုက်လာပစ်တာ၊ ဒါဏ်ရာရတာ ၃ ယောက်၊ ဒဏ်ရာပြင်းတယ်၊ ခုတရွာလုံးတောထဲ ပြေးနေပါတယ်” လို့ The Mindat Post ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူသုံးဦး ပြင်းထန်ဒဏ်ရာရရှိပြီး ပလိပ်ထွီကျေးရွာက ဘုန်းကြီးကျောင်းပါ ပျက်စီးသွားကြောင်း The Mindat Post ကဖော်ပြသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၈ ကြီမ်ပြုလုပ်ခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းရန်မှ ကာကွယ်နိုင်ရန် ပုန်းခိုကျင်းများတူထားကြရန် CDF-Mindat က မင်းတပ်မြို့နယ်အတွင်း မိဘပြည်သူများကို အသိပေးထားပါတယ်။