ဟားခါးမြို့ တနင်္ဂ‌နွေနေ့ ၀က်ပြုအစည်းအဝေးကို ခွင့်ပြုချက်ယူစရာမလိုဘဲ ပြန်လည်ခွင့်ပြု

By Van Bawi Lian | ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တနင်္ဂနွေနေ့ ၀က်ပြုအစည်းအဝေးနဲ့ စနေနေ့ Church Choir သီချင်းတိုက်ခြင်းကို အပတ်တိုင်း ခွင့်ပြုချက်ယူစရာလိုဘဲ ပြန်လည်ခွင့်ပြုလိုက်ကြောင်း ဟားခါးမြို့နေ အမှု‌တော်ဆောင်တစ်ပါးက ချင်းဂျာနယ်ကို ပြောပါတယ်။

ဟားခါးခရစ်ယာန်ဂိုဏ်း‌ပေါင်းစုံအမှုတော်ဆောင်များအဖွဲ့ (HCMF) က စစ်ကောင်စီကိုတွေ့ဆုံပြီးနောက် ကန့်သက်ချက်တစ်ချို့ ဖြေလျော့ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့ ၀က်ပြုအစည်းအဝေးကို နံနက်ပိုင်း ၇နာရီမှ ညနေ ၄နာရီအထိ ခွင့်ပြုထားပြီး စနေနေ့ သီချင်းတိုက်ခြင်းကို မနက်ပိုင်း ၁၁နာရီမှ ညနေပိုင်း ၄နာရီအထိ ခွင့်ပြုထားပါတယ်။

ဘာသာရေးနဲ့ သက်ဆိုင်သည့် အစည်းအဝေးများ၊ သင်တန်းများနဲ့ မင်္ဂလာဆောင်ပွဲများအတွက် သတ်မှတ်ပုံစံအတိုင်း စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးရုံးမှ ၅ရက်ကြိုတင် ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း သိရပါတယ်။

နာရေးကိစ္စရပ်များအတွက်လည်း အလျှင်အမြန် ဆောင်ရွက်နိုင်ဖို့ ခွင့်ပြုချက်ရယူရန် လိုအပ်ပြီး မိဘပြည်သူများအနေနဲ့ စစ်အုပ်ချုပ်ရေးကာလအတွင်း နာရေးကိစ္စရပ်များတွင် အခတ်ခဲရှိပါက HCMF ကိုလည်း အကူညီတောင်းနိုင်ကြောင်း HCMF က အသိပေးထားပါတယ်။