ဟားခါး ဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမည်ဟု စကစတပ်ဖွဲ့ ခြိမ်းခြောက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်း ဈေးဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမယ်လို့ စစ်ကောင်စီတပ်သားများက ဟားခါးမြို့တွင်း၌ ကားဖြင့်လှည့်လည် လိုက်အော်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အခု စစ်ကောင်စီတပ်သားတွေ ကားနဲ့ လိုက်အော်နေကြတယ်။ အကြမ်းဖက်အားပေးပြီး ဆိုင်မဖွင့်သူများကို ဆိုင်သိမ်းမယ် လို့ လိုက်အော်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

CNF/A ဌာနချုပ် Camp Victoria လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသော ရဲဘော်များအတွက် ၀မ်းနည်းကြောင်းပြသသည့်အနေနဲ့ ယနေ့ ဇန်နဝါရီ ၁၁ရက်နေ့ တွင် ဟားခါးမြို့တွင်း ဈေးဆိုင်အကုန်လုံး ပိတ်ထားကြပါတယ်။