UFC ပွဲဦးထွက်မှာ မြန်မာပြည်ဖွား ဂျိုရှုဗန်က ပြိုင်ဖက်ကို အနိုင်ရရှိ

မြန်မာစံတော်ချိန် ဇွန်လ ၂၄ရက်ညက အမေရိကန်ပြည်ထောင်စု၌ ကျင်းပတဲ့ UFC: Fight Night ထိုးသတ်ပွဲမှာ မြန်မာပြည်ဖွား ဂျိုရှုဗန်က ပြိုင်ဖက် ကဇက်စတန် နိုင်ငံသား ဇူမာဂူးလော့ဗ်ကို လက်ရည်အသားစီးနဲ့ အနိုင်ရရှိသွားပါတယ်။ ဒါဟာ အသက် ၂၂နှစ်သာ ရှိသေးတဲ့ ဂျိုရှုအတွက် မိမိထက် UFC အတွေ့အကြုံဝါရင့်သော ပြိုင်ဖက်ကို ပွဲဦးထွက်မှာပင် အနိုင်ရရှိခြင်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ UFC Fight Pass ပြိုင်ပွဲမှာ ဂျိုရှုဗန်က Fury FC Flyweight ချန်ပီယံခါးပက်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် UFC ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရရှိတာလည်း ဖြစ်ပါတယ်။ ဂျိုရှုဗန်ဟာ မြန်မာပြည်ဖွား ဖိုက်တာတစ်ယောက်အနေနဲ့ ကမ္ဘာ့ထိပ်သီး UFC ပြိုင်ပွဲမှာ ပထမဆုံး ထိုးသတ်ခွင့်ရရှိသူလည်း […]

မြန်မာပြည်ဖွား ယောရှုဗန်က Fury FC Flyweight ချန်ပီယံရရှိ

Joshua “The Fearless” Van ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် မြန်မာပြည်ဖွား ချင်းလူငယ် MMA ကစားသမား ယောရှုဗန် (ယောရှုဗန်ဘွေထောင်း) က ဒီဇင်ဘာ ၁၈ရက်နေ့က ကျင်းပတဲ့ Fury FC 72 ထိုးသတ်ပွဲတွင် လက်ရှိ Flyweight ချန်ပီယံ Cleveland Mclean (၃၃) နှစ် ကို ချုပ်ကွက်နဲ့ အနိုင်ရရှိပြီး ချန်ပီယံခါးပတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အသက် ၂၁နှစ်သာ ရှိသေးသည့် ယောရှုဗန်သည် Texas ပြည်နယ်တွင်အခြေချကာ ‌ပရောဖက်ရှင်နယ် MMA ပွဲ ၇ပွဲကစားခဲ့ပြီး ၆ပွဲနိုင်၊ တစ်ပွဲရှုံး မှတ်တမ်းရရှိထားသူဖြစ်ပါတယ်။ Houston မြို့ရှိ 4oz. Fight Club ၌ လေ့ကျင့်‌နေ သူဖြစ်ပြီး UFC ပြိုင်ပွဲတွင် ၀င်ရောက်ထိုးသတ်နိုင်ဖို့ […]