ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီက ထန်တလန်မြို့နယ်ထဲက CNA စခန်းငယ်တစ်ခုကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထန်တလန်မြို့ထဲက CNA နဲ့ CDF တပ်ဖွဲ့၀င်များ ရှိနိုင်မယ့်နေရာများကိုလည်း မွန်းလွဲပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
ယနေ့နံနက်ပိုင်း ၁၂ နာရီခွဲခန့်တွင် ထန်တလန်မြို့နယ်ထဲက CNA စခန်းငယ်တစ်ခုဖြစ်သည့် Buarpi Camp ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။ ယုခုလအတွင်းမှာ Buarpi Camp ကို စစ်ကောင်စီက ဒုတိယအကြီမ် ဗုံးကြဲတိုက်ခြင်းဖြစ်သည်။
Baurpi Camp အပေါ် ပထမအကြီမ် ဗုံးကြဲတိုက်မှုကို ဖေဖော်ဝါရီ ၉ရက်နေ့မှာ စစ်ကောင်စီက ပြုလုပ်ခဲ့ပြီး လူထိခိုက်မှုမရှိပေမယ့် စခန်းအတွင်း အဆောက်အအုံတစ်ချို့ ပျက်ဆီးခဲ့ပါတယ်။
ယနေ့မွန်းလွဲပိုင်း ၁း၄၀ အချိန်ခန့်တွင်လည်း ထန်တလန်မြို့ထဲက CB ဘဏ်အနီးတဝိုက်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၅ကြီမ် ဗုံးကြဲတိုက်ခိုက်သွားကြောင်း Chinland Scout Network (CSN) က ဖော်ပြထားပါတယ်။
Buarpi Camp နဲ့ ထန်တလန်မြို့တွင်း ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် CNA နဲ့ CDF ဖက်က ထိခိုက်ကျဆုံးမှုရိမရှိ မသိရသေးပါ။