မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ကြောင်း အသိပေးထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်တာကြောင့် မိဘပြည်သူများအနေဖြင့် ၎င်းပတ်ဝန်းကျင်များတွင် သွားလာခြင်း၊ တောင်ယာလုပ်ငန်းနှင်ြစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းများ ခေတ္တ ရပ်ဆိုင်းထားရန် CDF-Mindat က အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်အင်အား (၁၀၀)ခန့်သည် မင်းတပ်မြို့နယ်၊ အနောက်ဘက် လီလောင်းကျေးရွာမှတဆင့် တောင်ကျောများအတိုင်း စစ်​ကြောင်းနှစ်ပိုင်းခွဲ၍ ဆက်လက်ထွက်ခွာသွားကြပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်သည်။ နောက်ထပ် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည်လည်း မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် (၁) ရှိ ဝီလူးရွာသစ်နှင့် ပိန်ရိန်းရွာကြားတွင် စစ်ရေးလှုပ်ရှားမှု့များ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။ လက်ရှိမှာ မင်းတပ်မြို့နယ်အတွင်း ဖုန်းလိုင်းများဖြတ်တောက်ခံထားရပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းကင်းထောက်မှုများ စဉ်ဆက်မပြက်ပြုလုပ်လျက်ရှိပြီး ကျေးရွာများဖက်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။ ယနေ့တွင် CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ထိ‌တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ နှစ်ဖက် […]