ကာလုံအစည်းအဝေးတက်ခဲ့တဲ့ ဒုသမ္မတဟင်နရီဗန်ထီးယူကို NLD ထုတ်ပယ်

စစ်ကောင်စီက ကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး အစည်းအဝေးတွင် တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယိုကို NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ယနေ့ သြဂုတ်လ (၉) ရက် ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ခဲ့သော အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ဒုဥက္ကဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၉) ဦး တို့မှာ ကိုယ်တိုင်ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံနေရသည့်နည်းတူ အဆင့်ဆင့်သောပါတီဝင် အများအပြား တို့သည်လည်း အကျဥ်းထောင်အသီသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပါသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည် လုံလောက်သော ဆေးကုသခွင့်မရရှိသည့်အတွက် အကျဥ်းထောင်တွင်း ကျဆုံးခဲ့ရပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီလိုလားသော ပြည်ထောင်စုတစ်ဝန်းလုံးမှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အတူ ရင်ဆိုင် ရပ်တည်လျက်ရှိနေပါသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ဦးဟင်နရီဗန်ထီးယူသည် […]

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယို ကာလုံအစည်းအဝေး တက်ရောက်

စစ်ကောင်စီက ယနေ့ ဇူလိုင် ၃၁ရက်နေ့တွင် ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယို တက်ရောက်သည်ကို စစ်ကောင်စီ အာဘော်သတင်းချာနယ်များ၏ ဖော်ပြချက်အရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်နေ့က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးတွင် ကျန်းမာရေးအခြေအနေကြောင့် ဦးဟင်နရီဗန်ထီးယို တက်ရောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ မနက်ဖြန် ဩဂုတ်လ ၁ရက်နေ့တွင် ၆လသက်တမ်းကုန်တော့မည့် စစ်ကောင်စီဟာ ယနေ့နံနက်ပိုင်းတွင် ကာလုံအစည်းအဝေးကျင်းပပြီး နောက်ထပ် ၆လ သက်တမ်းဆက်တိုးခဲ့ပါတယ်။ ကာလုံအစည်းအဝေးတွင် နိုင်ငံတော် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၂၅) အရ အာဏာသက်တမ်း ၆လတိုးပေးရန် တင်ပြမှုအပေါ် တက်ရောက်လာသူများက ထောက်ခံအတည်ပြုခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းချာနယ်များက ဖော်ပြပါတယ်။

ကူကီး-ချင်းတွေနဲ့ ထပ်တူခံစားရကြောင်း မီဇိုရမ်းတွင် ဆန္ဒထုတ်ဖော်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် လူများစု ကသည်းလူမျိုးတွေရဲ့ အကြမ်းဖက်ခြင်းခံရတဲ့ ကူကီး-ချင်း ညီအကိုတွေနဲ့အတူ ထပ်တူထပ်မျှခံစားရကြောင်း မီဇိုပြည်နယ်တွင် ဇူလိုင် ၂၅ရက် ယနေ့တွင် ပြည်နယ်လုံးကျွတ် ဆန္ဒထုတ်ဖော်ပွဲကျင်းပကြပါတယ်။ မီဇိုရမ်ပြည်နယ် မြို့ကြီးများဖြစ်ကြသည့် အိုင်ဇော်လ်၊ ကျွန်ဖိုင်၊ လုံလဲ၊ လောင်တလိုင်နဲ့ အခြားမြို့များတွင် တပြိုင်တည်း ဆန္ဒထုတ်ဖော်ပွဲကျင်းပကြတာပါ။ အိုင်ဇောလ်မြို့ ဆန္ဒပြပွဲတွင် လူတစ်‌သိန်းကျော်ပါ၀င်ဆင်နွဲကြပြီး အခြားမြို့ကြီးများတွင်လည်း ဆိုင်ခန်းတွေအကုန်ပိတ်ကာ ကူကီး-ချင်း ညီအကိုတွေနဲ့အတူ ထပ်တူထပ်မျှခံစားရကြောင်း လမ်း‌လျှောက်ဆန္ဒထုတ်ဖော်ပွဲ ကျင်းပကြပါတယ်။ ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတွင် ကူကီး-ချင်း အမျိုးသမီး ၂ဦးကို ကသည်းလူအုပ်စုက အ၀တ်ဗလာကိုလုံးတည်းနဲ့ ဖမ်းဆီးခေါ်ဆောင်သည့် တုန်လှုပ်ချောက်ချားဖွယ်ရာ ရုပ်သံပျန့်နှံ့လာခဲ့ပြီး အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်သည့် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။

အိမ်နီးချင်းနိုင်ငံရဲ့ နိုင်ငံရေး မစွပ်ဖက်ရန် CNF တိုက်တွန်း

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေကြောင့် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေထိုင်ကြသော ချင်းလူမျိုးတွေအနေနဲ့ မိမိခိုလှုံနေထိုင်ရာ နိုင်ငံရဲ့ နိုင်ငံရေးကိစ္စမှာ ၀င်ရောက်စွပ်ဖက်ခြင်းမပြုလုပ်ရန်နဲ့ အဆိုပါနိုင်ငံရဲ့ နိုင်ငံသားစီစစ်ရေးကဒ်များကို တရားမ၀င်သော နည်းလမ်းဖြင့် ရယူပိုင်ဆိုင်မှုမျိုး မပြုလုပ်ကြရန် ချင်းအမျိုးသားတပ်ဦး (CNF) က ချင်းပြည်သူတွေကို တိုက်တွန်းပါတယ်။ ထို့အပြင် သူများနိုင်ငံရဲ့ ဉပဒေစိုးမိုးရေးကို ထိခိုက်စေမည့် တရားမ၀င်သော လုပ်ငန်းများတွင် ပူးပေါင်းပါ၀င်ပတ်သက်ခြင်း မပြုလုပ်ကြရန်လည်း CNF က တိုက်တွန်းလိုက်ပါတယ်။ အထူးသဖြင့် ချင်းလူမျိုးများခိုလှုံရာ အိမ်နီးချင်းနိုင်ငံသို့ မှုးယစ်ဆေးဝါး တင်သွင်းခြင်းကို CNF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက လုံး၀သည်းခံမှာ မဟုတ်ဘူးလို့ ‌CNF က အသိပေးပါတယ်။ အိမ်နီးချင်းနိုင်ငံများတွင် ချင်းလူမျိုးများ လုံခြုံစိတ်ချစွာခိုလှုံနေထိုင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းမွန်သော ဆက်ဆံရေးတည်‌ဆောက်နိုင်ရန် CNF မှ ကြိုးစားအားထုတ်လျှက်ရှိရာမှာ ချင်းလူမျိုးများကို တန်ပြန်ထိခိုက်စေမည့် […]

ချင်းဒုက္ခသည်စခန်း ၃ခုမှာ ကလေးတွေ ပညာရေး အကူအညီလိုအပ်

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းရှိ ချင်းဒုက္ခသည်စခန်း ၃ခုမှာ ကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသုံးပစ္စည်းအကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်ကလေးတွေကို ပညာသင်ကြပေးတဲ့ ဆရာတစ်ဦးက အကူအညီတောင်းပါတယ်။ “ပလက်၀ဖက်က ဒုက္ခသည်တွေ အဓိကနေထိုင်တဲ့ သီတလန်ပွီး၊ ကော်ဆော်နဲ့ စုန်တလန်ပွီး ဒုက္ခသည်စခန်းတွေမှာ ကလေးတွေပညာသင်ကြားနိုင်ရေးအတွက် ပြဌာန်းစာအုပ်၊ ဗလာစာအုပ်နဲ့ ခဲတံတွေ အကူအညီ လိုအပ်နေတယ်” လို့ ကျောင်းဆရာ ဆလိုင်းဇာဘွေက ပြောပါတယ်။ သီတလန်ပွီးနဲ့ စုန်တလန်ပွီး ဒုက္ခသည်စခန်းမှာ မူလတန်းကျောင်းတွေ ဖွင့်လှစ်ထားပြီး ကော်ဆော်မှာ အလယ်တန်းကျောင်းအထိ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ကြပါတယ်။ အဆိုပါကျောင်း ၃ကျောင်းတွင်း ပညာသင်ကြားသော ဒုက္ခသည်ကလေး အယောက် ၁၀၀ ခန့်ရှိကြပြီး ကျောင်းတစ်ကျောင်းတွင် ဆရာ၊ ဆရာမ ၃ယောက်ခန့်စီက ပညာသင်ပေးကြပါတယ်။ “ဒီတော်လှန်ရေးဟာ စကစလက်နက်ကိုင်တိုက်ခိုက်ရုံနဲ့မပြီးဘူး၊ ကျနော်တို့မှာကလေးတွေအတွက် ပညာရေးလည်းအရေးကြီးတယ်၊ ပြီးတော့ […]

မီဇိုရမ်၊ စိုင်ဟားမြို့မှာ NUG အသိမှတ်ပြု ဒုက္ခသည်စာသင်ကျောင်း ဖွင့်လှစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ စိုင်ဟားမြို့မှာ နေထိုင်ကြသော မြန်မာစစ်ဘေးဒုက္ခသည် ကလေးတွေအတွက် Myanmar Refugee Committee, Saiha (MRCS) က ယနေ့ မေလ ၁၉ရက်နေ့ ညနေပိုင်းတွင် NUG အသိအမှတ်ပြုသော ဒုက္ခသည်စာသင်ကျောင်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ကျောင်းဖွင့်ပွဲကို စိုင်ဟားမြို့ YMA ခန်းမ၌ ယနေ့ညနေ ၃နာရီတွင် ကျင်းပခဲ့ပြီး မြန်မာဒုက္ခသည်ကျောင်းသား ကျောင်းသူများ၊ မိဘများနဲ့ တာ၀န်ရှိပဂ္ဂိုလ်များ ဦးရေ ၂၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားတွင် ချင်းပြည်နယ်လွတ်တော်အမတ်ဟောင်း ဒေါ်နီရွှေလျန်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ စိုင်းဟားမြို့ မြန်မာဒုက္ခသည်ကျောင်း၌ ပညာသင်ကြားဖို့ ကျောင်းသားကျောင်းသူ ဦးရေ ၁၉၂ ယောက် က နာမည်ပေးထားပြီး မေလ ၂၂ရက်နေ့တွင် မြန်မာသင်ရိုးအတိုင်း သင်ကြားရေးစတင်မယ်လို့ စိုင်းဟားမြို့ မြန်မာဒုက္ခသည်ကျောင်း၌ ကျောင်းအုပ်ဆရာကြီး […]

မီဇိုရမ် ဒုက္ခသည်စခန်းတစ်ခုတွင် အတန်းတင်စာမေးပွဲ ကျင်းပ

By Van Bawi Lian | မီဇိုရမ်ပြည်နယ်၊ စီတလန်ပွီး ဒုက္ခသည်စခန်းမှာ ကျင်းပပြုလုပ်သော ချင်းစစ်ဘေးဒုက္ခသည် ကျောင်းသား၊ ကျောင်းသူများရဲ့ အတန်းတင်စာမေးပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် အောင်မြင်စွာပြီးစီးကြောင်း စီတလန်ပွီးဒုက္ခသည်စခန်းက ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ စီတလန်ပွီး ဒုက္ခသည်ကျောင်းတွင် ပညာသင်ကြားသူ ကျောင်းသား၊ ကျောင်းသူ ‌အယောက် ၃၀ ရှိကြပြီး ဆရာ၊ ဆရာမ ၃ဦးက ပညာသင်ကြားပေးကြပါတယ်။ “ကျနော်တို့ Sihtlangpui ဒုက္ခသည်ကျောင်းဟာဆိုရင် စင်တင်ဘာလကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆရာ/မ ၃ယောက်ဖြင့် ပညာသင်ကြားခဲတာဖြစ်ပါတယ်။ အခု ဖေဖော်ဝါရီလဆိုရင် တစ်နှစ်တာ သင်ကြားရေးကာလပြီးမြောက်ခဲ့ပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် စာမေးပွဲဖြေဆိုပြီး ကျောင်းပိတ်ခဲ့ပြီဖြစ်ပါတယ်” လို့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ စီတလန်ပွီးဒုက္ခသည်စခန်းတွင် ပလက်၀မြို့နယ်ဖက်က ချင်းစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြပါတယ်။ […]

အိန္ဒိယနိုင်ငံ ဖာရ်ကောန်ရွာနဲ့ ၇မိုင်ခန့်အကွာတွင် စကစတိုက်လေယာဉ်ဗုံး ကျရောက်ပေါက်ကွဲ

ဇန်နဝါရီ ၁၀ရက်နေ့ ညနေပိုင်းက အိန္ဒိယ-မြန်မာနယ်စပ်ရှိ CNF ဌာနချုပ် လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီပစ်ခတ်လိုက်သော ဗုံးတစ်လုံးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ ဖာရ်ကောန်ကျေးရွာနှင့် ၇မိုင် ကျော်ကျော် (၁၂ကီလိုမီတာ) တွင် ကျရောက်ပေါက်ကွဲသွားကြောင်းသိရပါတယ်။ အိမ်နီးချင်းနိုင်ငံအတွင်း စစ်ကောင်စီဗုံးကျရောက်ပေါက်ကွဲသည့်ဖြစ်စဉ်တွင် လူထိခိုက်မှုမရှိသော်လည်း အနီးနားရှိကားတစ်စီး ပျက်ဆီးသွားပါတယ်။ အိန္ဒိယနိုင်ငံ နယ်နိမိတ်အတွင်း စစ်ကောင်စီဗုံးကျရောက်ပေါက်ကွဲသည့် ကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိအစိုးရဖက်က ပေါ်ပေါ်ထင်ထင် ပြောဆိုကန့်ကွက်တာမျိုး မရှိသေးပါဘူး။ ဒီမိုကရေစီအရေးလှုပ်ရှားသူ ဆလိုင်းကျဲအိုဘိခ့်ထောင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ယခုအချိန်အထိအိန္ဒိယအစိုးက မျက်လုံးစုံမှိတ် မသိကျိုးကျွန်ပြုသော်လည်း မီဇိုရမ်ပြည်သူများအနေနဲ့ ကိုယ့်နယ်မြေလုံခြုံရေးအတွက် ကန့်ကွက်သင့်ကြောင်း ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ချင်းအိမ်အကူသေဆုံးမှုတွင် အသက် ၆၄နှစ် အမျိုးသမီးကို ထောင်ဒဏ် ၁၄နှစ်ချမှတ်

ချင်းအိမ်အကူ မ Piang Ngaih Don သေဆုံးမှုတွင် အဓိကပါ၀င်ပတ်သက်သူတစ်ဦးဖြစ်သည့် အသက် ၆၄နှစ်အရွယ် Prema S. Naraynasamy ဆိုသူ အမျိုးသမီးကို ယနေ့ ဇန်န၀ါရီ ၉ရက်တွင် စင်ကပူတရားရုံးက ထောင်ဒဏ် ၁၄နှစ် ချမှတ်လိုက်ကြောင်း The Strait Times သတင်းက ဖော်ပြထားပါတယ်။ မ Piang Ngaih Don သည် ၂၀၁၅ခုနှစ် အစောပိုင်းက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ စင်ကပူနိုင်ငံသို့သွားရောက်ပြီး Prema S. Naraynasamy တို့မိသားစုနေအိမ်၌ အိမ်အကူအလုပ်၀င်လုပ်ခဲ့သည်။ အောက်တိုဘာ ၂၀၁၅ ခုနှစ်ကစပြီး အိမ်ရှင်မိသားစု၀င်များဖြစ်ကြသည့် Prema S. Naraynasamy နှင့် ၎င်းရဲ့သမီး Gaiyathiri Murugayan (၄၁)နှစ် တို့က မ […]

ဘင်္ဂလားဒေ့ရှ်မှ ချင်းဒုက္ခသည်များအား နေရပ်ပြန်မပို့ရန် မီဇိုရမ်တွင် ဆန္ဒပြ

ဇန်နဝါရီ ၉၊ ချင်းဂျာနယ် ဘင်္ဂဘားဒေ့ရှ်အစိုးရတပ်နှင့် ကူကီးချင်းအမျိုးသားတပ်မတော် (KCNA) အကြား တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသော ဘောမ်ချင်းနှင့် ကူကီးချင်း စစ်ဘေးဒုက္ခသည်များအား နေရပ်ပြန်မပို့ရန် Central Young Mizo Association (CYMA) ဦးဆောင်မှုဖြင့် ယနေ့တွင် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့၌ ဆန္ဒထုတ်ဖော်ကြပါတယ်။ ဘင်္ဂဘားဒေ့ရှ်အစိုးရတပ်ရဲ့ စစ်ရေးစစ်ဆင်မှုကြောင့် ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ချင်းဒုက္ခသည်ရာချီ မီဇိုပြည်နယ်သို့ထွက်ပြေးလာကြပြီး ယခုနှစ် ဇန်နဝါရီလအထိ ဒုက္ခသည်တွေ ဆက်လက်၀င်ရောက်လာကြတယ်လို့ မီဇိုရမ်သတင်းများက ဖော်ပြထားပါတယ်။ မီဇိုရမ်သို့ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ် ချင်းဒုက္ခသည်များကို နယ်စပ်၌ အန္ဒိယတပ်ဖွဲ့က အစာရေစာ‌တွေပေးပြီး ကူညီပေးတာတွေရှိသလို မီဇိုအမျိုးသားတပ်ဦး (MNF) နှင့် CYMA က နေရာထိုင်ခင်းနှင့် စာနပ်ရိက္ခအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးကြပါတယ်။ မီဇိုလူမျိုးတွေဖြစ်ကြသည့် ဘင်္ဂလာဒေ့ရှ်ဖက်က စစ်ဘေးဒုက္ခသည်တွေကို မီဇိုရမ်အစိုးက […]