မတူပီမြို့နယ်၊ ငလိုင်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာမှာ စစ်ကောင်စီတပ်သားများက အပြစ်မဲ့ပြည်သူ ၂ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မတူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်န၀ါရီ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဇန်န၀ါရီ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ်သားများက ငလိုင်ကျေးရွာအား ၀င်ရောက်စီးနင်းကာ အပြစ်မဲ့ပြည်သူ ၂ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး တစ်ဦးကို နေအိမ် ၂လုံးနှင့်အတူ မီးရှို့ခဲ့ပြီး ကျန်တစ်ဦး၏အလောင်းကို ငလိုင်သင်္ချိုင်းကုန်းတွင် စွန့်ပစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော ပြည်သူ ၂ဦးသည် ဦးဗန်ဘိခ့် (Van Bik) နှင့် ဦးလာပ်လျန် (Lap Lian) ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီတပ်သားများသည် ငလိုင်ကျေးရွာ နှစ်ခြင်းဘုရားကျောင်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းများကို တစ်ခုမကျန်ခိုးယူသွားသည့်အပြင် လူနေအိမ်များကိုလည်း စက်ကြီးနဲ့ ထိုးကာ အိမ်တိုင်များပါမကျန်ခိုးယူသွားခဲ့ကြောင်း မတူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇန်န၀ါရီ ၁၅ရက်နေ့တွင် CDF-Matupi […]