စကစတပ်ဖွဲ့က ဟားခါးမြို့တွင် လူနေအိမ် ၃လုံးကို စက်ကြီးနဲ့ ဖျက်ဆီး

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ပြည်သူနေအိမ် ၃လုံးကို စက်ကြီးနဲ့ ဖျက်ဆီးသွားသည့်အပြင် မိသားစု ၃စုနှင့် ခရီးသွားပြည်သူများ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယနေ့ ဇန်နဝါရီ ၂၅ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ ထမင်းပို့သွားသော စစ်ကောင်စီတပ်သား ၂ဦးကို CDF-Hakha က ကြားဖြတ်တိုက်ခိုက်ပြီး ၂ဦးစလုံးသေဆုံးကာ သေနက်တစ်လက်သိမ်းဆည်းခဲ့သည်။ စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရသည့် ကျော်ဘုတ်ရပ်ကွက်ရှိအပြစ်မဲ့ပြည်သူ နေအိမ် ၃လုံးကို ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရန်ငြိုးကြီးစွာ ဒဏ်ခတ်သည့်အနေဖြင့် ဖျတ်ဆီးခဲ့ကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။ “စစ်ကောင်စီတပ်သား ၂ဦး ပစ်သတ်ခံရတဲ့ ကျော်ဘုတ်ရပ်ကွက် အစွန်ဖက်က နေအိမ် ၃လုံးကို စက်ကြီး (JCB) နဲ့ ဖျတ်ဆီးကြတယ်။ […]