ချင်းဒုက္ခသည်စခန်း ၃ခုမှာ ကလေးတွေ ပညာရေး အကူအညီလိုအပ်

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းရှိ ချင်းဒုက္ခသည်စခန်း ၃ခုမှာ ကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသုံးပစ္စည်းအကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်ကလေးတွေကို ပညာသင်ကြပေးတဲ့ ဆရာတစ်ဦးက အကူအညီတောင်းပါတယ်။ “ပလက်၀ဖက်က ဒုက္ခသည်တွေ အဓိကနေထိုင်တဲ့ သီတလန်ပွီး၊ ကော်ဆော်နဲ့ စုန်တလန်ပွီး ဒုက္ခသည်စခန်းတွေမှာ ကလေးတွေပညာသင်ကြားနိုင်ရေးအတွက် ပြဌာန်းစာအုပ်၊ ဗလာစာအုပ်နဲ့ ခဲတံတွေ အကူအညီ လိုအပ်နေတယ်” လို့ ကျောင်းဆရာ ဆလိုင်းဇာဘွေက ပြောပါတယ်။ သီတလန်ပွီးနဲ့ စုန်တလန်ပွီး ဒုက္ခသည်စခန်းမှာ မူလတန်းကျောင်းတွေ ဖွင့်လှစ်ထားပြီး ကော်ဆော်မှာ အလယ်တန်းကျောင်းအထိ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ကြပါတယ်။ အဆိုပါကျောင်း ၃ကျောင်းတွင်း ပညာသင်ကြားသော ဒုက္ခသည်ကလေး အယောက် ၁၀၀ ခန့်ရှိကြပြီး ကျောင်းတစ်ကျောင်းတွင် ဆရာ၊ ဆရာမ ၃ယောက်ခန့်စီက ပညာသင်ပေးကြပါတယ်။ “ဒီတော်လှန်ရေးဟာ စကစလက်နက်ကိုင်တိုက်ခိုက်ရုံနဲ့မပြီးဘူး၊ ကျနော်တို့မှာကလေးတွေအတွက် ပညာရေးလည်းအရေးကြီးတယ်၊ ပြီးတော့ […]