ကျဆုံးသွားတဲ့ ရဲဘော်တွေကို သတိရရင်း အဆုံးထိ ချီတက်မယ်
လက်နက်ကိုင်တော်လှန်ရေး ကာလ ၂နှစ်ကျော်ကြာလာတဲ့ အချိန်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်တွေဖက်က ရဲဘော်တွေ ကျဆုံးမှုများ ရှိခဲ့သလို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဖက်၌လည်း နယ်မြေဆုံးရှူံးမှု၊ စစ်လက်နက်ပစ္စည်းနဲ့ လူအင်အားဆုံးရှူံးမှုတွေများခဲ့ပါတယ်။ တော်လှန်ရေးခရီးကြမ်းကို အတူတကွဖြတ်ကျော်ရင်း ကိုယ့်သူငယ်ချင်းနဲ့ ရဲဘော်ရဲဘက်တွေ ကျဆုံးတဲ့အခါမှာ အလွန်၀မ်းနည်းရသလို အဲဒီဆုံးရှုံးမှုကို တော်လှန်ရေး ခွန်အားအဖြစ် အားယူခဲ့ရတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) မှာ တာ၀န်ထမ်းဆောင်နေသော ရဲမေ မိုင်မတ်ဒါလင် က ပြောပါတယ်။ “အရင်က အတူတူပျော်ပါးခဲ့တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းတစ်ချို့ အခုဆိုရင် သူတို့ရဲ့ အုပ်ဂူကိုပဲ မြင်တွေ့ခွင့်ရတာတွေရှိလာတဲ့အခါမှာ အရမ်းကို ၀မ်းနည်းကြေကွဲရတယ်။ ဒါပေမယ့် အဲ့ဒီဆုံးရှုံးမှုကို တော်လှန်ရေးအတွက် ခွင်အားအနေနဲ့ မှတ်ယူပြီးတော့ ကိုယ့်ကိုကိုယ် ပိုပြီးကြံ့ခိုင်လာအောင် အမြဲကြိုးစားဖြစ်တယ်” လို့ မိုင်မတ်ဒါလင်က ပြောပါတယ်။ အသက် ၂၂ ၀န်းကျင်သာရှိသေးတဲ့ ရဲမေ […]