စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်ရန် မူ၀ါဒ CDF-Hakha ဗဟိုကောင်စီချမှတ်

CDF-Hakha ဗဟိုကောင်စီရဲ့ ဒုတိယအကြီမ် လူထုညီလာခံကို စက်တင်ဘာလ ၂၁ရက်နေ့မှ ၂၂ရက်နေ့အထိကျင်းပခဲ့ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်တိုက်ပွဲ၀င်ရန် မူ၀ါဒနှင့် လမ်းစဉ်များချမှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ CDF-Hakha ဗဟိုကောင်စီရဲ့ ပထမအကြီမ် လူထုညီလာခံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၉ရက်နေ့၊ ၂၀၂၂ ခုနှစ်ကကျင်းပခဲ့ပြီး ယခုနှစ်ကျင်းပတဲ့ ဒုတိယအကြီမ် လူထုညီလာခံတွင် အရင် CDF-Hakha ကောင်စီ နာမည်ကို CDF-Hakha ဗဟိုကောင်စီဟု ပြောင်းလဲကာ ဗဟိုကောင်စီခေါင်းဆောင်များကို ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ CDF-Hakha ဗဟိုကောင်စီရဲ့ ဒုတိယအကြီမ် လူထုညီလာခံတွင် ကိုယ်စားလှယ် ၃၅၈ဦး တက်ရောက်နိုင်ခဲ့ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းပတ်သက်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်လို့ ညီလာခံက ထုတ်ပြန်လိုက်ပါတယ်။ CDF-Hakha ဗဟိုကောင်စီရဲ့နယ်မြေများဖြစ်သော ဟားခါးမြို့နယ်အတွင်း ဇိုခွါဒေသ၊ ဆဲန်ထန်းဒေသ၊ မီဧဒေသနှင့် […]