ထန်တလန်မြို့ကို စကစက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
မနေ့ ဇွန်လ ၂၈ရက်၊ နေ့လယ်ပိုင်း ၁၂နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ ထန်တလန်မြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ “နေ့လယ်ပိုင်း ၁၂နာရီ ၀န်းကျင်မှာ စကတိုက်လေယာဉ်တစ်စင်းက နှစ်ကြီမ်လာပစ်သွားတယ်။ ပထမတစ်ကြီမ်မှာ ဗုံးတစ်လုံးချသွားတယ်။ ဒုတိယအကြိမ်မှာတော့ ဗုံး ၂လုံးချပြီး စကသေနက်နဲ့ပါ ပစ်သွားတယ်” လို့ ထန်တလန်ရှေ့တန်းတွင် တာ၀န်ထမ်းဆောင်နေသော ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော်တစ်ဦးက ပြောပါတယ်။ အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ထန်တလန်ဆေးရုံကြီးနားက လူနေအိမ် ၂လုံး မီးလောင်သွားခဲ့ပြီး မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့၀င်တွေတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။ မနေ့ မနက်ပိုင်း ၁၁နာရီ၀န်းကျင်တွင်လည်း မင်းတပ်မြို့နယ်၊ လုပ်ခေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၂လုံး ကြဲချခဲ့ကြောင်း သိရပါတယ်။
တော်လှန်ရေး ကြာလာပေမယ့် ပြည်သူတွေ အားပေးပံ့ပိုးမှု လျော့မကျ
လက်နက်ကိုင်တော်လှန်ရေး ကာလ ၂နှစ်ကျော်ကြာလာပြီ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ ချင်းပြည်သူတွေရဲ့ အားပေးပံ့ပိုးမှုဟာ လျော့ကျမသွားဘဲ ပိုမိုအားကောင်းလာတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ဗိုလ်မှူးကြီး ဆော်လမွန်ထန်ဒိန်းက ချင်းဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားပါတယ်။ “နွေဦးတော်လှန်ရေးပေါ်ပေါက်လာတော့ ကျနော်တို့ ချင်းတစ်မျိုးသားလုံး၊ လူကြီးလူငယ်အပါ၀င် အဖွဲ့အစည်းအားလုံးက CNA နဲ့ CDF ကို အမျိုးသားရေးစိတ်ဓါတ်နဲ့ အားပေးပံ့ပိုးလာကြတယ်။ ဉပမာပြောရရင် အစပိုင်းမှာ ဒေါ်လာ တစ်ရာ၊ နှစ်ရာထည့်၀င်တဲ့သူတွေက အခုနောက်ပိုင်းဆိုရင် ဒေါ်လာ ငါးထောင်တောင် ထည့်၀င်လာကြတယ်။ အဲဒီအဆင့် ဖြစ်လာတယ်ဆိုတော့ ကျနော့်အမြင်ပြောရင် လက်ရှိတော်လှန်ရေးမှာ ပြည်သူတွေရဲ့ CNA နဲ့ CDF အပေါ်အားပေးပံ့မှုက လျော့ကျသွားတာ မတွေ့ရဘူး” လို့ ပြောပါတယ်။ အခုလို ပြည်သူတွေရဲ့ တစ်ခဲနက် အားပေးထောက်ခံမှုနဲ့ ပံပိုးမှုတွေ ရရှိခြင်းဟာ […]
ချင်းဒုက္ခသည်စခန်း ၃ခုမှာ ကလေးတွေ ပညာရေး အကူအညီလိုအပ်
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းရှိ ချင်းဒုက္ခသည်စခန်း ၃ခုမှာ ကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသုံးပစ္စည်းအကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်ကလေးတွေကို ပညာသင်ကြပေးတဲ့ ဆရာတစ်ဦးက အကူအညီတောင်းပါတယ်။ “ပလက်၀ဖက်က ဒုက္ခသည်တွေ အဓိကနေထိုင်တဲ့ သီတလန်ပွီး၊ ကော်ဆော်နဲ့ စုန်တလန်ပွီး ဒုက္ခသည်စခန်းတွေမှာ ကလေးတွေပညာသင်ကြားနိုင်ရေးအတွက် ပြဌာန်းစာအုပ်၊ ဗလာစာအုပ်နဲ့ ခဲတံတွေ အကူအညီ လိုအပ်နေတယ်” လို့ ကျောင်းဆရာ ဆလိုင်းဇာဘွေက ပြောပါတယ်။ သီတလန်ပွီးနဲ့ စုန်တလန်ပွီး ဒုက္ခသည်စခန်းမှာ မူလတန်းကျောင်းတွေ ဖွင့်လှစ်ထားပြီး ကော်ဆော်မှာ အလယ်တန်းကျောင်းအထိ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ကြပါတယ်။ အဆိုပါကျောင်း ၃ကျောင်းတွင်း ပညာသင်ကြားသော ဒုက္ခသည်ကလေး အယောက် ၁၀၀ ခန့်ရှိကြပြီး ကျောင်းတစ်ကျောင်းတွင် ဆရာ၊ ဆရာမ ၃ယောက်ခန့်စီက ပညာသင်ပေးကြပါတယ်။ “ဒီတော်လှန်ရေးဟာ စကစလက်နက်ကိုင်တိုက်ခိုက်ရုံနဲ့မပြီးဘူး၊ ကျနော်တို့မှာကလေးတွေအတွက် ပညာရေးလည်းအရေးကြီးတယ်၊ ပြီးတော့ […]
ဟားခါးမှာ ရဲတစ်ဦးပစ်သတ်ခံရပြီး စကစတပ်ဖွဲ့က အရပ်သားတစ်ဦးကို ပစ်သတ်
မနေ့ ဇွန်လ ၉ရက်နေ့ ညနေပိုင်းတွင် ဟားခါးမြို့၌ အကြမ်းဖက်စစ်ကောင်စီရဲတပ်သားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်များက အပစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ညနေပိုင်း ၅နာရီခွဲခန့်တွင် ပြည်တော်သာရပ်ကွက်၊ ၀မ္မတူးမောင်အားကစားကွင်းအနီးတွင် တော်လှန်ရေးတပ်ဖွဲ့၀င်များနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီရဲတပ်သား ဦးနှီယာန်ဘိခ့် သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ည ၇နာရီအချိန်ခန့်တွင် ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သာမန်အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ “ညနေပိုင်း ၅နာရီခွဲလောက်မှာ ၀မ္မတူးမောင်အားကစားကွင်း၀င်ပေါက်နားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး စကစရဲတစ်ဦး သေသွားတယ်။ သေနတ်သံတွေကြားတာနဲ့ အနီးနားက ဈေးဆိုင်တွေလည်း အကုန်ပိတ်ကြတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ ၇နာရီလောက်မှာ ဗိုလ်ချုပ်လမ်းမဖက်မှာ ပြည်သူတစ်ဦး ပစ်သတ်ခံရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက ပစ်သတ်သွားသော အဆိုပါအရပ်သားဟာ အသက် ၄၆နှစ်အရွယ် ဦးသောခ့်ဟဲလျန် […]
ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်
ချင်းပြည်နယ်(ချင်းလဲန်) သို့ ဒေသခံချင်းပြည်သူများမှအပ ပြင်ပမှခရီးသည်များ ဝင်ရောက်ခြင်းကို ချင်းအမျိုးသားတပ်ဦး CNF က တားမြစ်လိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အများပြည်သူခရီးသည်ယာဉ်များကို အသုံးပြုကာ အရပ်ဝတ်ဖြင့် ချင်းပြည်နယ်သို့ဝင်ရောက်ပြီး စစ်ရေးဆိုင်ရာ အင်အားဖြည့်တင်း လျက်ရှိတယ်လို့ CNF ကဆိုပါတယ်။ ချင်းလဲန်သို့ လာရောက်ရန် အရေးကြီးကိစ္စရှိပါက သက်ဆိုင်ရာ CDF နှင့် PDF များ၏ ထောက်ခံစာဖြင့်သာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အဖွဲ့ဝင် (သို့မဟုတ်) လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်း CNF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ အမိန့်တစ်စုံတစ်ရာ ထပ်မံမထုတ်ပြန်မချင်း ဤထုတ်ပြန်ချက်ဟာအတည်ဖြစ်ပြီး ထုတ်ပြန်ချက်ပါအချက်များကို ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု CNF က အသိပေးထားပါတယ်။ ၂၀၂၃ ခုနှစ်မှစ၍ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် […]
သီမစ်တိုက်ပွဲတွင် စကစလက်နက်ခဲယမ်းတစ်ချို့ကို CNAနဲ့ CDF ရရှိ
ဟားခါးနဲ့ ထန်တလန်အကြား သီမစ်အနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတစ်ချို့ကို ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF ပူးပေါင်းတပ်ဖွဲ့၀င်များက သိမ်းဆည်းခဲ့ရကြောင်း သတင်းရရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဟားခါးမြို့နယ်၊ သီမစ်လွင်ပြင်မှ ထန်တလန်မြို့နယ်ဖက်ကို မေလကုန်ပိုင်းမှစ၍ ကုန်ကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးများဖြင့် အပြင်းအထန်ထိုးစစ်ဆင်လျှက်ရှိပါတယ်။ မေလ ၂၉ရက်နေ့မှ ဇွန်လ ၄ရက်နေ့အကြားတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်းသေဆုံးမယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်က ခန့်မှန်းထားပြီး ဒဏ်ရာရစကစတပ်သား ၁၅ဦး၀န်းကျင်လည်း ဟားခါးဆေးရုံသို့ ရောက်ရှိကြကြောင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ်၊ ကျည်ဆံ၊ ဒရုန်း၊ လက်ပစ်ဗုံးနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတစ်ချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ယနေ့ ဇွန်လ ၅ရက်နေ့တွင်လည်း သီမစ်အနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ ချင်းဂျာနယ်အနေနဲ့ သိရှိနိုင်ခြင်း မရှိသေးပါ။
ဟားခါး-ထန်တလန်အကြားကို စကစက အပြင်းအထန်ထိုးစစ်ဆင်နေ
ဟားခါးနဲ့ ထန်တလန်အကြားရှိ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ဖွဲ့၀င်များ ခြေကုတ်ယူထားသည့် နေရာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ရဟက်ယာဉ်များဖြင့်လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။ ထန်တလန်မြို့နယ်ဖက်ကို စစ်ကြောင်းထိုးရန် ဟားခါးမြို့မှ စစ်ကောင်စီတပ်အင်အား ၁၅၀ ၀န်းကျင်ဟာ ဟားခါး-ထန်တလန်အကြား သီမစ်ဖက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ရှိကြပြီး မေလ ၂၅ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်တာပါ။ သီမစ်အနီး လုံခါရ် (Lungkhar) နဲ့ သီမစ်အောက်ပိုင်းဖက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ခြေလျှင်တပ်ဖြင့် အဓိကထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိရာ မနေ့ မေလ ၂၉ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖက်၌ ထိခိုက်ကျဆုံးမှု တစ်ချို့ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်သည့်အပြင် ဟားခါးမြို့ကနေ လက်နက်ကြီးများဖြင့် ပစ်ကူပေးပါတယ်။ ယနေ့ […]
ဟားခါးမြို့မှာ ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ဓားထိုးခံရ
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မေလ ၂၁ရက်နေ့ နံနက်ပိုင်း ၁နာရီခန့်က အမျိုးသား ၂ဦးက မိသားစုတစ်စုကို ခြိမ်းခြောက်ဓားပြတိုက်ပြီး ဓားပြတိုက်ခံရတဲ့ မိသားစုကို ကူညီရန်လာရောက်သော အိမ်နီးချင်းအမျိုးသားတစ်ဦး ဓားထိုးခံရလို့ ဆေးရုံတင်ခဲ့ရကြောင်း သတင်းရရှိပါတယ်။ ဟားခါးမြို့၊ ခိုင်ကမ်းအားကစားခန်းမအောက်ဖက်ရှိ Ketheibo ရပ်ကွက်တွင် နေထိုင်သော ဦးဒုအွယ်တို့ မိသားစုကို နံနက်ပိုင်း ၁နာရီခန့်က လက်ပစ်ဗုံးတစ်လုံးနဲ့ ဓားတစ်လက်ပါရှိသော အမျိုးသား နှစ်ဦးက ဓားပြတိုက်ခြင်းဖြစ်ပြီး ဦးဒုအွယ်တို့ မိသားစုက အော်ဟစ်အကူအညီတောင်းလို့ ကူညီရန်လာရောက်သော အိမ်နီးချင်း ဦးကပ်ခေါမ်ကို ဓားပြတိုက်သူ နှစ်ဦးထဲမှ တစ်ဦးက လည်ပင်း၌ ဓားဖြင့်ထိုးခဲ့ပါတယ်။ ဓားပြ နှစ်ဦးက ဦးဒုအွယ်တို့မိသားစုရဲ့ ငွေသား၊ ဖုန်းနဲ့ အဖိုးတန်ရွှေများ လုယူသွားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “နံနက်ပိုင်း ၁နာရီလောက်မှာ ဖြစ်သွားတာပါ။ ကျပ် […]
အထိနာသော စကစ တပ်မ (၇၇)ကို သွားကြိုရန် ဟားခါးမှ စစ်ကူစေလွှတ်
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း တိုက်ပွဲတွင် အထိနာသော အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ (၇၇)ကို သွားကြိုရန် ဟားခါးမြို့မှ စစ်တပ်အင်အား ၁၅၀ ၀န်းကျင်ဟာ မေလ ၁၁ရက်နေ့က ဟားခါး-ဂန့်ဂေါ်လမ်းဖက်သို့ ထွက်ခွာခဲ့ကြောင်း သိရပါတယ်။ ဟားခါးမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့နဲ့ ၅မိုင်ခန့်အကွာတွင် တည်ရှိသည့် နီပီးကျေးရွာ လူနေအိမ်ထဲက ပစ္စည်များကို ဖောက်ထွင်းခိုးယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဟားခါးနဲ့ ဇိုခွာရွာအကြားတွင် အဆိုပါ စစ်ကူစစ်ကြောင်းနဲ့ CNA၊ CDF ပူးပေါင်းတပ်ဖွဲ့တို့ မနေ့က ၄နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာတွင် ညအိပ်သော တပ်မ (၇၇)ဟာ မေလ ၉ရက်နေ့တွင် ဟားခါးမြို့ဖက်သို့ ထွက်ခွာကြပြီး မနေ့က ရွာဗန်ရွာမရောက်ခင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း […]
မာလ်ဆောမ်ရွာ လူနေအိမ်ပစ္စည်းများကို စကစ တပ်မ (၇၇) က ခိုးယူဖျက်ဆီး
ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာအတွင်းရှိ လူနေအိမ်များကို အကြမ်းဖက်စစ်တပ်၏ တပ်မ (၇၇) တပ်သားတွေက ဖောက်ထွင်းပြီး အိမ်ထဲရှိ အဖိုးတန်ပစ္စည်းများကို ခိုးယူခဲ့ကြောင်း သိရပါတယ်။ ဂန့်ဂေါ်ဖက်မှ တက်လာသော တပ်မ (၇၇)ဟာ မေလ ၅ရက်နေ့တွင် မာလ်ဆောမ်ကျေးရွာကို ရောက်ရှိကြပြီး ၅ရက်ကြာ ရွာထဲ၌ တပ်ဆွဲခဲ့ပါတယ်။ မာလ်ဆောမ်နှစ်ခြင်းဘုရားကျောင်းနဲ့ ယုံကြည်သူအသင်းတော် ဘုရားကျောင်းများတွင် အကြမ်းဖက်စစ်သားများ ညအိပ်ကာ ဘုရားကျောင်းထဲမှာပင် ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။ မာလ်ဆောမ်ကျေးရွာသည် ဟားခါးမြို့နဲ့ ၃၅မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၅၀ခန့်၊ လူဦးရေ ၂၅၀ ၀န်းကျင်နေထိုင်ကြပါတယ်။ ဧပြီ ၃၀ရက်နေ့မှာ ရွာသားအားလုံး ဘေးလွက်ရာကို ထွက်ပြေးခဲ့ကြပါတယ်။ အကြမ်းဖက်စစ်သားတွေ မာလ်ဆောမ်ရွာကိုမ၀င်ရောက်ခင်မှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ရွာထဲကို ၂ကြီမ် ဗုံးကြဲခဲ့ပါတယ်။ အဆိုပါ ဗုံးကြဲမှုတွင် ရွာထဲရှိ နှစ်ခြင်းဘုရားကျောင်းအဆောက်အအုံနဲ့ […]