ဟားခါး-ထန်တလန်ကြား စကစစစ်သား ၂၅ဦး ထက်မနည်း သေဆုံးဟု CNF ထုတ်ပြန်

အောက်တိုဘာ ၁၃ရက်မှ ၁၈ရက်နေ့အထိ ဟားခါး-ထန်တလန်အကြားတိုက်ပွဲတွင် စကစစစ်သား ၂၅ဦးထက်မနည်း သေဆုံးပြီး CNAနှင့် CDF ဖက်တွင် ၄‌ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ကထုတ်ပြန်သည်။ ဟားခါးမြို့မှ သီမစ်ချောင်းဖက်သို စစ်ကြောင်းထိုးလာသော စကစတပ်အား CNA, CDF-Hakha, CDF-Thantlang, CDF-Lautu, CDF-Mara နှင့် CDF-Zophei တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ထန်တလန်ဖက်ကနေ လာတဲ့ စကစစစ်ကူအင်အား ၄၀ခန့်ကိုလည်း ချင်းပူးပေါင်းတပ်က ကြားညှပ်တိုက်ခိုက်ရာ စကစမှ လေကြောင်းအကူအညီနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ အောက်တိုဘာ ၁၃ရက် မှ ၁၈ရက်အတွင်းတိုက်ပွဲတွင် CNA ရဲဘော် ၃ဦးနှင့် CDF-Hakha ရဲဘော် ၁ဦး ကျဆုံးသွားကြပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးသွားသော ဘွန်လုံးရွာ ကလေးငယ် ၂ယောက်အား သင်္ဂြိုဟ်

အောက်တိုဘာ ၁၉ရက်နေ့က ဖြစ်ပွားသော ဟားခါးမြို့နယ်၊ ဆဲန်ထန်နယ်၊ ဘွန်လုံးကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသော သူငယ်တန်း ကလေးငယ် ၂ယောက်အား မနေ့ အောက်တိုဘာ ၂၀ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် ညနေပိုင်းကျောင်းဆင်းလာကြသော သူငယ်တန်းကျောင်းသား James Siang Za Uk နှင့် Henry Bawi Za Lian သေဆုံးခဲ့ပြီး ၎င်းတို့နဲ့အတူပြန်လာတဲ့ အတန်းတူ Nancy Ca Len Par လည်း နောက်ကြောတွင်ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူလျှက်ရှိသည်။ ရွာအတွင်းလက်နက်ကြီးကျရောက် ပေါက်ကွဲမှုမဖြစ်ခင် အရင်ရက်များတွင် ဘွန်လုံး‌ကျေးရွာအပေါ်သို့ စကစထောက်လှမ်းရေးဒရုန်း ပျံဝဲ‌ နေသည်ကို ရွာသားတွေက ၃ကြိမ်မကမြင်တွေ့ခဲ့ရကြောင်း ချင်းဂျာနယ်သို့ ပြောကြပါတယ်။ ဆဲန်ထန်နယ်ကို ကာကွယ်‌နေသော CDF-Hakha Battalion-2 (ဆဲန်ထန်တပ်ရင်း) နှင့် […]

လုံခြုံရေးတင်းကြပ်ထားသည့် ဟားခါးမြို့နယ်ဌာနဆိုင်ရာ စုပေါင်းရုံး မီးလောင်

ယနေ့ နံနက်ပိုင်း ၂နာရီခန့်တွင် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ လုံခြုံရေးတင်းကြပ်ထားသည့်စုပေါင်းရုံးအဆောက်အအုံ မီးလောင်သွားကြောင်း သတင်းရရှိသည်။ စုပေါင်းရုံးသည် မြို့နယ် လ၀က၊ မြို့နယ်ပညာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျေးလက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး စသည့် ဟားခါးမြို့နယ်ရုံးများ တစ်နေရာတည်းတွင် စုပေါင်းရုံးထိုင်သည့်နေရာဖြစ်ပြီး နံနက်ပိုင်း ၂နာရီခန့်က သေနက်ပစ်ခတ်သံတွေ ထွက်ပေါ်ပြီးနောက် မီးလောင်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “နံနက်ပိုင်း ၁နာရီနှင့် ၂နာရီကြားမှာ သေနက်ပစ်ခတ်သံနဲ့ ဗုံးပေါက်ကွဲသံတွေ ကျနော်တို့ကြားရတယ်။ ဒါပေမယ့် မြူတအားဆိုင်းလို့ ဘာမှမမြင်ရဘူး။ စုပေါင်းရုံးလောင်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စုပေါင်းရုံး၀န်ထမ်းတွေနဲ့ နီးစပ်သည့် ဟားခါးဒေသခံ တစ်ဦးက “မြို့နယ်ထွေအုပ်ရုံးခန်းနှင့် မြို့နည်စည်ပင်ရုံးခန်းလောင်သွားတယ်” လို့ ချင်းဂျာနယ်သို့ ပြောပါတယ်။ အခုမီးလောင်သွားသည့် စုပေါင်းရုံးသည် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားသည့် နေရာဖြစ်သည်။

ဟားခါးမြို့ ခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကားနှစ်စီးမီးလောင်

အောက်တိုဘာ ၁၅ရက် နံနက်ပိုင်း ၄နာရီခန့်က ဟားခါးမြို့ ဟားခါးထာရ်ရပ်ကွက်ရှိ စစ်ကောင်စီတပ်သားများ တပ်ဆွဲထားသည့် ဟားခါးခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကား ၂စီး မီးလောင်သွားကြောင်းသ်ရပါတယ်။ သေနက်ပစ်‌ခတ်သံများ ထွက်ပေါ်ပြီးနောက် မီးသတ်ကားနှစ်စီး မီးလောင်ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူရှိမရှိမသိရပေ။ အခုရက်ပိုင်းအတွင်း ဟားခါးမြို့တွင်းနှင့် ဟားခါး-ထန်တလန်အကြားတွင် တိုက်ပွဲငယ်များ နေ့စဉ်ဆိုသလိုဖြစ်ပွားသည်။ မနေ့ အောက်တိုဘာ ၁၆ရက် နံနက်ပိုင်း ၅နာရီခန့်တွင် ဟားခါးမြို့ ၀န်ကြီးအိမ်ယာဖက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်က လက်နက်ကြီးများဖြင့် ၂၆၆ တပ်စခန်းကနေ ပစ်ကူပေးသလို စစ်ကားနှစ်စီးအပြည့် စစ်ကူများလည်း စေလွှတ်ခဲ့သည်။ အဆိုပါတိုက်ပွဲသည် ၄၅မီနစ်ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်‌ခဲ့ကြောင်း သိရှိရသည်။ ယနေ့ အောက်တိုဘာ ၁၇ရက် နံနက်ပိုင်းတွင်လည်း ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်ဘက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။