မလေးရှားနိုင်ငံ ချင်းလူမှုရေးအဖွဲ့အစည်းရုံးခန်း စီးနင်းခံရ

ဇန်န၀ါရီ ၆ရက်ညတွင် မလေးရှားလူ၀င်မှုကြီးကြပ်ရေးတာ၀န်ရှိသူများက ကွာလာလမ်ပူမြို့၊ ဂျလန်အင်ဘီအရပ်၌ အထောက်ထားမဲ့ နိုင်ငံခြားသားများကိုဖမ်းဆီးတဲ့စစ်ဆင်ရေးပြုလုပ်ခဲ့စဉ် ချင်းလူမှုရေးအဖွဲ့အစည်းရုံးခန်းတစ်ခုလည်း စီးနင်းခံခဲ့ရကြောင်း သိရပါတယ်။ စီးနင်းခံရသော အဆိုပါရုံးခန်းသည် မလေးရှားနိုင်ငံရောက် မတူ(ချင်း)မျိုးနွယ်စုများအတွက် သာရေးနာရေးလုပ်ငန်းနှင့် လူမှုရေးအသင်း၀င်ကဒ်များ (Matu Community Member Card) ထုတ်‌ေ၀ပေးသော မတူလူမှုအဖွဲ့အစည်းရဲ့ ရုံးခန်းဖြစ်ကြောင်း မလေးရှာချင်းလူမှုရေးအဖွဲ့တစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ “အဲဒီညမှာ မတူလူမှုအဖွဲ့အစည်းရုံးခန်းလည်း စီးနင်းခံရတယ်။ ကျနော်တို့ မလေးရှားမှာ ချင်းမျိုးနွယ်စုအလိုက်ဖွဲ့စည်းထားတဲ့ လူမှုရေးအသင်းအဖွဲ့တွေရှိကြတယ်လေ။ အသင်းအဖွဲ့တိုင်းမှာ လူမှုရေးအသင်း၀င်ကဒ်တွေရှိကြတယ်။ အသင်း၀င်ကဒ်တွေ အသုံးပြုခြင်းအားဖြင့် သာရေးနာရေးလုပ်ငန်းနှင့် ဒုက္ခသည်ကိစ္စတွေဆောင်ရွက်ရာမှာ ပိုပြီးလွယ်ကူတယ်” လို့ မလေးရှာချင်းလူမှုရေးအဖွဲ့တစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ အဆိုပါ လူမှုရေးအသင်း၀င်ကဒ်များသည် UNHCR အသိမှတ်ပြုသော Card မဟုတ်ပဲ မိမိမျိုးနွယ်စုများအကြား သာရေးနာရေးအတွက် အဓိကထုတ်‌ေ၀ပေးသော လူမှုရေးကဒ်များသာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ […]