၂၀၂၂ခုနှစ်အတွင်း ဟားခါးမြို့နယ်မှာ အပြစ်မဲ့ပြည်သူ ၉ဦး သေဆုံးခဲ့
၂၀၂၂ခုနှစ်အတွင်း ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးနဲ့ သေနက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၉ ဦး သေဆုံးခဲ့ကြပါတယ်။ မတ်လ ၄ရက်နေ့မှာ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာသား ဦးရွန်ဟူး (၄၉)နှစ်အား စစ်ကောင်စီတပ်သားများက ရွာအတွင်း ၎င်းရဲ့နေအိမ်အနီး၌ ပစ်သတ်ခဲ့ကြပြီး လူနေအိမ် ၁၀၀ ကျော်ကို ဖောက်ထွင်းကာ ပစ္စည်းအများအပြားခိုးယူသွားခဲ့ကြပါတယ်။ ဇူလိုင်လ ၂၅ရက်နေ့တွင် ဟားခါးမြို့နယ်၊ နှီယာလောန်ကျေးရွာတွင် မူကြိုကျောင်းကလေးတွေ ကယ်ထုတ်ဖို့သွားရောက်တဲ့ ဆလိုင်းမန်လျန်ဆန် (၂၂)နှစ်အား စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ကြပါတယ်။ ဩဂုတ် ၁၀ရက်နေ့တွင် ဟားခါးစစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီး နှီယာလောန်ကျေးရွာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေါ်ချာနှဲမ် (၅၅)နှစ် သေဆုံးသွားခဲ့သည်။ ဩဂုတ် ၁၂ ရက်နေ့တွင် ဟားခါးမှ ဂန့်ဂေါ်ဖက်သို့ထွက်ခွာသော ပါဂျေရိုအိမ်စီးကားတစ်စီး ဟားခါးမြို့နှင့် ၄မိုင်ခန့်အကွာတွင် ပစ်ခက်ခံရလို့ ကလေးတစ်ယောက်မိခင် ဒေါ် […]
လက်နက်ကြီးကြောင့် သေဆုံးသွားသော ဘွန်လုံးရွာ ကလေးငယ် ၂ယောက်အား သင်္ဂြိုဟ်
အောက်တိုဘာ ၁၉ရက်နေ့က ဖြစ်ပွားသော ဟားခါးမြို့နယ်၊ ဆဲန်ထန်နယ်၊ ဘွန်လုံးကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသော သူငယ်တန်း ကလေးငယ် ၂ယောက်အား မနေ့ အောက်တိုဘာ ၂၀ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် ညနေပိုင်းကျောင်းဆင်းလာကြသော သူငယ်တန်းကျောင်းသား James Siang Za Uk နှင့် Henry Bawi Za Lian သေဆုံးခဲ့ပြီး ၎င်းတို့နဲ့အတူပြန်လာတဲ့ အတန်းတူ Nancy Ca Len Par လည်း နောက်ကြောတွင်ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူလျှက်ရှိသည်။ ရွာအတွင်းလက်နက်ကြီးကျရောက် ပေါက်ကွဲမှုမဖြစ်ခင် အရင်ရက်များတွင် ဘွန်လုံးကျေးရွာအပေါ်သို့ စကစထောက်လှမ်းရေးဒရုန်း ပျံဝဲ နေသည်ကို ရွာသားတွေက ၃ကြိမ်မကမြင်တွေ့ခဲ့ရကြောင်း ချင်းဂျာနယ်သို့ ပြောကြပါတယ်။ ဆဲန်ထန်နယ်ကို ကာကွယ်နေသော CDF-Hakha Battalion-2 (ဆဲန်ထန်တပ်ရင်း) နှင့် […]