သိက္ခာတော်ရ ဆရာတော်ကို စကစက အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် ၂၀ ချ

မန္တလေးမြို့၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော်ကြီး သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်း (Rev- Thian Lian Sang) ကို စစ်ကောင်စီက ယမန်နေ့ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။ သိက္ခာတော်ရဆရာ သျှန်းလျှန်ဆန်းကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က မန္တ လေးမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဇွန်လ ၁၅ ရက်နေ့က ပုဒ်မ ၅၀၅(က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၄၉ (က) ဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်ကာ စုစု ပေါင်းထောင်ဒဏ် […]