ကန်ပက်လက်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စကစ ၃ဦးသေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စဘက်တွင် စစ်သား ၃ဦး သေဆုံးပြီး CDF-ကန်ပက်လက်ဘက်တွင် ရဲဘော်တစ်ဦး ဒဏ်ရာရရှိတယ်လို့ CDF-ကန်ပက်လက်က ယနေ့ညတွင် ထုတ်ပြန်ပါတယ်။ ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် ထွက်ခွာလာသော အင်အား ၃၀၀ ကျော် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းနဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့တို့အကြား အုံလမ်းခွဲတွင် ဇူလိုင်လ ၂၄ရက်နေ့ ညနေ ၅ နာရီမှ ၅ နာရီခွဲအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်သား ၃ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၂၅ရက်နေ့ နံနက်ပိုင်း ၈နာရီအချိန်တွင်လည်း နတ်စင်ကုန်းအနီးတွင် စစ်ကောင်စီတပ်နဲ့ CDF-ကန်ပက်လက်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF-ကန်ပက်လက်မှ ရဲဘော် တစ်ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိထားတယ်လို့ ဖော်ပြထားပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိမှု၊ ကျဆုံးမှုနဲ့ ပတ်သက်လို့ […]

ကူကီး-ချင်းတွေနဲ့ ထပ်တူခံစားရကြောင်း မီဇိုရမ်းတွင် ဆန္ဒထုတ်ဖော်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် လူများစု ကသည်းလူမျိုးတွေရဲ့ အကြမ်းဖက်ခြင်းခံရတဲ့ ကူကီး-ချင်း ညီအကိုတွေနဲ့အတူ ထပ်တူထပ်မျှခံစားရကြောင်း မီဇိုပြည်နယ်တွင် ဇူလိုင် ၂၅ရက် ယနေ့တွင် ပြည်နယ်လုံးကျွတ် ဆန္ဒထုတ်ဖော်ပွဲကျင်းပကြပါတယ်။ မီဇိုရမ်ပြည်နယ် မြို့ကြီးများဖြစ်ကြသည့် အိုင်ဇော်လ်၊ ကျွန်ဖိုင်၊ လုံလဲ၊ လောင်တလိုင်နဲ့ အခြားမြို့များတွင် တပြိုင်တည်း ဆန္ဒထုတ်ဖော်ပွဲကျင်းပကြတာပါ။ အိုင်ဇောလ်မြို့ ဆန္ဒပြပွဲတွင် လူတစ်‌သိန်းကျော်ပါ၀င်ဆင်နွဲကြပြီး အခြားမြို့ကြီးများတွင်လည်း ဆိုင်ခန်းတွေအကုန်ပိတ်ကာ ကူကီး-ချင်း ညီအကိုတွေနဲ့အတူ ထပ်တူထပ်မျှခံစားရကြောင်း လမ်း‌လျှောက်ဆန္ဒထုတ်ဖော်ပွဲ ကျင်းပကြပါတယ်။ ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတွင် ကူကီး-ချင်း အမျိုးသမီး ၂ဦးကို ကသည်းလူအုပ်စုက အ၀တ်ဗလာကိုလုံးတည်းနဲ့ ဖမ်းဆီးခေါ်ဆောင်သည့် တုန်လှုပ်ချောက်ချားဖွယ်ရာ ရုပ်သံပျန့်နှံ့လာခဲ့ပြီး အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်သည့် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။