ကူကီး-ချင်းတွေနဲ့ ထပ်တူခံစားရကြောင်း မီဇိုရမ်းတွင် ဆန္ဒထုတ်ဖော်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် လူများစု ကသည်းလူမျိုးတွေရဲ့ အကြမ်းဖက်ခြင်းခံရတဲ့ ကူကီး-ချင်း ညီအကိုတွေနဲ့အတူ ထပ်တူထပ်မျှခံစားရကြောင်း မီဇိုပြည်နယ်တွင် ဇူလိုင် ၂၅ရက် ယနေ့တွင် ပြည်နယ်လုံးကျွတ် ဆန္ဒထုတ်ဖော်ပွဲကျင်းပကြပါတယ်။

မီဇိုရမ်ပြည်နယ် မြို့ကြီးများဖြစ်ကြသည့် အိုင်ဇော်လ်၊ ကျွန်ဖိုင်၊ လုံလဲ၊ လောင်တလိုင်နဲ့ အခြားမြို့များတွင် တပြိုင်တည်း ဆန္ဒထုတ်ဖော်ပွဲကျင်းပကြတာပါ။

အိုင်ဇောလ်မြို့ ဆန္ဒပြပွဲတွင် လူတစ်‌သိန်းကျော်ပါ၀င်ဆင်နွဲကြပြီး အခြားမြို့ကြီးများတွင်လည်း ဆိုင်ခန်းတွေအကုန်ပိတ်ကာ ကူကီး-ချင်း ညီအကိုတွေနဲ့အတူ ထပ်တူထပ်မျှခံစားရကြောင်း လမ်း‌လျှောက်ဆန္ဒထုတ်ဖော်ပွဲ ကျင်းပကြပါတယ်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတွင် ကူကီး-ချင်း အမျိုးသမီး ၂ဦးကို ကသည်းလူအုပ်စုက အ၀တ်ဗလာကိုလုံးတည်းနဲ့ ဖမ်းဆီးခေါ်ဆောင်သည့် တုန်လှုပ်ချောက်ချားဖွယ်ရာ ရုပ်သံပျန့်နှံ့လာခဲ့ပြီး အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်သည့် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။