ချင်းပြည်နယ် စကစစခန်း ၉ခုကို ၂နှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ဟု NUG ထုတ်ပြန်

ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၉ခုကို ၂နှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့စက်တင်ဘာ ၇က်နေ့မှာ ထုတ်ပြန်တဲ့ ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့တဲ့ ပထမနှစ်မှာ ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုသာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒုတိယနှစ်တွင် စစ်ကောင်စီစခန်း ၈ခုအထိ စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ယနေ့ စက်တင်ဘာလ ၇ရက်နေ့တွင် ကျရောက်သော ခုခံတွန်းလှန်စစ် ၂နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာလ ၂၀၂၁ ခုနှစ်မှ ဩဂုတ်လ ၂၀၂၂ အတွင်း ချင်းပြည်နယ်မှာ တိုတ်ပွဲပေါင်း ၃၀၄ကြီမ် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ၂၀၂၂ ခုနှစ်မှ ဩဂုတ်လ ၂၀၂၃ အတွင်း တိုက်ပွဲ ၂၄၉ ကြီမ်၊ စုစုပေါင်း တိုက်ပွဲ […]