ချင်းပြည်နယ် စကစစခန်း ၉ခုကို ၂နှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ဟု NUG ထုတ်ပြန်

ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၉ခုကို ၂နှစ်အတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့စက်တင်ဘာ ၇က်နေ့မှာ ထုတ်ပြန်တဲ့ ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့တဲ့ ပထမနှစ်မှာ ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုသာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒုတိယနှစ်တွင် စစ်ကောင်စီစခန်း ၈ခုအထိ စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ယနေ့ စက်တင်ဘာလ ၇ရက်နေ့တွင် ကျရောက်သော ခုခံတွန်းလှန်စစ် ၂နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၀၂၁ ခုနှစ်မှ ဩဂုတ်လ ၂၀၂၂ အတွင်း ချင်းပြည်နယ်မှာ တိုတ်ပွဲပေါင်း ၃၀၄ကြီမ် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ၂၀၂၂ ခုနှစ်မှ ဩဂုတ်လ ၂၀၂၃ အတွင်း တိုက်ပွဲ ၂၄၉ ကြီမ်၊ စုစုပေါင်း တိုက်ပွဲ ၅၅၃ကြီမ် ချင်းပြည်နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ အစီရင်စာက ဆိုပါတယ်။

ယင်းအစီရင်ခံစာတွင် မြန်မာတစ်ပြည်လုံးအတိုင်းအတာနဲ့ ၂နှစ်အတွင်း တိုက်ပွဲပေါင်း ၉၉၀၀ ခန့်ဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးသောင်းခန့် သေဆုံံးတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ခြေလျင်တပ်ရင်း ၂၁၄ ရင်း၊ ခြေမြန်တပ်ရင်း ၃၀၇ ရင်းဖြင့် မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅၀၀၀ ခန့်ရှိနိုင်ပြီး လေတပ်၊ ရေတပ်နဲ့ လက်ရုံးတပ်များအပါအဝင် အင်အား ၂၂၅၀၀၀- ၂၄၀၀၀၀ ခန့် ရှိနိုင်သည်ဟု NUG က ခန့်မှန်းထားပါတယ်။

“မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ၊ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက် ဖျက်ကြပါ” ဟူသော NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ မိန်းခွန်နဲ့အတူ ၂၀၂၁ စက်တင်ဘာလ ၇ ရက်မှစပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြပါတယ်။