ထန်တလန်စစ်ဘေးရှောင် ၂နှစ်ပြည့်ကိုဆုတောင်းခြင်း အစီစဉ်နဲ့ကျင်းပ

ပြည်တွင်းနှင့် ပြည်ပမှာ ခိုလှုံနေထိုင်ကြသော ထန်တလန် စစ်ဘေးရှောင်များက ၎င်းတို့ခိုလှုံရာနေရပ်အသီးသီး၌ ထန်တလန်စစ်ဘေးရှောင်ခြင်း ၂နှစ်ပြည့်ကို ဆုတောင်းခြင်း အစီစဉ်များနဲ့ ကျင်းပပြုလုပ်ကြပါတယ်။ ဟားခါးမြို့မှာ ခိုလှုံနေထိုင်ကြသော ထန်တလန်စစ်ဘေးရှောင်များက စက်တင်ဘာ ၁၀ရက်နေ့မှာ ၎င်းတို့စစ်ဘေးရှောင်းခြင်း ၂နှစ်ပြည့်ကို ဆုတောင်းခြင်းနဲ့ ကျင်းပခဲ့သလို မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှာလည်း ထန်တလန်စစ်ဘေးရှောင် ၂နှစ်ပြည့်ကို စက်တင်ဘာ ၁၆ရက်နေ့ ဒီကနေ့မှာ ၀က်ပြုဆုတောင်းခြင်း အစီစဉ်နဲ့ ပြုလုပ်ကြပါတယ်။ “အခုဆိုရင် ကျနော်တို့ စစ်ဘေးရှောင်ဘ၀နဲ့ နေလာတာ ၂နှစ်ရှိသွားပြီ။ အချိန်‌တွေကြာလာပေမယ့် ဘုရားသခင်ဟာ ကျနော်တို့နဲ့အတူ အမြဲတမ်းရှိတယ် ဆိုတာကို သတိရဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် ထန်တလန်စစ်ဘေးရှောင် ၂နှစ်ပြည့်ကို ဆုတောင်းခြင်းနဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ်” လို့ လောင်တလိုင်မြို့မှာ စစ်ဘေးရှောင်နေသော ထန်တလန် ဒေသခံ အမှု‌တော်ဆောင်တစ်ပါးက ပြောပါတယ်။ အောက်တိုဘာ ၂၉ရက်နေ့ […]