ထန်တလန် စကစတပ်သား ၂ဦး လက်နက်များနဲ့ CNA/CDF ထံသို့ ထွက်ပြေး
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား နှစ်ဦးသည် ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်များနဲ့အတူ CDF နှင့် CNA တပ်ဖွဲ့၀င်များထံသို့ ထွက်ပြေးခိုလှုံလာကြကြောင်း သတင်းရရှိသည်။ “သူတို့ ညပိုင်းမှာ ထွက်ပြေးလာကြတယ်။ ထန်တလန်မြို့တွင်း CDF နှင့် CNA တပ်ဖွဲ့၀င်များအခြေချသည့်နေရာကို ထွက်ပြေးလာကြတာပါ။ သေနက် ၂လက်နှင့် ကျည်ဆံတွေပါလာကြတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၂ဦးကို CDF နှင့် CNA တပ်ဖွဲ့၀င်များက နွေးထွေးစွာကြိုဆိုကြပြီး လုံခြုံသည့်နေရာဖက်သို့ ညတွင်းချင်းပို့ဆောင်ပေးကြပါတယ်။ ဟားခါး-ထန်တလန်အကြားမှာ ပြီးခဲ့တဲ့ နို၀င်ဘာလအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအကူအညီတွေလည်း အသုံးပြုခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးနှင့် ၅မိုင်ခန့်ရှိသည့် သီမစ်လွင်ပြင်အထိသာ ရောက်ရှိနိုင်ကြပြီး ထန်တလန်မြို့ဖက်ကို ကုန်းလမ်းဖြင့် စစ်ကူပို့နိုင်ခြင်း […]
စစ်ကောင်စီရဲတပ်သားတစ်ဦး CDF-Daai ထံသို့ အလင်း၀င်
CDF-Daai တော်လှန်ရေးတပ်ဖွဲ့ထံသို့ စစ်ကောင်စီရဲတပ်သားတစ်ဦးသည် ဒီဇင်ဘာ ၁၉ရက်နေ့က အလင်း၀င်ခဲ့ကြောင်း CDF-Daai ကထုတ်ပြန်သည်။ မန္တလေးတိုင်း၊ အမရပူရခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား လေဆန်း (ကိုင်ပိုင်အမှတ် လ/၂၇၈၅၁၃) သည် အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတာကြောင့် အလင်း၀င်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်သူနဲ့ပူးပေါင်းလာသည့် ရဲတပ်သား လေဆန်းကို CDF-Daai တပ်ဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လွတ်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆဆောင်ပေးခဲ့ကြောင်း အသိပေးထားသည်။ စစ်ကောင်စီလက်အောက်မှာ တာ၀န်ထမ်းဆောင်လိုခြင်းမရှိသဖြင့် အလင်း၀င်ကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံလိုသူ ပြည်သူ့ရဲများအား နွေးထွေးစွာကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း CDF-Dai က ဖော်ပြထားပါတယ်။
စကစတပ်ဖွဲ့၀င် ၄ဦး CDF-Zophei ထံသို့ လက်နက်များနှင့် အလင်း၀င်
ချင်းပြည်နယ်၊ ဟားခါးမြို့အခြေဆိုက် စကစ ၂၆၆ တပ်ရင်းမှ တပ်သား ၃ဦးနှင့် ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးတို့သည် လက်နက်နဲ့ စစ်အသုံးဆောင်ပစ္စည်းများနှင့် CDF-Zophei ထံသို့ အလင်း၀င်ခဲ့ကြကြောင်း သတင်းရရှိသည်။ စကစ ၂၆၆ တပ်ရင်းမှ တပ်သား ဇင်ကိုထက်၊ အောင်ဖြိုးမင်းနှင့် သက်နိုင်ထွန်းတို့သည် ယခုနှစ် စက်တင်ဘာလတွင် သေနက် ၂လက်၊ လက်ပစ်ဗုံး ၃ခုနှင့် ကျည်ဆံ ၇၀၀ကျော်ယူဆောင်ကာ CDF-Zophei ထံသို့ ခိုလှုံခဲ့ကြသည်။ ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား အောင်ထန်း လည်း G3 သေနက်တစ်လက်၊ ကျည်ဆံ ၁၃၀ ကျော်၊ ကြည်ကာတစ်စုံနှင့် အခြားရဲအသုံးအဆောင်ပစ္စည်းများနှင့် ယခုနှစ် နို၀င်ဘာလ ၁၅ရက်နေ့တွင် CDF-Zophei ထံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ CDM ပြုလုပ်ပြီး ပြည်သူနှင့်ပူးပေါင်းလာကြသည့် စကစ […]