စစ်ကောင်စီရဲတပ်သားတစ်ဦး CDF-Daai ထံသို့ အလင်း၀င်

CDF-Daai တော်လှန်ရေးတပ်ဖွဲ့ထံသို့ စစ်ကောင်စီရဲတပ်သားတစ်ဦးသည် ဒီဇင်ဘာ ၁၉ရက်နေ့က အလင်း၀င်ခဲ့ကြောင်း CDF-Daai ကထုတ်ပြန်သည်။

မန္တလေးတိုင်း၊ အမရပူရခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ​လေဆန်း (ကိုင်ပိုင်အမှတ် လ/၂၇၈၅၁၃) သည် အာဏာသိမ်းစစ်​ကောင်စီ လက်​အောက်မှာ ဆက်လက်တာဝန်ထမ်း​ဆောင်လိုခြင်း မရှိတာ​ကြောင့် အလင်း၀င်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူနဲ့ပူးပေါင်းလာသည့် ရဲတပ်သား လေဆန်းကို CDF-Daai တပ်ဖွဲ့က နွေး​ထွေးစွာ ကြိုဆိုခဲ့ပြီး လွတ်​မြောက်နယ်​မြေ တစ်​နေရာသို့ ပို့​ဆဆောင်ပေးခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီလက်အောက်မှာ တာ၀န်ထမ်းဆောင်လိုခြင်းမရှိသဖြင့် အလင်း၀င်ကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံလိုသူ ပြည်သူ့ရဲများအား နွေးထွေးစွာကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း CDF-Dai က ဖော်ပြထားပါတယ်။