ဟားခါးမြို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်

အောက်တိုဘာ ၂၂ရက်၊ ည ၁၀ နာရီခွဲခန့်က ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ မြို့မရဲစခန်းအနီးက စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်သွားကြောင်း သတင်းရရှိသည်။ “မြို့မရဲစခန်းအနီးမှာရှိတဲ့ ပြည်နယ်စာရင်းစစ်ရုံးလောင်သွားတယ်။ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး။ ဘာကြောင့် လောင်သွားလဲဆိုတာလည်း ကျနော်တို့မသိဘူး။ သေနက်ပစ်ခတ်သံ ၅ချက်လောက်‌ကြားရတယ်” လို့ ဈေးဟောင်းရပ်ကွက်နေလူတစ်ဦးက ပြောပါတယ်။ နံနက်ပိုင်း ၂နာရီခန့်တွင် မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း အဆောက်အအုံအတွင်းရှိ ရုံးနဲ့သက်ဆိုင်တဲ့ အသုံးအဆောင်နဲ့ စာရွက်စာတမ်းအားလုံး ပျက်ဆီးသွားကြောင်း သိရှိရသည်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟားခါးမြို့ရှိ ခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကား ၂စီး မီးလောင်ကျွမ်းခဲ့ရသလို ချင်းဦးစီးရပ်ကွက်ရှိ ဌာနဆိုင်ရာ စုပေါင်းရုံးလည်း မီးလောင်ခဲ့ပါတယ်။

ဖားကန့်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ တွေ့ရှိမှု ၈၀ ဝန်းကျင်ထိရှိလာ

ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခံယူခွင့်မရအောင် စစ်ကောင်စီတပ်မှ ယနေ့ ည ၇နာရီခွဲအထိ ပိတ်ဆို့ထားဆဲဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန Kachin News Group (KNG) ကရေးထားပါတယ်။ ပြင်းထန် ဒဏ်ရာရရှိသူများကို ပြည်သူများကို မြစ်ကြီးနားနှင့် ဖားကန့်ဆေးရုံကြီးများတွင် ဆေးကုသပေးရန်အရေးပေါ်လိုအပ်နေသော်လည်း ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထွက်ဂိတ်တွင် စစ်ကောင်စီတပ်မှ လူနားများကို ထွက်ခွင့်မပေးဘဲ တားမြစ်ခံထားရဆဲဖြစ်သည်ဟု လူနာများဆေးကုသခွင့်ရရှိအောင် ကြိုးပမ်းပေးနေသည့် အမျိုးသားတစ်ဦး KNG ကိုပြောသည်။ “မနက်ပိုင်းတော့ လူမှုကူညီရေးအသင်းတွေသွားညှိကြတယ် မရခဲ့ဘူး။ အဲ့ကြောင့် ဖားကန့် KBC အဖွဲ့က ဆရာကြီးအဖွဲ့တွေကိုယ်တိုင် အဲ့ဂိတ်မှာ သွားညှိကြတယ်။ မရခဲ့လို့ ပြန်ခေါက်လာကြတယ်။ ယနေ့ည မိုးချုပ်တဲ့အထိ ဘယ်လိိုမှ […]