မတူပီမြို့နယ်ထဲ CNA တပ်ချမှုအပေါ် လက်ခံကြောင်း ပူးတွဲထုတ်ပြန်

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ CDF-Matupi တပ်ရင်း (၂)နယ်မြေအတွင်း၌ ချင်းအမျိုးသားတပ်မတော် (CNA) တပ်စခန်းချမှုပေါ် လက်ခံကြောင်း CDF Matupi တပ်ရင်း (၂)၊ Global Cingtlang CDF Supporting Committee နဲ့ Cingtlang ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့က ယနေ့ စက်တင်ဘာ ၈ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားပါတယ်။ စစ်ရေးအရ အရေးပါသော ဟားခါး-မတူပီအကြား CDF-Matupi တပ်ရင်း (၂)နယ်မြေတွင် တပ်ချပေးရန် အကူအညီတောင်းခဲ့သည့်အတိုင်း CNF/CNA မှ တပ်ချမှု‌အပေါ် ၀မ်းမြောက်၀မ်းသာဖြစ်ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ CDF-Matupi တပ်ရင်း (၂)နယ်မြေတွင် CNA တပ်စခန်းတစ်ခုထားပေးရန်နဲ့ မတူပီမြို့နယ်အတွင်း စည်းရုံးရေးလုပ်မည်ဆိုပါက လူထုအကြားအမြင်ကွဲလွဲမှုများ ရှောင်ရှားနိုင်ရန်အတွက် CDF-Matupi ကို အကြောင်းကြားပေးရန် CDF-Matupi က CNA ကို […]

ZRA အဖွဲ့ကို လက်စားချေတိုက်ခိုက်မည်ဟု CDF-Tonzang ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီနဲ့ လက်တွဲသော အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ် အခြေစိုက် Zomi Revolutionary Army (ZRA) လက်နက်ကိုင်အဖွဲ့ကို လက်စားချေတိုက်ခိုက်မည်ဟု CDF-Tonzang က စက်တင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ZRA လက်နက်ကိုင်အဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ လက်တွဲပြီး ဩဂုတ် ၃၁ ရက်နေ့တွင် CDF-Tonzang တပ်ဖွဲ့ရဲ့ ယာယီစခန်းကို သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့ရာ CDF-Tonzang တပ်ဖွဲ့၀င် ပေါင်ကပ်ထန် ကျဆုံးခဲ့ပြီး လက်နက်တစ်ချို့ ဆုံးရှုံးခဲ့ရတယ်လို့ CDF-Tonzang ကဆိုပါတယ်။ CDF-Tonzang တပ်ဖွဲ့ဟာ ZRA ကို တိုက်ခိုက်ရန် ဖွဲ့စည်းထားသော တော်လှန်ရေးတပ်ဖွဲ့ မဟုတ်သော်လည်း စစ်ကောင်စီနဲ့ ပူးပေါင်းသော ZRA တပ်ဖွဲ့ကို အခြေအနေအရ မဖြစ်မနေလက်စားချေ တိုက်ထုတ်ရတော့မယ်လို့ ကြေညာထားပါတယ်။ CDF-Tonzang တပ်ဖွဲ့ဟာ Chinland […]