မတူပီမြို့နယ်ထဲ CNA တပ်ချမှုအပေါ် လက်ခံကြောင်း ပူးတွဲထုတ်ပြန်

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ CDF-Matupi တပ်ရင်း (၂)နယ်မြေအတွင်း၌ ချင်းအမျိုးသားတပ်မတော် (CNA) တပ်စခန်းချမှုပေါ် လက်ခံကြောင်း CDF Matupi တပ်ရင်း (၂)၊ Global Cingtlang CDF Supporting Committee နဲ့ Cingtlang ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့က ယနေ့ စက်တင်ဘာ ၈ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားပါတယ်။

စစ်ရေးအရ အရေးပါသော ဟားခါး-မတူပီအကြား CDF-Matupi တပ်ရင်း (၂)နယ်မြေတွင် တပ်ချပေးရန် အကူအညီတောင်းခဲ့သည့်အတိုင်း CNF/CNA မှ တပ်ချမှု‌အပေါ် ၀မ်းမြောက်၀မ်းသာဖြစ်ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CDF-Matupi တပ်ရင်း (၂)နယ်မြေတွင် CNA တပ်စခန်းတစ်ခုထားပေးရန်နဲ့ မတူပီမြို့နယ်အတွင်း စည်းရုံးရေးလုပ်မည်ဆိုပါက လူထုအကြားအမြင်ကွဲလွဲမှုများ ရှောင်ရှားနိုင်ရန်အတွက် CDF-Matupi ကို အကြောင်းကြားပေးရန် CDF-Matupi က CNA ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁ရက်နေ့က တောင်းဆိုခဲ့ပါတယ်။