ထန်တလန် စကစတပ်သား ၂ဦး လက်နက်များနဲ့ CNA/CDF ထံသို့ ထွက်ပြေး

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား နှစ်ဦးသည် ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်များနဲ့အတူ CDF နှင့် CNA တပ်ဖွဲ့၀င်များထံသို့ ထွက်ပြေးခိုလှုံလာကြကြောင်း သတင်းရရှိသည်။ “သူတို့ ညပိုင်းမှာ ထွက်ပြေးလာကြတယ်။ ထန်တလန်မြို့တွင်း CDF နှင့် CNA တပ်ဖွဲ့၀င်များအခြေချသည့်နေရာကို ထွက်ပြေးလာကြတာပါ။ သေနက် ၂လက်နှင့် ကျည်ဆံတွေပါလာကြတယ်” လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၂ဦးကို CDF နှင့် CNA တပ်ဖွဲ့၀င်များက နွေးထွေးစွာကြိုဆိုကြပြီး လုံခြုံသည့်နေရာဖက်သို့ ညတွင်းချင်းပို့ဆောင်ပေးကြပါတယ်။ ဟားခါး-ထန်တလန်အကြားမှာ ပြီးခဲ့တဲ့ နို၀င်ဘာလအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းအကူအညီတွေလည်း အသုံးပြုခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးနှင့် ၅မိုင်ခန့်ရှိသည့် သီမစ်လွင်ပြင်အထိသာ ရောက်ရှိနိုင်ကြပြီး ထန်တလန်မြို့ဖက်ကို ကုန်းလမ်းဖြင့် စစ်ကူပို့နိုင်ခြင်း […]

ဟားခါးမြို့ တွင်း ခရစ္စမတ်ပွဲတော်ကို ၀တ်ပြုဆုတောင်းခြင်း အစီစဉ်နဲ့သာ ကျင်းပ

ဟားခါးမြို့တွင်း အသင်းတော်များတွင် ခရစ်‌တော်ယေရှုဖွားမြင်တော်မှုခြင်း အထိမ်းအမှတ် ခရစ္စမတ်နေ့ကို ၀တ်ပြုဆုတောင်းခြင်း အစီစဉ်နဲ့သာကျင်းပကြပြီး တစ်ချို့အသင်းတော်များတွင် နေ့လယ်စာ လဘ္ဘက်ရည်နှင့် ချင်းရိုးရာကောက်ညှင်း သုံးဆောင်ခြင်း အစီစဉ်များဖြင့် ပြုလုပ်ကြပါတယ်။ စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီး‌နောက်ပိုင်း ချင်းပြည်နယ်တွင် အရင်လို ခရစ္စမတ်ပွဲတော်ကို စည်စည်ကားကား မဆင်နွဲနိုင်တာ ၂နှစ် ရှိသွားပြီဖြစ်သည်။ ခရစ်ယာန်ဘာသာ၀င်အများစုဖြစ်ကြသည့် ချင်းလူမျိုးတွေအတွက် ခရစ္စမတ်ပွဲတော်ဟာ သခင်ခရစ်တော်ဖွားမြင်တော်မှုခြင်းကို ကြိုဆိုသည့် ဘာသာရေးနေ့ထူးနေ့မြတ်ဖြစ်သလို ရပ်ဝေးမှာနေထိုင်ကြသော ဆွေမျိုးများအတွက် မိသားစု၀င်တွေနှင့် ပြန်လည်ဆုံးဆည်းခွင့်ရရှိသည့် အမှတ်တရနေ့တစ်နေ့လည်းဖြစ်ပါတယ်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နယ်မြေမတည်ငြိမ်မှုများကြောင့် ရပ်ဝေးကဆွေ‌မျိုးတွေ အရင်လိုနေရပ်ပြန်ပြီး မိသားစု၀င်တွေနဲ့အတူခရစ္စမတ်ပွဲတော်ကို နွေးနွေးထွေးထွေး ဆင်နွဲနိုင်ခြင်းမရှိတော့ပေ။ ချင်းပြည်နယ်မြို့ကြီးတွေမှာလည်း ခရစ္စမတ်တေးသံတွေ ပျောက်ကွယ်သွားတာ ၂နှစ်ရှိသွားပါပြီ။ ဟားခါးဘာသာရေးခေါင်းဆောင်များက ခရစ္စမတ်ပွဲတော်ကို စည်ကားစွာ ကျင်းပခြင်းမပြုလုပ်ကြရန် တောင်းဆိုသည့်အတိုင်း ဟားခါးမြို့တွင်းအသင်းတော်အားလုံးကလည်း ဘာသာရေးခေါင်းဆောင်များ၏ တောင်းဆိုမှုကို တသွေမတိမ်းလိုက်နာကြပြီး အသင်းတော်များရဲ့ […]

စစ်ကောင်စီရဲတပ်သားတစ်ဦး CDF-Daai ထံသို့ အလင်း၀င်

CDF-Daai တော်လှန်ရေးတပ်ဖွဲ့ထံသို့ စစ်ကောင်စီရဲတပ်သားတစ်ဦးသည် ဒီဇင်ဘာ ၁၉ရက်နေ့က အလင်း၀င်ခဲ့ကြောင်း CDF-Daai ကထုတ်ပြန်သည်။ မန္တလေးတိုင်း၊ အမရပူရခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ​လေဆန်း (ကိုင်ပိုင်အမှတ် လ/၂၇၈၅၁၃) သည် အာဏာသိမ်းစစ်​ကောင်စီ လက်​အောက်မှာ ဆက်လက်တာဝန်ထမ်း​ဆောင်လိုခြင်း မရှိတာ​ကြောင့် အလင်း၀င်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်သူနဲ့ပူးပေါင်းလာသည့် ရဲတပ်သား လေဆန်းကို CDF-Daai တပ်ဖွဲ့က နွေး​ထွေးစွာ ကြိုဆိုခဲ့ပြီး လွတ်​မြောက်နယ်​မြေ တစ်​နေရာသို့ ပို့​ဆဆောင်ပေးခဲ့ကြောင်း အသိပေးထားသည်။ စစ်ကောင်စီလက်အောက်မှာ တာ၀န်ထမ်းဆောင်လိုခြင်းမရှိသဖြင့် အလင်း၀င်ကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံလိုသူ ပြည်သူ့ရဲများအား နွေးထွေးစွာကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း CDF-Dai က ဖော်ပြထားပါတယ်။

ဟားခါးမြို့မှာ ပစ်ခတ်မှု ဖြစ်ပွားပြီး နေအိမ်တစ်လုံး မီးရှို့ဖျတ်ဆီးခံရ

ချင်ပြည်နယ်၊ ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်တွင် ဒီဇင်ဘာ ၁၁ရက်နေ့ ည ၈နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး မြို့ဟောင်းအောက်ပိုင်း ဟိုင်ထလန်းအနီးက လူနေအိမ်တစ်လုံး မီးရှို့ဖျတ်ဆီးခံရကြောင်း သိရသည်။ “ပစ်ခတ်မှုက မိနစ်ပိုင်းပဲကြာတယ်။ နေအိမ်တစ်လုံး မီးလောင်သွားတယ်။ ဘာကြောင့်လောင်သွားလဲတော့မသိဘူး။ ကျနော်တို့လည်း အပြင်မထွက်ရဲဘူး။ ၂၆၆ တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်သံတွေ ကျနော်တို့ကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါ ပစ်ခတ်မှုတွင် စကစဖက်၌ ထိခိုက်သေဆုံးမှုရှိကြောင်း ပြောဆိုကြသော်လည်း ချင်းဂျာနယ်နေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ နေအိမ်တစ်လုံး မီးလောင်မှုနဲ့ ပတ်သက်ပြီး စကစတပ်သားများက ရည်ရွယ်ချက်ရှိရှိ မီးရှို့ခြင်းဖြစ်ကြောင်း၊ အိမ်ပိုင်ရှင် မိသားစု ၆ဦးဟာ နေထိုင်စရာနေရာမရှိတော့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စကစတပ်ဖွဲ့၀င် ၄ဦး CDF-Zophei ထံသို့ လက်နက်များနှင့် အလင်း၀င်

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေဆိုက် စကစ ၂၆၆ တပ်ရင်းမှ တပ်သား ၃ဦးနှင့် ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးတို့သည် လက်နက်နဲ့ စစ်အသုံးဆောင်ပစ္စည်းများနှင့် CDF-Zophei ထံသို့ အလင်း၀င်ခဲ့ကြကြောင်း သတင်းရရှိသည်။ စကစ ၂၆၆ တပ်ရင်းမှ တပ်သား ဇင်ကိုထက်၊ အောင်ဖြိုးမင်းနှင့် သက်နိုင်ထွန်းတို့သည် ယခုနှစ် စက်တင်ဘာလတွင် သေနက် ၂လက်၊ လက်ပစ်ဗုံး ၃ခုနှင့် ကျည်ဆံ ၇၀၀ကျော်ယူဆောင်ကာ CDF-Zophei ထံသို့ ခိုလှုံခဲ့ကြသည်။ ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား အောင်ထန်း လည်း G3 သေနက်တစ်လက်၊ ကျည်ဆံ ၁၃၀ ကျော်၊ ကြည်ကာတစ်စုံနှင့် အခြားရဲအသုံးအဆောင်ပစ္စည်းများနှင့် ယခုနှစ် နို၀င်ဘာလ ၁၅ရက်နေ့တွင် CDF-Zophei ထံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ CDM ပြုလုပ်ပြီး ပြည်သူနှင့်ပူးပေါင်းလာကြသည့် စကစ […]

CDF-Thantlang ထိန်းချုပ်နယ်မြေတွင် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကျင်းပ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေမှူးများနှင့် ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူများတွေ့ဆုံပွဲကို နို၀င်ဘာလာ ၂၉ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပခဲ့ကြောင်း သိရှိရသည်။ လမ်းပန်းဆက်သွယ်ရေး၊ တရားစီရင်ရေး၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးနှင့် ကျေးရွာအတွင်းအုပ်ချုပ်ရေးလုပ်ငန်းများ မှန်မှန်ကန်ကန်လည်ပက်နိုင်အောင် အဓိကထားပြီး ဆောင်ရွက်ခဲ့ကြောင်း ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျေးရွာအုပ်ရေးမှူးများကို လူထုမှဒီမိုကရေစီနည်းလမ်းအတိုင်းရွေးချယ်ရပြီး တာ၀န်ထမ်းဆောင်ချိန် သက်တမ်းတစ်နှစ်ချမှတ်ထားပါတယ်။ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို နို၀င်ဘာလ ၂၀၂၁ ခုနှစ်တွင် CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ ၅၁ မှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် နို၀င်ဘာလတွင် သက်တမ်းတစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

စစ်ကောင်စီတပ်သားများ ရမ်းသမ်းပစ်ခတ်လို့ အမျိုးသမီးတစ်ဦး ကျည်ထိဒဏ်ရာရ

မနေ့ နို၀င်ဘာ ၇ရက် ညပိုင်း ၈နာရီခွဲခန့်တွင် ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်ရှိ ၆-လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် တာ၀န်ကျသော စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်လို့ အသက် ၆၀နှစ် ဒေါ်ဖာရ်ကြန် ကျည်ထိဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ “ဂိတ်‌စောင့် စစ်သားတွေ အရက်မှုးပြီး ရမ်းသမ်းပစ်ခတ်တာထင်တယ်။ ရပ်ကွက်အတွင်း လူနေအိမ်တွေ ထိသွားတယ်။ အိမ်ထဲမှာနေတဲ့ အမျိုးသမီးတစ်ဦး ကျည်ထိပြီး ဆေးရုံပို့ထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်သားများက သေနက်ရမ်းသမ်းပစ်ခတ်နေချိန်တွင် ဟားခါးမြို့၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘူးလို့ သိရပါတယ်။ နို၀င်ဘာ ၆ရက်နေ့တွင်လည်း ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ကညနရုံးအနီးတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးလာသော သာမန်အမျိုးသားတစ်ယောက်အား တားဆီးပြီး CNA တပ်ဖွဲ့၀င်ဟုစွပ်စွဲကာ ရိုက်နှပ်ခဲ့သည်။ စစ်ကောင်စီတပ်သားများက အဆိုပါအမျိုးသားအား သွားတစ်ချောင်းကျိုးသွားသည့်အထိ ရိုက်နှပ်ပြီးနောက် […]

ဟားခါး-ထန်တလန်အကြားမှာ စကစတပ်က တိုက်လေယာဉ် ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်

ယနေ့ နို၀င်ဘာ ၇ရက်၊ မွန်းလွဲပိုင်း ၂နာရီခန့်က ဟားခါး-ထန်တလန်အကြားတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စင်းနဲ့ CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့၀င်များကို ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရပါတယ်။ “ဟားခါးမြို့ကနေတောင် ဗုံးသံတွေ ကျနော်တို့ကြားရတယ်။ အနည်းဆုံး ၃ကြိမ် ဗုံးကြဲသွားတယ်။ တတိယအကြိမ်က ပိုပြင်းထန်တယ်” လို့ ဟားခါးမြို့သစ်ဒေသခံတစ်ဦး ကပြောပါတယ်။ စစ်ကောင်စီတပ် ဗုံးကြဲသွားသောနေရာသည် ဟားခါး-ထန်တလန်အကြား Tenuar တောင်အနီးတစ်ဝိုက်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့၀င်များ ထိခိုက်မှုရှိမရှိ မသိရှိရသေးပေ။ မနေ့ နို၀င်ဘာ ၆ရက်က စစ်ကောင်စီတိုက်လေယာဉ်ယာဉ်တစ်စင်း ဟားခါး-ထန်တလန်အကြား ကောင်းကင်ယံတွင် တစ်ခေါက်ပျံသန်းခဲ့ပြီး ယနေ့တွင် လေယာဉ် ၂စင်းနဲ့ လာရောက်ဗုံးကြဲတိုခိုက်ခြင်း ဖြစ်သည်။ အောက်တိုဘာလ လကုန်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားတွင် တိုက်လေယာဉ်တစ်စင်းဖြင့် တစ်နေ့တည်း ၃ကြီမ် ဗုံးကြဲတိုက်ခဲ့မှုပြုလုပ်ခဲ့သည်။ အဆိုပါ […]

နှစ်ပတ်ခန့် လျှပ်စစ်မီးမလာသည့် ဟားခါးမြို့မှာ အခက်ခဲပိုများလာ

နှစ်ပတ်ခန့် လျှပ်စစ်မီး ပျက်တောက်သွားသော ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အင်တာနက်၀ိုင်ဖိုင်များ ပုံမှန်၀န်ဆောင်မှု မပေးနိုင်တော့သည့်အပြင် မိုဘိုင်းဖုန်းအသုံးပြုနိုင်ရေးနှင့် နေ့စဉ်ချက်ပြုတ်ရေးအပိုင်းမှာ ပိုမိုခတ်ခဲလာတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ “လျှပ်စစ်မီးပျက်‌သွားတော့ သုံးနေကျ ဝိုင်ဖိုင်တွေလည်းပျက်ကုန်တယ်။ ဖုန်းအားသွင်းဖို့အတွက် တောတောခတ်ခဲလာတယ်။ မီးစက်ရှိတဲ့တွေအိမ်တွေမှာ သွားသွင်းရတယ်။ ဒါပေမယ့် အခု ဆီဈေးလည်းကြီးတော့ သူများအိမ်မှာ ပုံမှန်ဖုန်းအားသွားသွင်းဖို့လည်း မဖြစ်နိုင်ဘူး။ ဝိုင်ဖိုင်မရတော့ ဈေးအဆမတန်ကြီးလာတဲ့ ဖုန်းဒေတာတွေကို ချွေတာသုံးရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ နေ့စဉ် ချက်ပြုတ်ရေးအတွက် မီးသွေးကို ဈေးတစ်ဆပေး ၀ယ်ရပြီး ညမီးထွန်ဖို့ ဖယောင်းတိုင်တွေလည်း ဈေးမြင့်တက်လာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မီးပုံမှန်ရတုန်းက မီးသွေးတစ်အိတ်ကို တစ်သောင်းလောက်နဲ့၀ယ်ရတယ်။ အခုတော့ တစ်အိတ်ကို နှစ်သောင်းနဲ့တောင်ပုံမှန် ၀ယ်စရာသိပ်မရှိတော့ဘူး။ အရင်ဖယောင်းတိုင် တစ်ထုတ်ကို တစ်ထောင်လောက်နဲ့၀ယ်ရတာ အခုတော့ ၁၅၀၀ အထိဈေးတက်သွားပြီ” […]

ဟားခါးမြို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်

အောက်တိုဘာ ၂၂ရက်၊ ည ၁၀ နာရီခွဲခန့်က ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ မြို့မရဲစခန်းအနီးက စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်သွားကြောင်း သတင်းရရှိသည်။ “မြို့မရဲစခန်းအနီးမှာရှိတဲ့ ပြည်နယ်စာရင်းစစ်ရုံးလောင်သွားတယ်။ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး။ ဘာကြောင့် လောင်သွားလဲဆိုတာလည်း ကျနော်တို့မသိဘူး။ သေနက်ပစ်ခတ်သံ ၅ချက်လောက်‌ကြားရတယ်” လို့ ဈေးဟောင်းရပ်ကွက်နေလူတစ်ဦးက ပြောပါတယ်။ နံနက်ပိုင်း ၂နာရီခန့်တွင် မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း အဆောက်အအုံအတွင်းရှိ ရုံးနဲ့သက်ဆိုင်တဲ့ အသုံးအဆောင်နဲ့ စာရွက်စာတမ်းအားလုံး ပျက်ဆီးသွားကြောင်း သိရှိရသည်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟားခါးမြို့ရှိ ခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကား ၂စီး မီးလောင်ကျွမ်းခဲ့ရသလို ချင်းဦးစီးရပ်ကွက်ရှိ ဌာနဆိုင်ရာ စုပေါင်းရုံးလည်း မီးလောင်ခဲ့ပါတယ်။