ဟားခါး-ထန်တလန်အကြားမှာ စကစတပ်က တိုက်လေယာဉ် ၂စင်းနဲ့ ဗုံးကြဲတိုက်ခိုက်

ယနေ့ နို၀င်ဘာ ၇ရက်၊ မွန်းလွဲပိုင်း ၂နာရီခန့်က ဟားခါး-ထန်တလန်အကြားတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စင်းနဲ့ CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့၀င်များကို ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရပါတယ်။ “ဟားခါးမြို့ကနေတောင် ဗုံးသံတွေ ကျနော်တို့ကြားရတယ်။ အနည်းဆုံး ၃ကြိမ် ဗုံးကြဲသွားတယ်။ တတိယအကြိမ်က ပိုပြင်းထန်တယ်” လို့ ဟားခါးမြို့သစ်ဒေသခံတစ်ဦး ကပြောပါတယ်။ စစ်ကောင်စီတပ် ဗုံးကြဲသွားသောနေရာသည် ဟားခါး-ထန်တလန်အကြား Tenuar တောင်အနီးတစ်ဝိုက်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့၀င်များ ထိခိုက်မှုရှိမရှိ မသိရှိရသေးပေ။ မနေ့ နို၀င်ဘာ ၆ရက်က စစ်ကောင်စီတိုက်လေယာဉ်ယာဉ်တစ်စင်း ဟားခါး-ထန်တလန်အကြား ကောင်းကင်ယံတွင် တစ်ခေါက်ပျံသန်းခဲ့ပြီး ယနေ့တွင် လေယာဉ် ၂စင်းနဲ့ လာရောက်ဗုံးကြဲတိုခိုက်ခြင်း ဖြစ်သည်။ အောက်တိုဘာလ လကုန်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားတွင် တိုက်လေယာဉ်တစ်စင်းဖြင့် တစ်နေ့တည်း ၃ကြီမ် ဗုံးကြဲတိုက်ခဲ့မှုပြုလုပ်ခဲ့သည်။ အဆိုပါ […]

နှစ်ပတ်ခန့် လျှပ်စစ်မီးမလာသည့် ဟားခါးမြို့မှာ အခက်ခဲပိုများလာ

နှစ်ပတ်ခန့် လျှပ်စစ်မီး ပျက်တောက်သွားသော ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အင်တာနက်၀ိုင်ဖိုင်များ ပုံမှန်၀န်ဆောင်မှု မပေးနိုင်တော့သည့်အပြင် မိုဘိုင်းဖုန်းအသုံးပြုနိုင်ရေးနှင့် နေ့စဉ်ချက်ပြုတ်ရေးအပိုင်းမှာ ပိုမိုခတ်ခဲလာတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ “လျှပ်စစ်မီးပျက်‌သွားတော့ သုံးနေကျ ဝိုင်ဖိုင်တွေလည်းပျက်ကုန်တယ်။ ဖုန်းအားသွင်းဖို့အတွက် တောတောခတ်ခဲလာတယ်။ မီးစက်ရှိတဲ့တွေအိမ်တွေမှာ သွားသွင်းရတယ်။ ဒါပေမယ့် အခု ဆီဈေးလည်းကြီးတော့ သူများအိမ်မှာ ပုံမှန်ဖုန်းအားသွားသွင်းဖို့လည်း မဖြစ်နိုင်ဘူး။ ဝိုင်ဖိုင်မရတော့ ဈေးအဆမတန်ကြီးလာတဲ့ ဖုန်းဒေတာတွေကို ချွေတာသုံးရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ နေ့စဉ် ချက်ပြုတ်ရေးအတွက် မီးသွေးကို ဈေးတစ်ဆပေး ၀ယ်ရပြီး ညမီးထွန်ဖို့ ဖယောင်းတိုင်တွေလည်း ဈေးမြင့်တက်လာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “မီးပုံမှန်ရတုန်းက မီးသွေးတစ်အိတ်ကို တစ်သောင်းလောက်နဲ့၀ယ်ရတယ်။ အခုတော့ တစ်အိတ်ကို နှစ်သောင်းနဲ့တောင်ပုံမှန် ၀ယ်စရာသိပ်မရှိတော့ဘူး။ အရင်ဖယောင်းတိုင် တစ်ထုတ်ကို တစ်ထောင်လောက်နဲ့၀ယ်ရတာ အခုတော့ ၁၅၀၀ အထိဈေးတက်သွားပြီ” […]

ဟားခါးမြို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်

အောက်တိုဘာ ၂၂ရက်၊ ည ၁၀ နာရီခွဲခန့်က ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ မြို့မရဲစခန်းအနီးက စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စာရင်းစစ်ချုပ်ရုံး မီးလောင်သွားကြောင်း သတင်းရရှိသည်။ “မြို့မရဲစခန်းအနီးမှာရှိတဲ့ ပြည်နယ်စာရင်းစစ်ရုံးလောင်သွားတယ်။ ဘယ်သူမှလည်း ထွက်မကြည့်ရဲကြဘူး။ ဘာကြောင့် လောင်သွားလဲဆိုတာလည်း ကျနော်တို့မသိဘူး။ သေနက်ပစ်ခတ်သံ ၅ချက်လောက်‌ကြားရတယ်” လို့ ဈေးဟောင်းရပ်ကွက်နေလူတစ်ဦးက ပြောပါတယ်။ နံနက်ပိုင်း ၂နာရီခန့်တွင် မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း အဆောက်အအုံအတွင်းရှိ ရုံးနဲ့သက်ဆိုင်တဲ့ အသုံးအဆောင်နဲ့ စာရွက်စာတမ်းအားလုံး ပျက်ဆီးသွားကြောင်း သိရှိရသည်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟားခါးမြို့ရှိ ခရိုင်မီးသတ်ရုံးတိုက်ခိုက်ခံရပြီး မီးသတ်ကား ၂စီး မီးလောင်ကျွမ်းခဲ့ရသလို ချင်းဦးစီးရပ်ကွက်ရှိ ဌာနဆိုင်ရာ စုပေါင်းရုံးလည်း မီးလောင်ခဲ့ပါတယ်။

ဖားကန့်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ တွေ့ရှိမှု ၈၀ ဝန်းကျင်ထိရှိလာ

ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ နယ်မြေတွင် လေကြောင်းလိုင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူ ၁၀၀ ကျော်ကို ဆေးကုသခံယူခွင့်မရအောင် စစ်ကောင်စီတပ်မှ ယနေ့ ည ၇နာရီခွဲအထိ ပိတ်ဆို့ထားဆဲဖြစ်သည်ဟု ဒေသတွင်းသတင်းဌာန Kachin News Group (KNG) ကရေးထားပါတယ်။ ပြင်းထန် ဒဏ်ရာရရှိသူများကို ပြည်သူများကို မြစ်ကြီးနားနှင့် ဖားကန့်ဆေးရုံကြီးများတွင် ဆေးကုသပေးရန်အရေးပေါ်လိုအပ်နေသော်လည်း ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထွက်ဂိတ်တွင် စစ်ကောင်စီတပ်မှ လူနားများကို ထွက်ခွင့်မပေးဘဲ တားမြစ်ခံထားရဆဲဖြစ်သည်ဟု လူနာများဆေးကုသခွင့်ရရှိအောင် ကြိုးပမ်းပေးနေသည့် အမျိုးသားတစ်ဦး KNG ကိုပြောသည်။ “မနက်ပိုင်းတော့ လူမှုကူညီရေးအသင်းတွေသွားညှိကြတယ် မရခဲ့ဘူး။ အဲ့ကြောင့် ဖားကန့် KBC အဖွဲ့က ဆရာကြီးအဖွဲ့တွေကိုယ်တိုင် အဲ့ဂိတ်မှာ သွားညှိကြတယ်။ မရခဲ့လို့ ပြန်ခေါက်လာကြတယ်။ ယနေ့ည မိုးချုပ်တဲ့အထိ ဘယ်လိိုမှ […]

ဟားခါး-ထန်တလန်ကြား စကစစစ်သား ၂၅ဦး ထက်မနည်း သေဆုံးဟု CNF ထုတ်ပြန်

အောက်တိုဘာ ၁၃ရက်မှ ၁၈ရက်နေ့အထိ ဟားခါး-ထန်တလန်အကြားတိုက်ပွဲတွင် စကစစစ်သား ၂၅ဦးထက်မနည်း သေဆုံးပြီး CNAနှင့် CDF ဖက်တွင် ၄‌ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ကထုတ်ပြန်သည်။ ဟားခါးမြို့မှ သီမစ်ချောင်းဖက်သို စစ်ကြောင်းထိုးလာသော စကစတပ်အား CNA, CDF-Hakha, CDF-Thantlang, CDF-Lautu, CDF-Mara နှင့် CDF-Zophei တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ထန်တလန်ဖက်ကနေ လာတဲ့ စကစစစ်ကူအင်အား ၄၀ခန့်ကိုလည်း ချင်းပူးပေါင်းတပ်က ကြားညှပ်တိုက်ခိုက်ရာ စကစမှ လေကြောင်းအကူအညီနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ အောက်တိုဘာ ၁၃ရက် မှ ၁၈ရက်အတွင်းတိုက်ပွဲတွင် CNA ရဲဘော် ၃ဦးနှင့် CDF-Hakha ရဲဘော် ၁ဦး ကျဆုံးသွားကြပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးသွားသော ဘွန်လုံးရွာ ကလေးငယ် ၂ယောက်အား သင်္ဂြိုဟ်

အောက်တိုဘာ ၁၉ရက်နေ့က ဖြစ်ပွားသော ဟားခါးမြို့နယ်၊ ဆဲန်ထန်နယ်၊ ဘွန်လုံးကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသော သူငယ်တန်း ကလေးငယ် ၂ယောက်အား မနေ့ အောက်တိုဘာ ၂၀ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွင် ညနေပိုင်းကျောင်းဆင်းလာကြသော သူငယ်တန်းကျောင်းသား James Siang Za Uk နှင့် Henry Bawi Za Lian သေဆုံးခဲ့ပြီး ၎င်းတို့နဲ့အတူပြန်လာတဲ့ အတန်းတူ Nancy Ca Len Par လည်း နောက်ကြောတွင်ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူလျှက်ရှိသည်။ ရွာအတွင်းလက်နက်ကြီးကျရောက် ပေါက်ကွဲမှုမဖြစ်ခင် အရင်ရက်များတွင် ဘွန်လုံး‌ကျေးရွာအပေါ်သို့ စကစထောက်လှမ်းရေးဒရုန်း ပျံဝဲ‌ နေသည်ကို ရွာသားတွေက ၃ကြိမ်မကမြင်တွေ့ခဲ့ရကြောင်း ချင်းဂျာနယ်သို့ ပြောကြပါတယ်။ ဆဲန်ထန်နယ်ကို ကာကွယ်‌နေသော CDF-Hakha Battalion-2 (ဆဲန်ထန်တပ်ရင်း) နှင့် […]

လုံခြုံရေးတင်းကြပ်ထားသည့် ဟားခါးမြို့နယ်ဌာနဆိုင်ရာ စုပေါင်းရုံး မီးလောင်

ယနေ့ နံနက်ပိုင်း ၂နာရီခန့်တွင် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ လုံခြုံရေးတင်းကြပ်ထားသည့်စုပေါင်းရုံးအဆောက်အအုံ မီးလောင်သွားကြောင်း သတင်းရရှိသည်။ စုပေါင်းရုံးသည် မြို့နယ် လ၀က၊ မြို့နယ်ပညာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျေးလက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး စသည့် ဟားခါးမြို့နယ်ရုံးများ တစ်နေရာတည်းတွင် စုပေါင်းရုံးထိုင်သည့်နေရာဖြစ်ပြီး နံနက်ပိုင်း ၂နာရီခန့်က သေနက်ပစ်ခတ်သံတွေ ထွက်ပေါ်ပြီးနောက် မီးလောင်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “နံနက်ပိုင်း ၁နာရီနှင့် ၂နာရီကြားမှာ သေနက်ပစ်ခတ်သံနဲ့ ဗုံးပေါက်ကွဲသံတွေ ကျနော်တို့ကြားရတယ်။ ဒါပေမယ့် မြူတအားဆိုင်းလို့ ဘာမှမမြင်ရဘူး။ စုပေါင်းရုံးလောင်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စုပေါင်းရုံး၀န်ထမ်းတွေနဲ့ နီးစပ်သည့် ဟားခါးဒေသခံ တစ်ဦးက “မြို့နယ်ထွေအုပ်ရုံးခန်းနှင့် မြို့နည်စည်ပင်ရုံးခန်းလောင်သွားတယ်” လို့ ချင်းဂျာနယ်သို့ ပြောပါတယ်။ အခုမီးလောင်သွားသည့် စုပေါင်းရုံးသည် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားသည့် နေရာဖြစ်သည်။