တာဟန်းတွင် စကစတပ်သားတွေ ပစ်ခတ်လို့ ချင်းအမျိုးသားတစ်ဦး သေဆုံး

ယနေ့ ဒီဇင်ဘာ ၂၄ရက် နေ့လယ်ပိုင်း ၁၁နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက် ၀ယ်စလီဆေးရုံလမ်းခွဲတွင် ဆိုင်ကယ်စီးလာကြတဲ့ ချင်းအမျိုးသား ၂ဦးအား စကစတပ်သားများက သေနက်နဲ့ ပစ်ခတ်လို့ ဦးသရန်ဇေထန်း (၃၅)နှစ် သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဦးသရန်ဇေထန်းနှင့် အတူလိုက်ပါတဲ့ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့က ကလေးမြို့နယ် ပျဉ်းခုံကြီးရွာက သာမန်ပြည်သူတွေပါ။ ဦးသရန်ဇေထန်းက ရင်အုံမှာထိပြီး နေရာမှာပဲ သေသွားတယ်။ သူနဲ့လိုက်ပါတဲ့ တစ်ယောက်လည်း ဒဏ်ရာရရှိတယ်။ ဦးသရန်ဇေထန်း အလောင်းကိုတော့ ရွာဖက်ကို သယ်သွားကြပြီလို့ သိရတယ်” လို့ ပြောပါတယ်။ မနက်ပိုင်း ၁၀နာရီခွဲခန့်တွင် တာဟန်းမီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်ဖွဲ့အား CDF-KKG တပ်ဖွဲ့ ၀င်များက သွားရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ သေနက်တစ်လက်သိမ်းဆည်းခဲ့သည်။ CDF-KKG တပ်ဖွဲ့ ၀င်များရဲ့ […]

က‌လေးမြို့ တာဟန်းရပ်ကွက်မှာ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

ယနေ့ နေ့လယ်ပိုင်း ၁၁နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ဆိုင်ကယ်နဲ့ အမျိုးသားတစ်ဦး ပစ်ခတ်ရလို့ ၎င်းဆိုင်ကယ်နှင့်အတူ လဲကျသွားပြီး သေဆုံးခြင်းရှိမရှိ မသိရှိရသေးကြောင်း ဒေသခံတွေက ပြေပါတယ်။ ဝီစလီဆေးရုံလမ်းခွဲမှာ ကင်းထိုင်တဲ့ စစ်ကောင်စီတပ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် တာဟန်း၌ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့အကြားပစ်ခတ်မှုမရှိကြောင်း ဒေသံတစ်ဦးကပြောပါတယ်။ ယနေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ကလေးမြို့၊ တာဟန်းမီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်သားများအား CDF-KKG တော်လှန်ရေးတပ်ဖွဲ့မှ ၀င်ရောက်စီနင်းခဲ့ကြောင်း CDF-KKG မှ ထုတ်ပြန်ချက်အရ သိရသည်။ မီးပ္ပိုင့်ရှိ စစ်ကောင်စီတပ်သားများက CDF-KKG တပ်ဖွဲ့၀င်များချဉ်းကပ်လာသည်ကို မြင်တွေ့ခဲ့ပြီး သေနက်ထားခဲ့ကာ ထွက်ပြေးကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တာဟန်းမီးပ္ပိုင့်စီးနင်းမှုတွင် CDF-KKG တပ်ဖွဲ့က စစ်ကောင်စီတပ်သေနက် ၁လက်၊ ကျည်ဘောက် ၁ခုနှင့် ကျည်ဆံ ၆၀ […]

စစ်ကောင်စီရဲတပ်သားတစ်ဦး CDF-Daai ထံသို့ အလင်း၀င်

CDF-Daai တော်လှန်ရေးတပ်ဖွဲ့ထံသို့ စစ်ကောင်စီရဲတပ်သားတစ်ဦးသည် ဒီဇင်ဘာ ၁၉ရက်နေ့က အလင်း၀င်ခဲ့ကြောင်း CDF-Daai ကထုတ်ပြန်သည်။ မန္တလေးတိုင်း၊ အမရပူရခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ​လေဆန်း (ကိုင်ပိုင်အမှတ် လ/၂၇၈၅၁၃) သည် အာဏာသိမ်းစစ်​ကောင်စီ လက်​အောက်မှာ ဆက်လက်တာဝန်ထမ်း​ဆောင်လိုခြင်း မရှိတာ​ကြောင့် အလင်း၀င်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်သူနဲ့ပူးပေါင်းလာသည့် ရဲတပ်သား လေဆန်းကို CDF-Daai တပ်ဖွဲ့က နွေး​ထွေးစွာ ကြိုဆိုခဲ့ပြီး လွတ်​မြောက်နယ်​မြေ တစ်​နေရာသို့ ပို့​ဆဆောင်ပေးခဲ့ကြောင်း အသိပေးထားသည်။ စစ်ကောင်စီလက်အောက်မှာ တာ၀န်ထမ်းဆောင်လိုခြင်းမရှိသဖြင့် အလင်း၀င်ကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံလိုသူ ပြည်သူ့ရဲများအား နွေးထွေးစွာကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း CDF-Dai က ဖော်ပြထားပါတယ်။