ထန်တလန် စစ်တပ်က ရွာဖက်ကို လက်နက်ကြီးပစ်ခတ်လို့ စစ်‌ရှောင်တစ်ဦး သေဆုံး

ထန်တလန် စစ်ကောင်စီတပ်ဖွဲ့က ဩဂုတ်လ ၃၀ရက်နေ့ မနေ့ညနေပိုင်းတွင် ထန်တလန်မြို့နယ်၊ ထလွာလာမ် (Thlualam) ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးပြီး ရွာသား ၂ဦး ဒဏ်ရာရရှိခဲ့ကြကြောင်း သတင်းရရှိပါတယ်။ “ညနေပိုင်း ၄နာရီလောက်မှာ ထန်တလန်မြို့ဖက်ကနေ ထလွာလာမ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ တောင်ယာကနေ ပြန်လာတဲ့ ထန်တလန်စစ်‌ဘေးရှောင် အမျိုးသားတစ်ဦး လမ်းမှာ လက်နက်ကြီးထိလို့ သေသွားတယ်။ ရွာထဲမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရွာသား နှစ်ဦး အသေးစားဒဏ်ရာတွေ ရရှိကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သော လက်နက်ကြီးကြောင့် သေဆုံးသွားသော အမျိုးသားဟာ ကလေး ၄ယောက်ဖခင် ဦးကြာထန်း (၄၂)နှစ်လို့ သိရပြီး ထန်တလန်မြို့မီးလောင်ပြီးနောက် ထလွာလာမ်ကျေးရွာကို မိသားစုနဲ့ လာရောက်ခိုလှုံသော စစ်ဘေးရှောင် ဖြစ်ကြောင်း […]

CNA နဲ့ CDF တပ်ဖွဲ့၀င်များနဲ့အတူ တိုက်ပွဲ၀င်နေကြောင်း CDF-Hualngoram အသိပေး

ချင်းပြည်နယ် ရှေ့တန်းစစ်မျက်နှာများတွင် ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ အခြား ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ (CDF)များနဲ့အတူ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြောင်း CDF-Hualngoram တော်လှန်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်လိုက်ပါတယ်။ CDF-Hualngoram တပ်ဖွဲ့ရဲ့ ၆လအတွင်း စစ်ရေးလှုပ်ရှားမှုမှတ်တမ်းကို ဩဂုတ်လ ၃၁ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါ်ဒါရ်မြို့၊ ဟားခါး-ဖလမ်းအကြားကားလမ်းမ၊ တွန်းဇံမြို့၊ ဖလမ်းမြို့၊ သီမစ်နဲ့ ထန်တလန်မြို့တိုက်ပွဲများတွင် CNAနဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့၀င်များနဲ့အတူ တိုတ်ပွဲ၀င်ခဲ့ပြီး တိုက်ပွဲအတွင်း CDF-Hualngoram ရဲ့ဘော် ၃ဦး ကျဆုံးကာ ၅ဦး ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။ ကလေးမြို့မှ ဟားခါးမြို့သို့ တက်လာသော စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၁၀ရက်နေ့တွင် CDF-Hualngoram က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် မတ်လ ၁၃၊ ၁၅နဲ့ ၁၆ရက်နေ့များတွင် ရိဒ်စစ်ကောင်စီ စခန်းကုန်းနဲ့ ရိဒ်အမှတ် (၂) […]

CDF-Tonzang စခန်းတစ်ခုကို စကစနဲ့ ZRA အဖွဲ့က သိမ်းပိုက်

ဩဂုတ်လ ၃၁ရက်နေ့ မနေ့ညနေပိုင်း ၃နာရီခွဲခန့်တွင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲရှိ CDF-Tonzang တပ်ရင်း (၃)စခန်းကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ၎င်းတို့ရဲ့လက်ပါးစေ မဏီပူရ်ပြည်နယ်အခြေစိုက် Zomi Revolutionar Army (ZRA) လက်နက်ကိုင်အဖွဲ့က စီးနင်းသိမ်းပိုက်ခဲ့ကြောင်း ZRA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စခန်းသိမ်းပိုက်ခံရသည့် ကိစ္စနဲ့ပတ်သက်ပြီး CDF-Tonzang တပ်ရင်း (၃)ရဲ့ တပ်ရင်းမှူး Zo Mu Mung က အတည်ပြုထားပါတယ်။ “တတိယအကြိမ်တန်းဆင်းပွဲလုပ်တော့ နောက်တစ်ရက်မှာ တွန်းဇံမြို့စခန်းကိုတိုက်မလို့ အစီအစဉ်ဆွဲထားတော့ ကံဆိုးစွာနဲ့ ကျနော်တို့ ရဲဘော်တစ်ယောက်အရက်သောက်ပြီးထွက်ပြေးသွားတယ်။ တွန်းဇံမြို့ စစ်ကောင်စီတွေက သိသွားတော့ ညနေ ၃ နာရီခွဲလောက်မှာ လက်ဦးမှုရယူသွားတာပေါ့။ ၅မိနစ်အလိုမှာ သတင်းရထားတော့ ကံကောင်းသွားတယ်” လို့ Zo Mu Mung က […]