မင်းတပ်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၃ဦး သေဆုံး

ယနေ့ ဇူလိုင် ၈ရက် နံနက်ပိုင်း ၁၁နာရီအချိန်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် (၂)၊ ဝုမ်ခုမ်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ထားပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် ၉နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၃၀ နှစ် (၂လသား) နို့တိုက်မိခင်တစ်ဦးနဲ့ အသက် ၆၅နှစ် အဖွားအိုတစ်ဦး တို့ သေဆုံးခဲ့ကြပါတယ်။ ဝုမ်ခုမ်းကျေးရွာအတွင်း စစ်ဘေးရှောင်များနေထိုင်သည့်နေရာကို အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်လေယာဉ်က ၅၀၀ ဗုံးသီး ၂လုံး၊ အတွဲလိုက် ဗုံးသီး ၄လုံး၊ ရော့ကက်၊ ပွိုင့်ဖိုက်ကြည်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၆) ကလည်း လက်နက်ကြီးဖြင့် ၄ချက် ပစ်‌ခတ်ခဲ့တယ်လို့ […]

စကစသံချပ်ကာ ၂စီး ဖျက်စီးနိုင်ခဲ့သော ချင်းပူးပေါင်းတပ်ကို NUGက ဆုငွေချီးမြှင့်

ဟားခါး-ဖလမ်းအကြား ဇိန်မှုစစ်ဆင်ရေးတွင် အကြမ်းဖက်စစ်ကောင်စီ သံချက်ကာယာဉ် ၂စီးကို ဖျက်စီးနိုင်ခဲ့သော ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ်သိန်း ၄,၀၀၀ ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း သိရပါတယ်။ ယနေ့ ဇူလိုင် ၄ ရက်တွင် NUG ၏ ၂၂ ကြိမ်မြောက်၊ အစိုးရအဖွဲ့အစည်းအဝေးမှာ စိစစ်ချီးမြှင့်ရေးအဖွဲ့ က လေ့လာသုံးသပ်စိစစ်ကာ CNA နှင့် CDF တို့၏ တာဝန်ရှိသူများကို ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ “ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ အပါအဝင် […]

သီတာဖက်ကို စကစက လေကြောင်း၊ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်

ဟားခါး-ထန်တလန်အကြား သီတာဖက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နံနက်အ‌စောပိုင်းကစပြီး လေကြောင်းနဲ့ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိပါတယ်။ “ယနေ့ နံနက်ပိုင်း ၃နာရီခန့်မှာ စကစက သီတာဖက်ကို တိုက်လေယာဉ်နဲ့ ၂ကြီမ် ပစ်ခတ်တိုက်ခိုက်တယ်။ သူတို့ လေယာဉ်နဲ့ ပစ်ပြီး မြေပြင်မှာစကစတပ်သားတွေက ထိုးစစ်ဆင်တိုက်ခိုက်ကြတယ်။ နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူး” လို့ ထန်တလန်ရှေ့တန်းမှာ တာ၀န်ကျတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်သည့်အပြင် ဟားခါးဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေပါတယ်။ ယခုနှစ် မေလ ကုန်ပိုင်းတွင်လည်း ဟားခါး-ထန်တလန်အကြား လုံခါရ်ဖက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးတွေ များခဲ့ပါတယ်။ မေလ ကုန်ပိုင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားသီတာနားနေစခန်းရှိ လူနေအိမ်များကိုလည်း […]

ကျဆုံးသွားတဲ့ ရဲဘော်တွေကို သတိရရင်း အဆုံးထိ ချီတက်မယ်

လက်နက်ကိုင်တော်လှန်ရေး ကာလ ၂နှစ်ကျော်ကြာလာတဲ့ အချိန်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်တွေဖက်က ရဲဘော်တွေ ကျဆုံးမှုများ ရှိခဲ့သလို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဖက်၌လည်း နယ်မြေဆုံးရှူံးမှု၊ စစ်လက်နက်ပစ္စည်းနဲ့ လူအင်အားဆုံးရှူံးမှုတွေများခဲ့ပါတယ်။ တော်လှန်ရေးခရီးကြမ်းကို အတူတကွဖြတ်‌ကျော်ရင်း ကိုယ့်သူငယ်ချင်းနဲ့ ရဲဘော်ရဲဘက်တွေ ကျဆုံးတဲ့အခါမှာ အလွန်၀မ်းနည်းရသလို အဲဒီဆုံးရှုံးမှုကို တော်လှန်ရေး ခွန်အားအဖြစ် အားယူခဲ့ရတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) မှာ တာ၀န်ထမ်းဆောင်နေသော ရဲမေ မိုင်မတ်ဒါလင် က ပြောပါတယ်။ “အရင်က အတူတူပျော်ပါးခဲ့တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းတစ်ချို့ အခုဆိုရင် သူတို့ရဲ့ အုပ်ဂူကိုပဲ မြင်တွေ့ခွင့်ရတာတွေရှိလာတဲ့အခါမှာ အရမ်းကို ၀မ်းနည်းကြေကွဲရတယ်။ ဒါပေမယ့် အဲ့ဒီဆုံးရှုံးမှုကို တော်လှန်ရေးအတွက် ခွင်အားအနေနဲ့ မှတ်ယူပြီးတော့ ကိုယ့်ကိုကိုယ် ပိုပြီးကြံ့ခိုင်လာအောင် အမြဲကြိုးစားဖြစ်တယ်” လို့ မိုင်မတ်ဒါလင်က ပြောပါတယ်။ အသက် ၂၂ ၀န်းကျင်သာရှိသေးတဲ့ ရဲမေ […]

ထန်တလန်မြို့ကို စကစက ‌တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မနေ့ ဇွန်လ ၂၈ရက်၊ နေ့လယ်ပိုင်း ၁၂နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ ထန်တလန်မြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ “နေ့လယ်ပိုင်း ၁၂နာရီ ၀န်းကျင်မှာ စကတိုက်လေယာဉ်တစ်စင်းက နှစ်ကြီမ်လာပစ်သွားတယ်။ ပထမတစ်ကြီမ်မှာ ဗုံးတစ်လုံးချသွားတယ်။ ဒုတိယအကြိမ်မှာတော့ ဗုံး ၂လုံးချပြီး စကသေနက်နဲ့ပါ ပစ်သွားတယ်” လို့ ထန်တလန်ရှေ့တန်းတွင် တာ၀န်ထမ်းဆောင်နေသော ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော်တစ်ဦးက ပြောပါတယ်။ အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် ထန်တလန်ဆေးရုံကြီးနားက ‌လူနေအိမ် ၂လုံး မီးလောင်သွားခဲ့ပြီး မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့၀င်တွေတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။ မနေ့ မနက်ပိုင်း ၁၁နာရီ၀န်းကျင်တွင်လည်း မင်းတပ်မြို့နယ်၊ လုပ်ခေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၂လုံး ကြဲချခဲ့ကြောင်း သိရပါတယ်။ 

UFC ပွဲဦးထွက်မှာ မြန်မာပြည်ဖွား ဂျိုရှုဗန်က ပြိုင်ဖက်ကို အနိုင်ရရှိ

မြန်မာစံတော်ချိန် ဇွန်လ ၂၄ရက်ညက အမေရိကန်ပြည်ထောင်စု၌ ကျင်းပတဲ့ UFC: Fight Night ထိုးသတ်ပွဲမှာ မြန်မာပြည်ဖွား ဂျိုရှုဗန်က ပြိုင်ဖက် ကဇက်စတန် နိုင်ငံသား ဇူမာဂူးလော့ဗ်ကို လက်ရည်အသားစီးနဲ့ အနိုင်ရရှိသွားပါတယ်။ ဒါဟာ အသက် ၂၂နှစ်သာ ရှိသေးတဲ့ ဂျိုရှုအတွက် မိမိထက် UFC အတွေ့အကြုံဝါရင့်သော ပြိုင်ဖက်ကို ပွဲဦးထွက်မှာပင် အနိုင်ရရှိခြင်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ UFC Fight Pass ပြိုင်ပွဲမှာ ဂျိုရှုဗန်က Fury FC Flyweight ချန်ပီယံခါးပက်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် UFC ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရရှိတာလည်း ဖြစ်ပါတယ်။ ဂျိုရှုဗန်ဟာ မြန်မာပြည်ဖွား ဖိုက်တာတစ်ယောက်အနေနဲ့ ကမ္ဘာ့ထိပ်သီး UFC ပြိုင်ပွဲမှာ ပထမဆုံး ထိုးသတ်ခွင့်ရရှိသူလည်း […]

တော်လှန်ရေး ကြာလာပေမယ့် ပြည်သူတွေ အားပေးပံ့ပိုးမှု လျော့မကျ

လက်နက်ကိုင်တော်လှန်ရေး ကာလ ၂နှစ်ကျော်ကြာလာပြီ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ ချင်းပြည်သူတွေရဲ့ အားပေးပံ့ပိုးမှုဟာ လျော့ကျမသွားဘဲ ပိုမိုအားကောင်းလာတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ဗိုလ်မှူးကြီး ဆော်လမွန်ထန်ဒိန်းက ချင်းဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောကြားပါတယ်။ “နွေဦးတော်လှန်ရေးပေါ်ပေါက်လာတော့ ကျနော်တို့ ချင်းတစ်မျိုးသားလုံး၊ လူကြီးလူငယ်အပါ၀င် အဖွဲ့အစည်းအားလုံးက CNA နဲ့ CDF ကို အမျိုးသားရေးစိတ်ဓါတ်နဲ့ အားပေးပံ့ပိုးလာကြတယ်။ ဉပမာပြောရရင် အစပိုင်းမှာ ဒေါ်လာ တစ်ရာ၊ နှစ်ရာထည့်၀င်တဲ့သူတွေက အခုနောက်ပိုင်းဆိုရင် ဒေါ်လာ ငါးထောင်တောင် ထည့်၀င်လာကြတယ်။ အဲဒီအဆင့် ဖြစ်လာတယ်ဆိုတော့ ကျနော့်အမြင်ပြောရင် လက်ရှိတော်လှန်ရေးမှာ ပြည်သူတွေရဲ့ CNA နဲ့ CDF အပေါ်အားပေးပံ့မှုက လျော့ကျသွား‌တာ မတွေ့ရဘူး” လို့ ပြောပါတယ်။ အခုလို ပြည်သူတွေရဲ့ တစ်ခဲနက် အားပေးထောက်ခံမှုနဲ့ ပံပိုးမှုတွေ ရရှိခြင်းဟာ […]

ချင်းဒုက္ခသည်စခန်း ၃ခုမှာ ကလေးတွေ ပညာရေး အကူအညီလိုအပ်

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းရှိ ချင်းဒုက္ခသည်စခန်း ၃ခုမှာ ကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသုံးပစ္စည်းအကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်ကလေးတွေကို ပညာသင်ကြပေးတဲ့ ဆရာတစ်ဦးက အကူအညီတောင်းပါတယ်။ “ပလက်၀ဖက်က ဒုက္ခသည်တွေ အဓိကနေထိုင်တဲ့ သီတလန်ပွီး၊ ကော်ဆော်နဲ့ စုန်တလန်ပွီး ဒုက္ခသည်စခန်းတွေမှာ ကလေးတွေပညာသင်ကြားနိုင်ရေးအတွက် ပြဌာန်းစာအုပ်၊ ဗလာစာအုပ်နဲ့ ခဲတံတွေ အကူအညီ လိုအပ်နေတယ်” လို့ ကျောင်းဆရာ ဆလိုင်းဇာဘွေက ပြောပါတယ်။ သီတလန်ပွီးနဲ့ စုန်တလန်ပွီး ဒုက္ခသည်စခန်းမှာ မူလတန်းကျောင်းတွေ ဖွင့်လှစ်ထားပြီး ကော်ဆော်မှာ အလယ်တန်းကျောင်းအထိ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ကြပါတယ်။ အဆိုပါကျောင်း ၃ကျောင်းတွင်း ပညာသင်ကြားသော ဒုက္ခသည်ကလေး အယောက် ၁၀၀ ခန့်ရှိကြပြီး ကျောင်းတစ်ကျောင်းတွင် ဆရာ၊ ဆရာမ ၃ယောက်ခန့်စီက ပညာသင်ပေးကြပါတယ်။ “ဒီတော်လှန်ရေးဟာ စကစလက်နက်ကိုင်တိုက်ခိုက်ရုံနဲ့မပြီးဘူး၊ ကျနော်တို့မှာကလေးတွေအတွက် ပညာရေးလည်းအရေးကြီးတယ်၊ ပြီးတော့ […]

ဟားခါးမှာ ရဲတစ်ဦးပစ်သတ်ခံရပြီး‌ စကစတပ်ဖွဲ့က အရပ်သားတစ်ဦးကို ပစ်သတ်

မနေ့ ဇွန်လ ၉ရက်နေ့ ညနေပိုင်းတွင် ဟားခါးမြို့၌ အကြမ်းဖက်စစ်ကောင်စီရဲတပ်သားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၀င်များက အပစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ညနေပိုင်း ၅နာရီခွဲခန့်တွင် ပြည်တော်သာရပ်ကွက်၊ ၀မ္မတူးမောင်အားကစားကွင်းအနီးတွင် တော်လှန်ရေးတပ်ဖွဲ့၀င်များနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီရဲတပ်သား ဦးနှီယာန်ဘိခ့် သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ည ၇နာရီအချိန်ခန့်တွင် ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သာမန်အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ “ညနေပိုင်း ၅နာရီခွဲလောက်မှာ ၀မ္မတူးမောင်အားကစားကွင်း၀င်ပေါက်နားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး စကစရဲတစ်ဦး သေသွားတယ်။ သေနတ်သံတွေကြားတာနဲ့ အနီးနားက ဈေးဆိုင်တွေလည်း အကုန်ပိတ်ကြတယ်။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ ၇နာရီလောက်မှာ ဗိုလ်ချုပ်လမ်းမဖက်မှာ ပြည်သူတစ်ဦး ပစ်သတ်ခံရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက ပစ်သတ်သွားသော အဆိုပါအရပ်သားဟာ အသက် ၄၆နှစ်အရွယ် ဦးသောခ့်ဟဲလျန် […]

ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

ချင်းပြည်နယ်(ချင်းလဲန်) သို့ ဒေသခံချင်းပြည်သူများမှအပ ပြင်ပမှခရီးသည်များ ဝင်ရောက်ခြင်းကို ချင်းအမျိုးသားတပ်ဦး CNF က တားမြစ်လိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အများပြည်သူခရီးသည်ယာဉ်များကို အသုံးပြုကာ အရပ်ဝတ်ဖြင့် ချင်းပြည်နယ်သို့ဝင်ရောက်ပြီး စစ်ရေးဆိုင်ရာ အင်အားဖြည့်တင်း လျက်ရှိတယ်လို့ CNF ကဆိုပါတယ်။ ချင်းလဲန်သို့ လာရောက်ရန် အရေးကြီးကိစ္စရှိပါက သက်ဆိုင်ရာ CDF နှင့် PDF များ၏ ထောက်ခံစာဖြင့်သာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အဖွဲ့ဝင် (သို့မဟုတ်) လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်း CNF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ အမိန့်တစ်စုံတစ်ရာ ထပ်မံမထုတ်ပြန်မချင်း ဤထုတ်ပြန်ချက်ဟာအတည်ဖြစ်ပြီး ထုတ်ပြန်ချက်ပါအချက်များကို ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု CNF က အသိပေးထားပါတယ်။ ၂၀၂၃ ခုနှစ်မှစ၍ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် […]