သီတာဖက်ကို စကစက လေကြောင်း၊ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်

ဟားခါး-ထန်တလန်အကြား သီတာဖက်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နံနက်အ‌စောပိုင်းကစပြီး လေကြောင်းနဲ့ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိပါတယ်။

“ယနေ့ နံနက်ပိုင်း ၃နာရီခန့်မှာ စကစက သီတာဖက်ကို တိုက်လေယာဉ်နဲ့ ၂ကြီမ် ပစ်ခတ်တိုက်ခိုက်တယ်။ သူတို့ လေယာဉ်နဲ့ ပစ်ပြီး မြေပြင်မှာစကစတပ်သားတွေက ထိုးစစ်ဆင်တိုက်ခိုက်ကြတယ်။ နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူး” လို့ ထန်တလန်ရှေ့တန်းမှာ တာ၀န်ကျတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်သည့်အပြင် ဟားခါးဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေပါတယ်။

ယခုနှစ် မေလ ကုန်ပိုင်းတွင်လည်း ဟားခါး-ထန်တလန်အကြား လုံခါရ်ဖက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးတွေ များခဲ့ပါတယ်။

မေလ ကုန်ပိုင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားသီတာနားနေစခန်းရှိ လူနေအိမ်များကိုလည်း လေယာဉ်‌နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။