မင်းတပ်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၃ဦး သေဆုံး

ယနေ့ ဇူလိုင် ၈ရက် နံနက်ပိုင်း ၁၁နာရီအချိန်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် (၂)၊ ဝုမ်ခုမ်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ထားပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် ၉နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၃၀ နှစ် (၂လသား) နို့တိုက်မိခင်တစ်ဦးနဲ့ အသက် ၆၅နှစ် အဖွားအိုတစ်ဦး တို့ သေဆုံးခဲ့ကြပါတယ်။

ဝုမ်ခုမ်းကျေးရွာအတွင်း စစ်ဘေးရှောင်များနေထိုင်သည့်နေရာကို အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်လေယာဉ်က ၅၀၀ ဗုံးသီး ၂လုံး၊ အတွဲလိုက် ဗုံးသီး ၄လုံး၊ ရော့ကက်၊ ပွိုင့်ဖိုက်ကြည်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၆) ကလည်း လက်နက်ကြီးဖြင့် ၄ချက် ပစ်‌ခတ်ခဲ့တယ်လို့ CDF-Mindat ကဆိုပါတယ်။

အပြစ်မဲ့ပြည်သူများကို တိုက်လေယာဉ်ဖြင့်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်သည့် လေယာဉ်မောင်းရဲ့ နာမည်ကို စုံစမ်းဖော်ထုတ်ပြီး လက်တုံ့ပြန်မှု လုပ်ဆောင်မည်ဟု CDF-Mindat ကထုတ်ပြန်ပါတယ်။