UFC ပွဲဦးထွက်မှာ မြန်မာပြည်ဖွား ဂျိုရှုဗန်က ပြိုင်ဖက်ကို အနိုင်ရရှိ

မြန်မာစံတော်ချိန် ဇွန်လ ၂၄ရက်ညက အမေရိကန်ပြည်ထောင်စု၌ ကျင်းပတဲ့ UFC: Fight Night ထိုးသတ်ပွဲမှာ မြန်မာပြည်ဖွား ဂျိုရှုဗန်က ပြိုင်ဖက် ကဇက်စတန် နိုင်ငံသား ဇူမာဂူးလော့ဗ်ကို လက်ရည်အသားစီးနဲ့ အနိုင်ရရှိသွားပါတယ်။

ဒါဟာ အသက် ၂၂နှစ်သာ ရှိသေးတဲ့ ဂျိုရှုအတွက် မိမိထက် UFC အတွေ့အကြုံဝါရင့်သော ပြိုင်ဖက်ကို ပွဲဦးထွက်မှာပင် အနိုင်ရရှိခြင်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ UFC Fight Pass ပြိုင်ပွဲမှာ ဂျိုရှုဗန်က Fury FC Flyweight ချန်ပီယံခါးပက်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် UFC ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရရှိတာလည်း ဖြစ်ပါတယ်။

ဂျိုရှုဗန်ဟာ မြန်မာပြည်ဖွား ဖိုက်တာတစ်ယောက်အနေနဲ့ ကမ္ဘာ့ထိပ်သီး UFC ပြိုင်ပွဲမှာ ပထမဆုံး ထိုးသတ်ခွင့်ရရှိသူလည်း ဖြစ်ပါတယ်။