သီမစ်တိုက်ပွဲတွင် စကစလက်နက်ခဲယမ်းတစ်ချို့ကို CNAနဲ့ CDF ရရှိ

ဟားခါးနဲ့ ထန်တလန်အကြား သီမစ်အနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ခဲယမ်းတစ်ချို့ကို ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ CDF ပူးပေါင်းတပ်ဖွဲ့၀င်များက သိမ်းဆည်းခဲ့ရကြောင်း သတင်းရရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဟားခါးမြို့နယ်၊ သီမစ်လွင်ပြင်မှ ထန်တလန်မြို့နယ်ဖက်ကို မေလကုန်ပိုင်းမှစ၍ ကုန်ကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးများဖြင့် အပြင်းအထန်ထိုးစစ်ဆင်လျှက်ရှိပါတယ်။ မေလ ၂၉ရက်နေ့မှ ဇွန်လ ၄ရက်နေ့အကြားတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်းသေဆုံးမယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်က ခန့်မှန်းထားပြီး ဒဏ်ရာရစကစတပ်သား ၁၅ဦး၀န်းကျင်လည်း ဟားခါးဆေးရုံသို့ ရောက်ရှိကြကြောင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ်၊ ကျည်ဆံ၊ ဒရုန်း၊ လက်ပစ်‌ဗုံးနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတစ်ချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ယနေ့ ဇွန်လ ၅ရက်နေ့တွင်လည်း သီမစ်အနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ ချင်းဂျာနယ်အနေနဲ့ သိရှိနိုင်ခြင်း မရှိသေးပါ။

ဟားခါး-ထန်တလန်အကြားကို စကစက အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးနဲ့ ထန်တလန်အကြားရှိ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ဖွဲ့၀င်များ ခြေကုတ်ယူထားသည့် နေရာများကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ရဟက်ယာဉ်များဖြင့်လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။ ထန်တလန်မြို့နယ်ဖက်ကို စစ်ကြောင်းထိုးရန် ဟားခါးမြို့မှ စစ်ကောင်စီတပ်အင်အား ၁၅၀ ၀န်းကျင်ဟာ ဟားခါး-ထန်တလန်အကြား သီမစ်ဖက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ရှိကြပြီး မေလ ၂၅ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်တာပါ။ သီမစ်အနီး လုံခါရ် (Lungkhar) နဲ့ သီမစ်အောက်ပိုင်း‌ဖက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ခြေလျှင်တပ်ဖြင့် အဓိကထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိရာ မနေ့ မေလ ၂၉ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖက်၌ ထိခိုက်ကျဆုံးမှု တစ်ချို့ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ကုန်းကြောင်းဖြင့် ထိုးစစ်ဆင်သည့်အပြင် ဟားခါးမြို့ကနေ လက်နက်ကြီးများဖြင့် ပစ်ကူပေးပါတယ်။ ယနေ့ […]

ဟားခါးမြို့မှာ ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ဓားထိုးခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မေလ ၂၁ရက်နေ့ နံနက်ပိုင်း ၁နာရီခန့်က အမျိုးသား ၂ဦးက မိသားစုတစ်စုကို ခြိမ်းခြောက်ဓားပြတိုက်ပြီး ဓားပြတိုက်ခံရတဲ့ မိသားစုကို ကူညီရန်လာရောက်သော အိမ်နီးချင်းအမျိုးသားတစ်ဦး ဓားထိုးခံရလို့ ဆေးရုံတင်ခဲ့ရကြောင်း သတင်းရရှိပါတယ်။ ဟားခါးမြို့၊ ခိုင်ကမ်းအားကစားခန်းမအောက်ဖက်ရှိ Ketheibo ရပ်ကွက်တွင် နေထိုင်သော ဦးဒုအွယ်တို့ မိသားစုကို နံနက်ပိုင်း ၁နာရီခန့်က လက်ပစ်ဗုံးတစ်လုံးနဲ့ ဓားတစ်လက်ပါရှိသော အမျိုးသား နှစ်ဦးက ဓားပြတိုက်ခြင်းဖြစ်ပြီး ဦးဒုအွယ်တို့ မိသားစုက အော်ဟစ်အကူအညီတောင်းလို့ ကူညီရန်လာရောက်သော အိမ်နီးချင်း ဦးကပ်ခေါမ်ကို ဓားပြတိုက်သူ နှစ်ဦးထဲမှ တစ်ဦးက လည်ပင်း၌ ဓားဖြင့်ထိုးခဲ့ပါတယ်။ ဓားပြ နှစ်ဦးက ဦးဒုအွယ်တို့မိသားစုရဲ့ ငွေသား၊ ဖုန်းနဲ့ အဖိုးတန်ရွှေများ လုယူသွားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “နံနက်ပိုင်း ၁နာရီလောက်မှာ ဖြစ်သွားတာပါ။ ကျပ် […]

မီဇိုရမ်၊ စိုင်ဟားမြို့မှာ NUG အသိမှတ်ပြု ဒုက္ခသည်စာသင်ကျောင်း ဖွင့်လှစ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ စိုင်ဟားမြို့မှာ နေထိုင်ကြသော မြန်မာစစ်ဘေးဒုက္ခသည် ကလေးတွေအတွက် Myanmar Refugee Committee, Saiha (MRCS) က ယနေ့ မေလ ၁၉ရက်နေ့ ညနေပိုင်းတွင် NUG အသိအမှတ်ပြုသော ဒုက္ခသည်စာသင်ကျောင်း ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ကျောင်းဖွင့်ပွဲကို စိုင်ဟားမြို့ YMA ခန်းမ၌ ယနေ့ညနေ ၃နာရီတွင် ကျင်းပခဲ့ပြီး မြန်မာဒုက္ခသည်ကျောင်းသား ကျောင်းသူများ၊ မိဘများနဲ့ တာ၀န်ရှိပဂ္ဂိုလ်များ ဦးရေ ၂၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားတွင် ချင်းပြည်နယ်လွတ်တော်အမတ်ဟောင်း ဒေါ်နီရွှေလျန်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ စိုင်းဟားမြို့ မြန်မာဒုက္ခသည်ကျောင်း၌ ပညာသင်ကြားဖို့ ကျောင်းသားကျောင်းသူ ဦးရေ ၁၉၂ ယောက် က နာမည်ပေးထားပြီး မေလ ၂၂ရက်နေ့တွင် မြန်မာသင်ရိုးအတိုင်း သင်ကြားရေးစတင်မယ်လို့ စိုင်းဟားမြို့ မြန်မာဒုက္ခသည်ကျောင်း၌ ကျောင်းအုပ်ဆရာကြီး […]

အထိနာသော စကစ တပ်မ (၇၇)ကို သွားကြိုရန် ဟားခါးမှ စစ်ကူစေလွှတ်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း တိုက်ပွဲတွင် အထိနာသော အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ (၇၇)ကို သွားကြိုရန် ဟားခါးမြို့မှ စစ်တပ်အင်အား ၁၅၀ ၀န်းကျင်ဟာ မေလ ၁၁ရက်နေ့က ဟားခါး-ဂန့်ဂေါ်လမ်းဖက်သို့ ထွက်ခွာခဲ့ကြောင်း သိရပါတယ်။ ဟားခါးမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့နဲ့ ၅မိုင်ခန့်အကွာတွင် တည်ရှိသည့် နီပီးကျေးရွာ လူနေအိမ်ထဲက ပစ္စည်များကို ဖောက်ထွင်းခိုးယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဟားခါးနဲ့ ဇိုခွာရွာအကြားတွင် အဆိုပါ စစ်ကူစစ်ကြောင်းနဲ့ CNA၊ CDF ပူးပေါင်းတပ်ဖွဲ့တို့ မနေ့က ၄နာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာတွင် ညအိပ်သော တပ်မ (၇၇)ဟာ မေလ ၉ရက်နေ့တွင် ဟားခါးမြို့ဖက်သို့ ထွက်ခွာကြပြီး မနေ့က ရွာဗန်ရွာမရောက်ခင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း […]

မာလ်ဆောမ်ရွာ လူနေအိမ်ပစ္စည်းများကို စကစ တပ်မ (၇၇) က ခိုးယူဖျက်ဆီး

ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာအတွင်းရှိ လူနေအိမ်များကို အကြမ်းဖက်စစ်တပ်၏ တပ်မ (၇၇) တပ်သားတွေက ဖောက်ထွင်းပြီး အိမ်ထဲရှိ အဖိုးတန်ပစ္စည်းများကို ခိုးယူခဲ့ကြောင်း သိရပါတယ်။ ဂန့်ဂေါ်ဖက်မှ တက်လာသော တပ်မ (၇၇)ဟာ မေလ ၅ရက်နေ့တွင် မာလ်ဆောမ်ကျေးရွာကို ရောက်ရှိကြပြီး ၅ရက်ကြာ ရွာထဲ၌ တပ်ဆွဲခဲ့ပါတယ်။ မာလ်ဆောမ်နှစ်ခြင်းဘုရားကျောင်းနဲ့ ယုံကြည်သူအသင်းတော် ဘုရားကျောင်းများတွင် အကြမ်းဖက်စစ်သားများ ညအိပ်ကာ ဘုရားကျောင်းထဲမှာပင် ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။ မာလ်ဆောမ်ကျေးရွာသည် ဟားခါးမြို့နဲ့ ၃၅မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၅၀ခန့်၊ လူဦးရေ ၂၅၀ ၀န်းကျင်နေထိုင်ကြပါတယ်။ ဧပြီ ၃၀ရက်နေ့မှာ ရွာသားအားလုံး ဘေးလွက်ရာကို ထွက်ပြေးခဲ့ကြပါတယ်။ အကြမ်းဖက်စစ်သား‌တွေ မာလ်ဆောမ်ရွာကိုမ၀င်ရောက်ခင်မှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ရွာထဲကို ၂ကြီမ် ဗုံးကြဲခဲ့ပါတယ်။ အဆိုပါ ဗုံးကြဲမှုတွင် ရွာထဲရှိ နှစ်ခြင်းဘုရားကျောင်းအဆောက်အအုံနဲ့ […]

မီဇိုရမ် ဒုက္ခသည်စခန်းတစ်ခုတွင် အတန်းတင်စာမေးပွဲ ကျင်းပ

By Van Bawi Lian | မီဇိုရမ်ပြည်နယ်၊ စီတလန်ပွီး ဒုက္ခသည်စခန်းမှာ ကျင်းပပြုလုပ်သော ချင်းစစ်ဘေးဒုက္ခသည် ကျောင်းသား၊ ကျောင်းသူများရဲ့ အတန်းတင်စာမေးပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် အောင်မြင်စွာပြီးစီးကြောင်း စီတလန်ပွီးဒုက္ခသည်စခန်းက ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ စီတလန်ပွီး ဒုက္ခသည်ကျောင်းတွင် ပညာသင်ကြားသူ ကျောင်းသား၊ ကျောင်းသူ ‌အယောက် ၃၀ ရှိကြပြီး ဆရာ၊ ဆရာမ ၃ဦးက ပညာသင်ကြားပေးကြပါတယ်။ “ကျနော်တို့ Sihtlangpui ဒုက္ခသည်ကျောင်းဟာဆိုရင် စင်တင်ဘာလကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆရာ/မ ၃ယောက်ဖြင့် ပညာသင်ကြားခဲတာဖြစ်ပါတယ်။ အခု ဖေဖော်ဝါရီလဆိုရင် တစ်နှစ်တာ သင်ကြားရေးကာလပြီးမြောက်ခဲ့ပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် စာမေးပွဲဖြေဆိုပြီး ကျောင်းပိတ်ခဲ့ပြီဖြစ်ပါတယ်” လို့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ စီတလန်ပွီးဒုက္ခသည်စခန်းတွင် ပလက်၀မြို့နယ်ဖက်က ချင်းစစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်ကြပါတယ်။ […]

CNA စခန်းငယ်တစ်ခုနဲ့ ထန်တလန်မြို့ကို စကစက လေယာဉ်နဲ့ ဗုံးကြဲ

ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီက ထန်တလန်မြို့နယ်ထဲက CNA စခန်းငယ်တစ်ခုကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထန်တလန်မြို့ထဲက CNA နဲ့ CDF တပ်ဖွဲ့၀င်များ ရှိနိုင်မယ့်နေရာများကိုလည်း မွန်းလွဲပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ယနေ့နံနက်ပိုင်း ၁၂ နာရီခွဲခန့်တွင် ထန်တလန်မြို့နယ်ထဲက CNA စခန်းငယ်တစ်ခုဖြစ်သည့် Buarpi Camp ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့ပါတယ်။ ယုခုလအတွင်းမှာ Buarpi Camp ကို စစ်ကောင်စီက ဒုတိယအကြီမ် ဗုံးကြဲတိုက်ခြင်းဖြစ်သည်။ Baurpi Camp အပေါ် ပထမအကြီမ် ဗုံးကြဲတိုက်မှုကို ဖေဖော်ဝါရီ ၉ရက်နေ့မှာ စစ်ကောင်စီက ပြုလုပ်ခဲ့ပြီး လူထိခိုက်မှုမရှိပေမယ့် စခန်းအတွင်း အဆောက်အအုံတစ်ချို့ ပျက်ဆီးခဲ့ပါတယ်။ ယနေ့မွန်းလွဲပိုင်း ၁း၄၀ […]

ချင်းတို့ဌာနေမှာ ၇၅နှစ်မြောက် ချင်းအမျိုးသားနေ့ မကျင်းပနိုင်

ချင်းတစ်မျိုးသားလုံးရဲ့ နေ့ထူးနေ့မြတ်ဖြစ်သည့် ချင်းအမျိုးသားနေ့ကို စစ်ကောင်စီက အာဏာမသိမ်းခင် အရင်နှစ်များတွင် ချင်းပြည်နယ် မြို့ကြီးများတွင် ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြသော်လည်း ယခုအခါမှာ ချင်းအမျိုးသားနေ့ကို ကျင်းပနိုင်ခြင်းမရှိတော့ဘဲ လုံးလုံးလျားလျားပြောက်ကွယ်သွားပြီ ဖြစ်ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်နဲ့ ၂၀၂၂ခုနှစ် ချင်းအမျိုးသား‌နေ့ကို ချင်းပြည်နယ်မြို့များတွင် ဘုရားကျောင်း၌ ဆုတောင်းခြင်းအစီစဉ်ဖြင့် အကျဉ်းချုံးနဲ့သာပြုလုပ်ခဲ့ကြပါတယ်။ ယခုနှစ်တွင်မှု မာရှယ်လေကြေညာထားသည့် ချင်းပြည်နယ်တွင် ၇၅နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဆုတောင်းခြင်းအစီစဉ်နဲ့လည်း အကျဉ်းချုံးကျင်းပနိုင်ခြင်း မရှိတော့ပေ။ “ဟားခါးမြို့မှာတော့ ဘာမှမလုပ်ကြတော့ဘူး။ ဘုရားကျောင်းမှာလည်း အရင်လို ဆုတောင်းခြင်းအစီစဉ်တွေမရှိတော့ဘူး။ သူတို့ စစ်ကောင်စီနဲ့ Non-CDM တွေတော့ လုပ်ဖို့အစီစဉ်ရှိတယ်လို့ကြားတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ၇၅ နှစ်မြောက်ခြင်း အမျိုးသားနေ့ကို ပြည်ပရောက်ချင်းလူမျိုးက ၎င်းတိုနေရပ်အသီးသီးတွင် စည်ကားစွာကျင်းပခဲ့ကြသလို မီဇိုရမ်ရောက် ချင်းစစ်ဘေးဒုက္ခသည်တွေကလည်း ဒုက္ခသည်စခန်းများတွင် ဟောပြောခြင်းနဲ့ ရိုးရာအကများဖြင့် […]

ဟားခါးမြို့ တနင်္ဂ‌နွေနေ့ ၀က်ပြုအစည်းအဝေးကို ခွင့်ပြုချက်ယူစရာမလိုဘဲ ပြန်လည်ခွင့်ပြု

By Van Bawi Lian | ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တနင်္ဂနွေနေ့ ၀က်ပြုအစည်းအဝေးနဲ့ စနေနေ့ Church Choir သီချင်းတိုက်ခြင်းကို အပတ်တိုင်း ခွင့်ပြုချက်ယူစရာလိုဘဲ ပြန်လည်ခွင့်ပြုလိုက်ကြောင်း ဟားခါးမြို့နေ အမှု‌တော်ဆောင်တစ်ပါးက ချင်းဂျာနယ်ကို ပြောပါတယ်။ ဟားခါးခရစ်ယာန်ဂိုဏ်း‌ပေါင်းစုံအမှုတော်ဆောင်များအဖွဲ့ (HCMF) က စစ်ကောင်စီကိုတွေ့ဆုံပြီးနောက် ကန့်သက်ချက်တစ်ချို့ ဖြေလျော့ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။ တနင်္ဂနွေနေ့ ၀က်ပြုအစည်းအဝေးကို နံနက်ပိုင်း ၇နာရီမှ ညနေ ၄နာရီအထိ ခွင့်ပြုထားပြီး စနေနေ့ သီချင်းတိုက်ခြင်းကို မနက်ပိုင်း ၁၁နာရီမှ ညနေပိုင်း ၄နာရီအထိ ခွင့်ပြုထားပါတယ်။ ဘာသာရေးနဲ့ သက်ဆိုင်သည့် အစည်းအဝေးများ၊ သင်တန်းများနဲ့ မင်္ဂလာဆောင်ပွဲများအတွက် သတ်မှတ်ပုံစံအတိုင်း စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးရုံးမှ ၅ရက်ကြိုတင် ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း သိရပါတယ်။ နာရေးကိစ္စရပ်များအတွက်လည်း အလျှင်အမြန် ဆောင်ရွက်နိုင်ဖို့ […]