လေကြောင်း တိုက်ခိုက်မှုကြောင့် CNF/A ပြင်ပလူနာဆောင်ထိခိုက်ပျက်ဆီး
ယနေ့ ညနေပိုင်း ၄း၅၀ အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ CNF Headquarters, Camp Victoria ကို ဒုတိယအကြိမ် တိုက်လေယဉ်များဖြင့် ထပ်မှံ ဗုံးကြဲခဲ့ရာ ပြင်ပလူနာဆောင်ထိခိုက်ပျက်ဆီးသွားကြောင်း သိရပါတယ်။ အဆိုပါပြင်ပလူနာဆောင်သည် နီးစပ်ရာကျေးရွာများမှ အများပြည်သူ လူနာများအား လက်ခံကုသပေးသည့် နေရာဖြစ်ကြောင်း Chinland Information Center က ထုတ်ပြန်သည်။ ယနေ့ညနေပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် Camp Victoria ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင်းလည်း ဖော်ပြထားသည်။ လူထိခိုက်သေဆုံးမှု ရှိမရှိ မသိရှိရသေးပေ။
ချင်းအိမ်အကူသေဆုံးမှုတွင် အသက် ၆၄နှစ် အမျိုးသမီးကို ထောင်ဒဏ် ၁၄နှစ်ချမှတ်
ချင်းအိမ်အကူ မ Piang Ngaih Don သေဆုံးမှုတွင် အဓိကပါ၀င်ပတ်သက်သူတစ်ဦးဖြစ်သည့် အသက် ၆၄နှစ်အရွယ် Prema S. Naraynasamy ဆိုသူ အမျိုးသမီးကို ယနေ့ ဇန်န၀ါရီ ၉ရက်တွင် စင်ကပူတရားရုံးက ထောင်ဒဏ် ၁၄နှစ် ချမှတ်လိုက်ကြောင်း The Strait Times သတင်းက ဖော်ပြထားပါတယ်။ မ Piang Ngaih Don သည် ၂၀၁၅ခုနှစ် အစောပိုင်းက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ စင်ကပူနိုင်ငံသို့သွားရောက်ပြီး Prema S. Naraynasamy တို့မိသားစုနေအိမ်၌ အိမ်အကူအလုပ်၀င်လုပ်ခဲ့သည်။ အောက်တိုဘာ ၂၀၁၅ ခုနှစ်ကစပြီး အိမ်ရှင်မိသားစု၀င်များဖြစ်ကြသည့် Prema S. Naraynasamy နှင့် ၎င်းရဲ့သမီး Gaiyathiri Murugayan (၄၁)နှစ် တို့က မ […]
ဘင်္ဂလားဒေ့ရှ်မှ ချင်းဒုက္ခသည်များအား နေရပ်ပြန်မပို့ရန် မီဇိုရမ်တွင် ဆန္ဒပြ
ဇန်နဝါရီ ၉၊ ချင်းဂျာနယ် ဘင်္ဂဘားဒေ့ရှ်အစိုးရတပ်နှင့် ကူကီးချင်းအမျိုးသားတပ်မတော် (KCNA) အကြား တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသော ဘောမ်ချင်းနှင့် ကူကီးချင်း စစ်ဘေးဒုက္ခသည်များအား နေရပ်ပြန်မပို့ရန် Central Young Mizo Association (CYMA) ဦးဆောင်မှုဖြင့် ယနေ့တွင် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့၌ ဆန္ဒထုတ်ဖော်ကြပါတယ်။ ဘင်္ဂဘားဒေ့ရှ်အစိုးရတပ်ရဲ့ စစ်ရေးစစ်ဆင်မှုကြောင့် ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ချင်းဒုက္ခသည်ရာချီ မီဇိုပြည်နယ်သို့ထွက်ပြေးလာကြပြီး ယခုနှစ် ဇန်နဝါရီလအထိ ဒုက္ခသည်တွေ ဆက်လက်၀င်ရောက်လာကြတယ်လို့ မီဇိုရမ်သတင်းများက ဖော်ပြထားပါတယ်။ မီဇိုရမ်သို့ ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ် ချင်းဒုက္ခသည်များကို နယ်စပ်၌ အန္ဒိယတပ်ဖွဲ့က အစာရေစာတွေပေးပြီး ကူညီပေးတာတွေရှိသလို မီဇိုအမျိုးသားတပ်ဦး (MNF) နှင့် CYMA က နေရာထိုင်ခင်းနှင့် စာနပ်ရိက္ခအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးကြပါတယ်။ မီဇိုလူမျိုးတွေဖြစ်ကြသည့် ဘင်္ဂလာဒေ့ရှ်ဖက်က စစ်ဘေးဒုက္ခသည်တွေကို မီဇိုရမ်အစိုးက […]
ဟားခါးမြို့နယ်အတွင်း စကစရွေးကောက်ပွဲကျင်းပခွင့်ပေးမှာ မဟုတ်ကြောင်း CDF-Hakha ထုတ်ပြန်
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ကျင်းပရန်ပြင်ဆင်ထားသော ရွေးကောက်ပွဲအား CDF-Hakha ကောင်စီက ပြင်းထန်စွာကန့်ကွက်ပြီး ရွေးကောက်ပွဲကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ၈ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ဟားခါးမြို့တွင်း၌ လှည့်ပက်ကာ အိမ်ထောင်စာရင်းများ ကောက်ယူမည်ဟု လိုက်လံကြေငြာခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်မြှောက်ရေးအတွက် ပါ၀င်သူများကို CDF-Hakha ကောင်စီက သတိပေးထားပါတယ်။ “၎င်းရွေးကောက်ပွဲ ဖြစ်မြှောက်ရေး အတွက် ပါဝင်ဆောင်ရွက်သောရုံးနှင့်လူပုဂ္ဂိုလ်၊ ပါဝင်ယှဉ်ပြိုင်သော ပါတီနှင့်လူပုဂ္ဂိုလ်၊ မဲပေးသူ မည်သူမဆို၊ အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်နေသော အကြမ်းဖက်စစ်ခွေးများနှင့်အတူ ပြည်သူလူထု၏ ရန်သူများအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လူပုဂ္ဂိုလ်တစ်ဦးဦးအား ထိခိုက်မှုတစ်စုံတစ်ရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် ၎င်းရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်သူ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်” ဟု CDF-Hakha ကောင်စီ ထုတ်ပြန်ထားပါတယ်။ ယနေ့ […]
မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ကြောင်း အသိပေးထုတ်ပြန်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်တာကြောင့် မိဘပြည်သူများအနေဖြင့် ၎င်းပတ်ဝန်းကျင်များတွင် သွားလာခြင်း၊ တောင်ယာလုပ်ငန်းနှင်ြစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းများ ခေတ္တ ရပ်ဆိုင်းထားရန် CDF-Mindat က အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်အင်အား (၁၀၀)ခန့်သည် မင်းတပ်မြို့နယ်၊ အနောက်ဘက် လီလောင်းကျေးရွာမှတဆင့် တောင်ကျောများအတိုင်း စစ်ကြောင်းနှစ်ပိုင်းခွဲ၍ ဆက်လက်ထွက်ခွာသွားကြပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်သည်။ နောက်ထပ် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည်လည်း မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် (၁) ရှိ ဝီလူးရွာသစ်နှင့် ပိန်ရိန်းရွာကြားတွင် စစ်ရေးလှုပ်ရှားမှု့များ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။ လက်ရှိမှာ မင်းတပ်မြို့နယ်အတွင်း ဖုန်းလိုင်းများဖြတ်တောက်ခံထားရပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းကင်းထောက်မှုများ စဉ်ဆက်မပြက်ပြုလုပ်လျက်ရှိပြီး ကျေးရွာများဖက်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။ ယနေ့တွင် CDF-Mindat နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ နှစ်ဖက် […]
မလေးရှားနိုင်ငံ ချင်းလူမှုရေးအဖွဲ့အစည်းရုံးခန်း စီးနင်းခံရ
ဇန်န၀ါရီ ၆ရက်ညတွင် မလေးရှားလူ၀င်မှုကြီးကြပ်ရေးတာ၀န်ရှိသူများက ကွာလာလမ်ပူမြို့၊ ဂျလန်အင်ဘီအရပ်၌ အထောက်ထားမဲ့ နိုင်ငံခြားသားများကိုဖမ်းဆီးတဲ့စစ်ဆင်ရေးပြုလုပ်ခဲ့စဉ် ချင်းလူမှုရေးအဖွဲ့အစည်းရုံးခန်းတစ်ခုလည်း စီးနင်းခံခဲ့ရကြောင်း သိရပါတယ်။ စီးနင်းခံရသော အဆိုပါရုံးခန်းသည် မလေးရှားနိုင်ငံရောက် မတူ(ချင်း)မျိုးနွယ်စုများအတွက် သာရေးနာရေးလုပ်ငန်းနှင့် လူမှုရေးအသင်း၀င်ကဒ်များ (Matu Community Member Card) ထုတ်ေ၀ပေးသော မတူလူမှုအဖွဲ့အစည်းရဲ့ ရုံးခန်းဖြစ်ကြောင်း မလေးရှာချင်းလူမှုရေးအဖွဲ့တစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ “အဲဒီညမှာ မတူလူမှုအဖွဲ့အစည်းရုံးခန်းလည်း စီးနင်းခံရတယ်။ ကျနော်တို့ မလေးရှားမှာ ချင်းမျိုးနွယ်စုအလိုက်ဖွဲ့စည်းထားတဲ့ လူမှုရေးအသင်းအဖွဲ့တွေရှိကြတယ်လေ။ အသင်းအဖွဲ့တိုင်းမှာ လူမှုရေးအသင်း၀င်ကဒ်တွေရှိကြတယ်။ အသင်း၀င်ကဒ်တွေ အသုံးပြုခြင်းအားဖြင့် သာရေးနာရေးလုပ်ငန်းနှင့် ဒုက္ခသည်ကိစ္စတွေဆောင်ရွက်ရာမှာ ပိုပြီးလွယ်ကူတယ်” လို့ မလေးရှာချင်းလူမှုရေးအဖွဲ့တစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ အဆိုပါ လူမှုရေးအသင်း၀င်ကဒ်များသည် UNHCR အသိမှတ်ပြုသော Card မဟုတ်ပဲ မိမိမျိုးနွယ်စုများအကြား သာရေးနာရေးအတွက် အဓိကထုတ်ေ၀ပေးသော လူမှုရေးကဒ်များသာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ […]
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန် လူနေအိမ် ၃လုံး မီးလောင်
ယနေ့ ဇန်နဝါရီ ၅ရက်၊ ညနေ့ပိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့တွင်း လူနေအိမ် ၃လုံး မီးလောင်သွားခဲ့ပါတယ်။ ညနေပိုင်း ၃နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စင်းဖြင့် ထန်တလန်မြို့၊ ကျောင်းရပ်ကွက် (Sianginn Sang) လူနေအိမ်များအပေါ်သို့ ၂ကြိမ် ဗုံးကြဲတိုက်မှုပြုလုပ်ခဲ့ပြီး ထန်တလန်မြို့အနီးက Vuichip တောင်ကိုလည်း တစ်ကြီမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယနေ့စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း CNA နှင့် CDF ပူးပေါင်းတပ်ဖက်က ထိခိုက်ကျဆုံးမှုမရှိဘူးလို့သိရပါတယ်။ နှစ်သစ်ကူး ပထမပတ်အတွင်း စစ်ကောင်စီတပ်က ထန်တလန်မြို့ရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င်များကို လေကြောင်းနဲ့ နှစ်ကြီမ် ဗုံးကြဲတိုက်ခဲ့ပြီဖြစ်သည်။ ဇန်နဝါရီ ၁ရက်နေ့ ညပိုင်း ၁၀နာရီခန့်ကလည်း စစ်ကောင်စီတပ်က ထန်တလန်အနီးရှိ Vuichip တောင်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ထန်တလန်မြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်
ယနေ့ ဇန်နဝါရီ ၅ရက်၊ ညနေပိုင်း ၃နာရီခန့်တွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စင်းက ထန်တလန်မြို့ကို ၃ကြီမ် ဗုံးကြဲတိုက်ခိုက်သွားကြောင်း သတင်းရရှိသည်။ “ထန်တလန်မြို့ထဲကို ၂ကြီမ် ဗုံးကြဲပြီးတော့ ထန်တလန်မြို့အနီးက Vuichip တောင်ကို နောက်တစ်တစ်ကြီမ် ကြဲသွားတယ်” လို့ အနီးနားရွာဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတိုက်လေယာဉ် တိုက်ခိုက်မှုအတွင်း CDF နှင့် CNA ပူးပေါင်းတပ်ဖွဲ့ဖက်က ထိခိုက်ကျဆုံးမှု ရှိမရှိ မသိရှိရသေးပေ။ ထန်တလန်မြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့ကစပြီး ယခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ဇန်နဝါရီ ၁ရက်နေ့က ထန်တလန်မြို့တွင်း စစ်ကောင်စီတပ် အခြေဆိုက်သည့် နေရာတစ်ခုကို CDF နှင့် CNA ပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ည ၁၀နာရီခွဲခန့်တွင် ထန်တလန်မြို့အနီးရှိ Vuichip တောင်ကို စစ်ကောင်စီတပ်က […]
ထန်တလန်မြို့၌ ၃ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား၊ စကစဖက်ထိခိုက်သေဆုံးမှုရှိဟုဆို
၂၀၂၂ ဒီဇင်ဘာ ၃၀ရက်န့မှ ယနေ့ ဇန်နဝါရီ ၁ရက်နေ့အထိ ထန်တလန်မြို့၌ စစ်ကောင်စီတပ်ဖွဲ့နှင့် CNA/CDF-Thantlang ပူးပေါင်းတပ်ဖွဲ့တပ်ဖွဲ့အကြား တိုက်ပွဲ့ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ နံနက်ပိုင်း တိုက်ပွဲတွင် CNA နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သားများ တပ်ဆွဲထားသည့် မြို့တွင်းတစ်နေရာကို ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်၌ ၄ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြတယ်လို့ ချင်းဂျာနယ်သတင်းအရင်းအမြစ်တစ်ဦးကဆိုသည်။ ၃ ရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း CNA နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့၌ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကိစ္စနှင့် ပတ်သက်ပြီး ချင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
၂၀၂၂ခုနှစ်အတွင်း ဟားခါးမြို့နယ်မှာ အပြစ်မဲ့ပြည်သူ ၉ဦး သေဆုံးခဲ့
၂၀၂၂ခုနှစ်အတွင်း ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးနဲ့ သေနက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၉ ဦး သေဆုံးခဲ့ကြပါတယ်။ မတ်လ ၄ရက်နေ့မှာ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာသား ဦးရွန်ဟူး (၄၉)နှစ်အား စစ်ကောင်စီတပ်သားများက ရွာအတွင်း ၎င်းရဲ့နေအိမ်အနီး၌ ပစ်သတ်ခဲ့ကြပြီး လူနေအိမ် ၁၀၀ ကျော်ကို ဖောက်ထွင်းကာ ပစ္စည်းအများအပြားခိုးယူသွားခဲ့ကြပါတယ်။ ဇူလိုင်လ ၂၅ရက်နေ့တွင် ဟားခါးမြို့နယ်၊ နှီယာလောန်ကျေးရွာတွင် မူကြိုကျောင်းကလေးတွေ ကယ်ထုတ်ဖို့သွားရောက်တဲ့ ဆလိုင်းမန်လျန်ဆန် (၂၂)နှစ်အား စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ကြပါတယ်။ ဩဂုတ် ၁၀ရက်နေ့တွင် ဟားခါးစစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီး နှီယာလောန်ကျေးရွာ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေါ်ချာနှဲမ် (၅၅)နှစ် သေဆုံးသွားခဲ့သည်။ ဩဂုတ် ၁၂ ရက်နေ့တွင် ဟားခါးမှ ဂန့်ဂေါ်ဖက်သို့ထွက်ခွာသော ပါဂျေရိုအိမ်စီးကားတစ်စီး ဟားခါးမြို့နှင့် ၄မိုင်ခန့်အကွာတွင် ပစ်ခက်ခံရလို့ ကလေးတစ်ယောက်မိခင် ဒေါ် […]